News

မအူပင်မြို့က ဒလန်အကြီးစား မအူပင်ကျော်လွှားကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး

မအူပင္ၿမိဳ႕က ဒလန္အႀကီးစား မအူပင္ေက်ာ္လႊားကို အာဏာသိမ္းအၾကမ္းဖက္စစ္အုပ္စုက ဖမ္းဆီး

#မအူပင္

#ဧရာဝတီတိုင္း

#MilitaryCoupInMyanmar

#DeltaNewsAgency

မအူပင္ၿမိဳ႕က ဆႏၵျပျပည္သူေတြနဲ႔ CDM ဝန္ထမ္းေတြပုန္းေနႏိုင္တဲ့ေနရာေတြကို စစ္တပ္နဲ႔ရဲေတြဆီ

လိုက္လံစုံစမ္းသတင္းေပးတာေတြ ျပဳလုပ္ေနတဲ့ဒလန္အႀကီးစား စိုးမင္းရွိန္(ခ)မအူပင္ေက်ာ္လႊား

ဆိုသူကို အၾကမ္း ဖက္စစ္ေကာင္စီက ေမလ ၈ ရက္ေန႔ ေန႔လည္ပိုင္းက ဖမ္းဆီးသြားတယ္လို႔သိရပါတယ္။

မအူပင္ၿမိဳ႕ (၃)လမ္းက ဟိႏၵဴဘုရားေက်ာင္းေရွ႕မွာရွိတဲ့ ဆိုင္ခန္းတန္းလ်ားကို ဖယ္ရွားေစလိုတဲ့လူတစ္စုက

အဲ့ဒီဆိုင္ခန္းတန္းေတြကိုဖယ္ေပးဖို႔ အကူအညီေတာင္းခဲ့လို႔ စိုးမင္းရွိန္က သိန္းတစ္ရာေပးရင္တာဝန္ယူဖယ္

ရွားေပးမယ္လို႔ေျပာဆိုခဲ့ၿပီး သိန္းငါးဆယ္နဲ႔ညႇိႏႈိင္းသေဘာတူခဲ့တယ္လို႔ေဒသခံတစ္ဦးကေျပာပါတယ္။

စိုးမင္းရွိန္ကို ခိုင္းတဲ့သူေတြက သိန္း(၅၀)ဆိုေပမယ့္ (၂၅)သိန္းပဲႀကိဳတင္ေပးထားတာ ဆိုင္ခန္းေတြကို

ဖယ္ခ်င္ေတာ့ ဆိုင္ခန္းေတြထဲမွာ လက္လုပ္မိုင္းလိုဟာေတြနဲ႔ NUG ေထာက္ခံတဲ့စာ႐ြက္ေတြကို သြားဖြက္ၿပီး

ဆိုင္ခန္းကလူေတြက တစ္ခုခုကို ေဖာက္ခြဲဖို႔လုပ္ေနပါတယ္လို႔ ရဲကိုသတင္းေပးၿပီး

ဖမ္းခိုင္းဖို႔ ႀကံစည္ထားတာလို႔ေဒသခံကေျပာပါတယ္။

စိုးမင္းရွိန္ဟာ ဆိုင္ခန္းကလူေတြကို ဖမ္းဆီးခံရေအာင္လုပ္ဖို႔ႀကံစည္ထားေပမယ့္ ခိုင္းတဲ့သူေတြက

သိန္း (၅၀) ျပည့္ေအာင္(၂၅)သိန္းထပ္မေပးေသးလို႔ မေက်နပ္တဲ့အတြက္ ဆိုင္ခန္းထဲမွာေဖာက္ခြဲေရးပစၥည္းေတြထားၿပီး

လူႏွစ္ေယာက္ကေဖာက္ ခြဲဖို႔ႀကံစည္ေနတယ္လို႔ သူ႔ကိုခိုင္းတဲ့သူေတြထဲက ႏွစ္ေယာက္ကို

စစ္အုပ္စုေတြဆီသြားေရာက္တိုင္တန္းခဲ့တာပါ။

စစ္အုပ္စုက စိုးမင္းရွိန္ရဲ႕ တိုင္တန္းမႈေၾကာင့္ စိုးမင္းရွိန္ကို ခိုင္းထားတဲ့လူတခ်ိဳ႕ကိုဝင္ေရာက္ဖမ္းဆီးတဲ့အခ်ိန္မွာ

အဖမ္းခံရတဲ့သူေတြက သူတို႔ကစိုးမင္းရွိန္ကို သိန္းငါးဆယ္နဲ႔ ညႇိႏႈိင္းတဲ့အခ်ိန္က ဖမ္းယူထားတဲ့အသံဖိုင္ေတြ

၊(၂၅)သိန္းေပးခဲ့စဥ္အခ်ိန္က ဖမ္းယူထားတဲ့အသံဖိုင္ေတြကို စစ္အုပ္စုေတြကို ဖြင့္ျပခဲ့တာေၾကာင့္ စိုးမင္းရွိန္နဲ႔

သူ႔မိန္းမကို ေမလ ၈ ရက္ေန႔ ေန႔လည္ပိုင္းကသူေနထိုင္တဲ့ မအူပင္အေရွ႕ဘက္ကမ္းကအိမ္မွာ

ရဲေတြကသြား ေရာက္ဖမ္းဆီးခဲ့တာလို႔ေဒသခံေတြကေျပာပါတယ္။

မအူပင္ၿမိဳ႕မွာရွိတဲ့ ပိုက္ဆံရွိတဲ့သူေတြဆီက ေငြညႇစ္ထားတာမနည္းဘူး ၿမိဳ႕မွာရွိတဲ့ခ်မ္းသာတဲ့သူေတြနဲ႔

ႏွစ္လုံး၊သုံးလုံးဒိုင္ေတြကအစ သူနဲ႔မကင္းဘူး မေပးရင္ Facebook မွာတင္မယ္ဆိုၿပီးလုပ္တာ ၿပီးေတာ့

ပရဟိတလူငယ္တစ္ေယာက္က သူ႔ကိုဒလန္လို႔ေျပာလို႔ ပရဟိတ႐ုံးခန္းကို သူ႔မိန္းမအပါအဝင္

ဖ်က္ဆီးခဲ့တာေတြလည္း လုပ္ခဲ့တယ္ ၿမိဳ႕မွာက သူ႔ကိုထိလဲမထိရဲၾကဘူး

႐ြံေၾကာက္ႀကီးျဖစ္ေနတာလို႔ ေဒသခံေတြဆီကသိရပါတယ္။

လက္ရွိမွာ စိုးမင္းရွိန္ကိုပုဒ္မ ၅၀၅ က ၊ပုဒ္မ ၂၉၅ အမႈႏွစ္မႈနဲ႔အမႈဖြင့္ထားတယ္လို႔ မအူပင္ၿမိဳ႕ရဲ႕

Social Punishment Maubin Page ကလူမႈစာမ်က္ႏွာမွာေဖာ္ျပထားၿပီး စိုးမင္းရွိန္ျပန္လြတ္လာမွာကို

မအူပင္ၿမိဳ႕ေပၚက ေဒသခံေတြက စိုးရိမ္ေနၾကၿပီး စိုးမင္းရွိန္ရဲ႕ဇနီးျဖစ္သူကိုေတာ့

အၾကမ္းဖက္ရဲနဲ႔စစ္သားေတြက ျပန္လႊတ္ေပးထားတယ္လို႔သိရပါတယ္။

Photo#Social Punishment Maubin Page

unicode

မအူပင်မြို့က ဒလန်အကြီးစား မအူပင်ကျော်လွှားကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး

#မအူပင်

#ဧရာဝတီတိုင်း

#MilitaryCoupInMyanmar

#DeltaNewsAgency

မအူပင်မြို့က ဆန္ဒပြပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေပုန်းနေနိုင်တဲ့နေရာတွေကို စစ်တပ်နဲ့ရဲတွေဆီ

လိုက်လံစုံစမ်းသတင်းပေးတာတွေ ပြုလုပ်နေတဲ့ဒလန်အကြီးစား စိုးမင်းရှိန်(ခ)မအူပင်ကျော်လွှား

ဆိုသူကို အကြမ်း ဖက်စစ်ကောင်စီက မေလ ၈ ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

မအူပင်မြို့ (၃)လမ်းက ဟိန္ဒူဘုရားကျောင်းရှေ့မှာရှိတဲ့ ဆိုင်ခန်းတန်းလျားကို ဖယ်ရှားစေလိုတဲ့လူတစ်စုက

အဲ့ဒီဆိုင်ခန်းတန်းတွေကိုဖယ်ပေးဖို့ အကူအညီတောင်းခဲ့လို့ စိုးမင်းရှိန်က သိန်းတစ်ရာပေးရင်တာဝန်ယူဖယ်

ရှားပေးမယ်လို့ပြောဆိုခဲ့ပြီး သိန်းငါးဆယ်နဲ့ညှိနှိုင်းသဘောတူခဲ့တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။

စိုးမင်းရှိန်ကို ခိုင်းတဲ့သူတွေက သိန်း(၅၀)ဆိုပေမယ့် (၂၅)သိန်းပဲကြိုတင်ပေးထားတာ ဆိုင်ခန်းတွေကို

ဖယ်ချင်တော့ ဆိုင်ခန်းတွေထဲမှာ လက်လုပ်မိုင်းလိုဟာတွေနဲ့ NUG ထောက်ခံတဲ့စာရွက်တွေကို သွားဖွက်ပြီး

ဆိုင်ခန်းကလူတွေက တစ်ခုခုကို ဖောက်ခွဲဖို့လုပ်နေပါတယ်လို့ ရဲကိုသတင်းပေးပြီး

ဖမ်းခိုင်းဖို့ ကြံစည်ထားတာလို့ဒေသခံကပြောပါတယ်။

စိုးမင်းရှိန်ဟာ ဆိုင်ခန်းကလူတွေကို ဖမ်းဆီးခံရအောင်လုပ်ဖို့ကြံစည်ထားပေမယ့် ခိုင်းတဲ့သူတွေက

သိန်း (၅၀) ပြည့်အောင်(၂၅)သိန်းထပ်မပေးသေးလို့ မကျေနပ်တဲ့အတွက် ဆိုင်ခန်းထဲမှာဖောက်ခွဲရေးပစ္စည်းတွေထားပြီး

လူနှစ်ယောက်ကဖောက် ခွဲဖို့ကြံစည်နေတယ်လို့ သူ့ကိုခိုင်းတဲ့သူတွေထဲက နှစ်ယောက်ကို

စစ်အုပ်စုတွေဆီသွားရောက်တိုင်တန်းခဲ့တာပါ။

စစ်အုပ်စုက စိုးမင်းရှိန်ရဲ့ တိုင်တန်းမှုကြောင့် စိုးမင်းရှိန်ကို ခိုင်းထားတဲ့လူတချို့ကိုဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာ

အဖမ်းခံရတဲ့သူတွေက သူတို့ကစိုးမင်းရှိန်ကို သိန်းငါးဆယ်နဲ့ ညှိနှိုင်းတဲ့အချိန်က ဖမ်းယူထားတဲ့အသံဖိုင်တွေ

၊(၂၅)သိန်းပေးခဲ့စဥ်အချိန်က ဖမ်းယူထားတဲ့အသံဖိုင်တွေကို စစ်အုပ်စုတွေကို ဖွင့်ပြခဲ့တာကြောင့် စိုးမင်းရှိန်နဲ့

သူ့မိန်းမကို မေလ ၈ ရက်နေ့ နေ့လည်ပိုင်းကသူနေထိုင်တဲ့ မအူပင်အရှေ့ဘက်ကမ်းကအိမ်မှာ

ရဲတွေကသွား ရောက်ဖမ်းဆီးခဲ့တာလို့ဒေသခံတွေကပြောပါတယ်။

မအူပင်မြို့မှာရှိတဲ့ ပိုက်ဆံရှိတဲ့သူတွေဆီက ငွေညှစ်ထားတာမနည်းဘူး မြို့မှာရှိတဲ့ချမ်းသာတဲ့သူတွေနဲ့

နှစ်လုံး၊သုံးလုံးဒိုင်တွေကအစ သူနဲ့မကင်းဘူး မပေးရင် Facebook မှာတင်မယ်ဆိုပြီးလုပ်တာ ပြီးတော့

ပရဟိတလူငယ်တစ်ယောက်က သူ့ကိုဒလန်လို့ပြောလို့ ပရဟိတရုံးခန်းကို သူ့မိန်းမအပါအဝင်

ဖျက်ဆီးခဲ့တာတွေလည်း လုပ်ခဲ့တယ် မြို့မှာက သူ့ကိုထိလဲမထိရဲကြဘူး

ရွံကြောက်ကြီးဖြစ်နေတာလို့ ဒေသခံတွေဆီကသိရပါတယ်။

လက်ရှိမှာ စိုးမင်းရှိန်ကိုပုဒ်မ ၅၀၅ က ၊ပုဒ်မ ၂၉၅ အမှုနှစ်မှုနဲ့အမှုဖွင့်ထားတယ်လို့ မအူပင်မြို့ရဲ့

Social Punishment Maubin Page ကလူမှုစာမျက်နှာမှာဖော်ပြထားပြီး စိုးမင်းရှိန်ပြန်လွတ်လာမှာကို

မအူပင်မြို့ပေါ်က ဒေသခံတွေက စိုးရိမ်နေကြပြီး စိုးမင်းရှိန်ရဲ့ဇနီးဖြစ်သူကိုတော့

အကြမ်းဖက်ရဲနဲ့စစ်သားတွေက ပြန်လွှတ်ပေးထားတယ်လို့သိရပါတယ်။

Photo#Social Punishment Maubin Page