News

ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေတဲ့ တလုပ်မြို့ရဲ့လက်ရှိအခြေအနေကို ပြန်လည်ဝေမျှပေးလာတဲ့ ဘုန်းဆက်သွင်

ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေတဲ့ တလုပ်မြို့ရဲ့လက်ရှိအခြေအနေကို ပြန်လည်ဝေမျှပေးလာတဲ့ ဘုန်းဆက်သွင်

လူထုလှုပ်ရှားမှုတွေ စတင်လာခဲ့သည်မှာ ရက်ပေါင်း (၁၀၀) ကျော်ခဲ့ပြီဖြစ်သော်လည်း

ပြည်သူတွေက သွေးအေးမသွားဘဲ တက်ကြွစွာ ပါဝင်ပူးပေါင်းနေကြဆဲ ဖြစ်ပါတယ်။ နေရာဒေသအလိုက်

မတူညီတဲ့ တော်လှန်နည်းမျိုးစုံနဲ့ပါဝင်အားဖြည့်နေကြတာကို မြင်တွေ့ရသည်မှာ လေးစားစရာ

ကောင်းလွန်းလှပါတယ်။ မြင်းခြံမြို့ရဲ့ မြောက်ဘက်နားမှာရှိတဲ့ တလုပ်မြို့ကျေးရွာတွင်

မနေ့ကတည်းကနေ ဒီနေ့မနက်အထိ တိုက်ပွဲအခြေအနေ ပြင်းထန်နေကြောင်းသိရှိရပါတယ်။

ရွာတွေထဲအထိ လိုက်လံပစ်ခတ်နေတာကြောင့် တလုပ်ရွာသူ၊ရွာသားများ ဘေးကင်းရာသို့

ပုန်းရှောင်နေကြရတာဖြစ်ပါတယ်။ သက်ကြီးရွယ်အိုများလည်း မပြေးနိုင်မလွှားနိုင်တာကြောင့်

ငယ်ရွယ်သူများက ထမ်းပိုးပြီး ပြေးနေကြရတာ ဖြစ်ပါတယ်။

တလုပ်ကျေးရွာတွင် နေထိုင်ကြသူများအားလုံး ဘေးအန္တရာယ် ကင်းရှင်းပါစေလို့လည်းပြည်သူများက

သူတို့ရဲ့ လူမှုကွန်ယက်မှတစ်ဆင့် ဆုတောင်းမေတ္တာပို့သပေးနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင်

မိနစ်ပိုင်းလောက်ကလည်း သရုပ်ဆောင် ဘုန်းဆက်သွင်မှ ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေတဲ့

တလုပ်မြို့ရဲ့လက်ရှိအခြေအနေကို ပြန်လည်ဝေမျှပေးလာတာ ဖြစ်ပါတယ်။

” တလုပ်မြို့ လက်ရှိ အခြေအနေ

Media တွေမှာဖော်ပြနေတဲတလုပ်မြို့

သတင်းအကောက်လွဲမှု နှင့်တလုပ်အခြေအနေ

သတင်းတွေထဲမှာ တူမီးများဖြင့်ပြန်လည်ခုခံနေသည်ဆိုသော်လည်းမြေပြင်တွင်ရရာလက်နက်များဖြင့်သာ

ပြန်ခုခံနေကြခြင်းဖြစ်ပါတယ်။ (တူမီးအနည်းငယ်မျှသာရှိ)နယ်ခံဘက်မှာ ယခုထိ ၆နာရီတိုက်ပွဲ

ခြေထောက်ထိအပါအဝင်၄ယောက်ထိခိုက်ထားပါတယ်။ မစိုးရိမ်ရပါ။ စကစဘက်မှအထိအခိုက်

အသေအပျောက်များပြားနိုင်ပြီး ယခုထိ မန္တလေးဘက်မှ အင်အားထပ်မံ ဖြည့်နေဆဲပါ

အဘက်ဘက်ကပိတ်ပြီးတစ်မြို့လုံးကိုဖိနေတုန်းပါ။ သေနတ်ကိုရင်ဘတ်နဲ့ပြန်ခုခံနေတဲ့တလုပ်

ကိုဒီတိုင်းပြစ်မထားပါနဲ့ အနီးအနားက မြို့ရွာတွေတလုပ်ကိုကူညီပေးကြပါ

တလုပ်မြို့အတွက် ထကြွပေးပါ ” ဆိုပြီး ရေးသားတောင်းဆိုထားတာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာလည်း ရွာထိပ်တွင် အဆိုတော် မွန်းအောင်ရဲ့ ” အရေးကြီးပြီ ”

သီချင်းကို ဖွင့်ပြီး မတရားမှုကို တော်လှန်နေကြတာ ဖြစ်ပါတယ်။ အေးချမ်းလှတဲ့

တလုပ်မြို့လေး အမြန်ဆုံး အောင်ပွဲဆင်နွှဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Phone Sett Thwin’s Facebook Account and Original Uploader

zawgyi

ဒီေန႔မနက္ပိုင္းအထိ တိုက္ပြဲျဖစ္ပြားေနတဲ့ တလုပ္ၿမိဳ႕ရဲ႕လက္ရွိအေျခအေနကို ျပန္လည္ေဝမွ်ေပးလာတဲ့ ဘုန္းဆက္သြင္

လူထုလႈပ္ရွားမႈေတြ စတင္လာခဲ့သည္မွာ ရက္ေပါင္း (၁၀၀) ေက်ာ္ခဲ့ၿပီျဖစ္ေသာ္လည္း

ျပည္သူေတြက ေသြးေအးမသြားဘဲ တက္ႂကြစြာ ပါဝင္ပူးေပါင္းေနၾကဆဲ ျဖစ္ပါတယ္။ ေနရာေဒသအလိုက္

မတူညီတဲ့ ေတာ္လွန္နည္းမ်ိဳးစုံနဲ႔ပါဝင္အားျဖည့္ေနၾကတာကို ျမင္ေတြ႕ရသည္မွာ ေလးစားစရာ

ေကာင္းလြန္းလွပါတယ္။ ျမင္းၿခံၿမိဳ႕ရဲ႕ ေျမာက္ဘက္နားမွာရွိတဲ့ တလုပ္ၿမိဳ႕ေက်း႐ြာတြင္

မေန႔ကတည္းကေန ဒီေန႔မနက္အထိ တိုက္ပြဲအေျခအေန ျပင္းထန္ေနေၾကာင္းသိရွိရပါတယ္။

႐ြာေတြထဲအထိ လိုက္လံပစ္ခတ္ေနတာေၾကာင့္ တလုပ္႐ြာသူ၊႐ြာသားမ်ား ေဘးကင္းရာသို႔

ပုန္းေရွာင္ေနၾကရတာျဖစ္ပါတယ္။ သက္ႀကီး႐ြယ္အိုမ်ားလည္း မေျပးႏိုင္မလႊားႏိုင္တာေၾကာင့္

ငယ္႐ြယ္သူမ်ားက ထမ္းပိုးၿပီး ေျပးေနၾကရတာ ျဖစ္ပါတယ္။

တလုပ္ေက်း႐ြာတြင္ ေနထိုင္ၾကသူမ်ားအားလုံး ေဘးအႏၲရာယ္ ကင္းရွင္းပါေစလို႔လည္းျပည္သူမ်ားက

သူတို႔ရဲ႕ လူမႈကြန္ယက္မွတစ္ဆင့္ ဆုေတာင္းေမတၱာပို႔သေပးေနၾကတာ ျဖစ္ပါတယ္။ မၾကာေသးခင္

မိနစ္ပိုင္းေလာက္ကလည္း သ႐ုပ္ေဆာင္ ဘုန္းဆက္သြင္မွ ဒီေန႔မနက္ပိုင္းအထိ တိုက္ပြဲျဖစ္ပြားေနတဲ့

တလုပ္ၿမိဳ႕ရဲ႕လက္ရွိအေျခအေနကို ျပန္လည္ေဝမွ်ေပးလာတာ ျဖစ္ပါတယ္။

” တလုပ္ၿမိဳ႕ လက္ရွိ အေျခအေန

Media ေတြမွာေဖာ္ျပေနတဲတလုပ္ၿမိဳ႕

သတင္းအေကာက္လြဲမႈ ႏွင့္တလုပ္အေျခအေန

သတင္းေတြထဲမွာ တူမီးမ်ားျဖင့္ျပန္လည္ခုခံေနသည္ဆိုေသာ္လည္းေျမျပင္တြင္ရရာလက္နက္မ်ားျဖင့္သာ

ျပန္ခုခံေနၾကျခင္းျဖစ္ပါတယ္။ (တူမီးအနည္းငယ္မွ်သာရွိ)နယ္ခံဘက္မွာ ယခုထိ ၆နာရီတိုက္ပြဲ

ေျခေထာက္ထိအပါအဝင္၄ေယာက္ထိခိုက္ထားပါတယ္။ မစိုးရိမ္ရပါ။ စကစဘက္မွအထိအခိုက္

အေသအေပ်ာက္မ်ားျပားႏိုင္ၿပီး ယခုထိ မႏၲေလးဘက္မွ အင္အားထပ္မံ ျဖည့္ေနဆဲပါ

အဘက္ဘက္ကပိတ္ၿပီးတစ္ၿမိဳ႕လုံးကိုဖိေနတုန္းပါ။ ေသနတ္ကိုရင္ဘတ္နဲ႔ျပန္ခုခံေနတဲ့တလုပ္

ကိုဒီတိုင္းျပစ္မထားပါနဲ႔ အနီးအနားက ၿမိဳ႕႐ြာေတြတလုပ္ကိုကူညီေပးၾကပါ

တလုပ္ၿမိဳ႕အတြက္ ထႂကြေပးပါ ” ဆိုၿပီး ေရးသားေတာင္းဆိုထားတာ ျဖစ္ပါတယ္။

တိုက္ပြဲျဖစ္ပြားေနစဥ္အတြင္းမွာလည္း ႐ြာထိပ္တြင္ အဆိုေတာ္ မြန္းေအာင္ရဲ႕ ” အေရးႀကီးၿပီ ”

သီခ်င္းကို ဖြင့္ၿပီး မတရားမႈကို ေတာ္လွန္ေနၾကတာ ျဖစ္ပါတယ္။ ေအးခ်မ္းလွတဲ့

တလုပ္ၿမိဳ႕ေလး အျမန္ဆုံး ေအာင္ပြဲဆင္ႏႊဲႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Phone Sett Thwin’s Facebook Account and Original Uploader