News

သမ္မတဖြစ်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာလရှည်ကြာ ရည်မှန်းခဲ့

သမ္မတဖြစ်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာလရှည်ကြာ ရည်မှန်းခဲ့

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)

RFA က နှစ်ပတ်တကြိမ်တင်ဆက်နေတဲ့ သမိုင်းထဲက ပစ္စုပ္ပန် အစီအစဉ်ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းပွဲ နောက်ပိုင်းမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှု အခံရဆုံးသူ

တစ်ဦးကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ လက်ရှိ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ

ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် စစ်အစိုးရရဲ့ အုပ်ချုပ်မှုတွေကနေ တစ်စိတ်တစ်ပိုင်း လွတ်မြောက်ခွင့်ရပြီး၊

အရှိန်ရစပြုနေတဲ့ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို နောက်ကြောင်းပြန်သွားအောင် လုပ်လိုက်တဲ့

ဒီအာဏာသိမ်းပွဲအတွက် အဓိက တာဝန်ရှိသူလို့ လက်ခံထားကြတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ

၂၀၁၁ ခုနှစ် အရပ်သားတစ်ပိုင်း အစိုးရတက်လာချိန်ကစပြီး စစ်ဦးစီးချုပ်တာဝန်ကို စတင်ရယူခဲ့သူ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး မြန်မာ့တပ်မတော်ရဲ့ လှုပ်ရှားမှုတွေကို လေ့လာစောင့်ကြည့်ခဲ့တဲ့

IHS Janes Defense weekly မဂ္ဂဇင်းက စစ်ရေး လေ့လာသုံးသပ်သူ Anthony Davis ကတော့

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ကာလအတွင်းမှ

ာ မြန်မာ့ တပ်မတော်ကို အဆင့်မြှင့်တင်ဖို့ ကြိုးစားခဲ့တယ်လို့ သုံးသပ်ပါတယ်။

” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ပြီးခဲ့တဲ့ ဆယ်နှစ်နီးပါး

ကာလအတွင်းမှာ တပ်မတော် ကြည်းရေလေ တပ်ဖွဲ့ သုံးဖွဲ့လုံးကို အဆင့်မြှင့်တင်ဖို့ ကြိုးပမ်းခဲ့တာ တွေ့ရပါတယ်။

သူ့လက်ထက်မှာ မြန်မာ့တပ်မတော်ဟာ စစ်လက်နက် ပစ္စည်းအသစ် အမြောက်အမြား ဝယ်ယူခဲ့တာ တွေ့ရပါတယ်။

အထူးသဖြင့် မင်းအောင်လှိုင် လက်ထက်မှာ ရေတပ်အတွက် Frigade တိုက်သင်္ဘောတွေကို ဝယ်ယူခဲ့ပါတယ်။

အရေးအကြီးဆုံးကတော့ ပြီးခဲ့တဲ့နှစ်မှာ မြန်မာရေတပ်က ကာလတော်တော်ကြာအောင် ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့တဲ့

ပထမဆုံး ရေငုပ်သင်္ဘောကို အိန္ဒိယနိုင်ငံဆီကနေ ရရှိခဲ့ပါတယ်။ မြန်မာရေတပ်ဟာ ရေငုပ်သင်္ဘော

တပ်စု တည်ထောင်ဖို့ ရည်ရွယ်ချက်ရှိတဲ့အတွက် ဒီတစ်စီးတည်းနဲ့ ရပ်တန့်မှာ မဟုတ်ဘဲ ရုရှားနိုင်ငံလုပ်

ရေငုပ်သင်္ဘောတွေ ထပ်ဝယ်ဖို့ အစီအစဉ်ရှိတာ သေချာပါတယ်။ ဒါဟာ မင်းအောင်လှိုင်လက်ထက်မှာ

မြန်မာ ရေတပ်ကို ဘင်္ဂလားပင်လယ်အော်ထဲမှာ blue water navy အဆင့် ဖြစ်လာဖို့ စတင်ကြိုးပမ်းခဲ့တာပါ။”

“လေတပ်မှာဆိုရင်လည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေတဲ့ မြေပြင် တပ်ဖွဲ့တွေကို

ပစ်ကူဖို့ MI 35 အမျိုးအစား နဲ့ သယ်ယူပို့ဆောင်ရေးအတွက် MI -17 အမျိုးအစား ရဟတ်ယာဉ်တွေကို ဝယ်ယူခဲ့ပါတယ်။

မြန်မာ လေတပ်ဟာ မကြာခင်က ရခိုင်မှာ ဖြစ်ပွားတဲ့ တပ်ပွဲတွေမှာ ရုရှားနိုင်ငံကနေ အသစ် ဝယ်ထားတဲ့

Yakovlev Yak-130 (ယာကော့လဗ် ရက်ခ် 130) အမျိုးအစား တိုက်လေယာဉ် တွေကို သုံးခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် ရုရှားလုပ် Sukhoi (ဆူခွိုင်း) အမျိုးအစား တိုက်လေယာဉ်တွေကို အသစ်မှာထားတာလည်

း မကြာခင် ရရှိတော့မှာပါ။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာ

မြန်မာလေတပ်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို အများကြီး မြှင့်တင်နိုင်ခဲ့ပါတယ်။

ရေတပ်နဲ့ လေတပ်တွေနဲ့ ယှဉ်ရင် ကြည်းတပ်က လက်နက်ပစ္စည်း အသစ်တွေ ရရှိမှု နည်းပါးပေမယ့်

ကျည်းတပ်ဖွဲ့တွေဟာ လေ့ကျင့်သင်ကြားမှုတွေ ရခဲ့ပြီး၊ ဒီလေ့ကျင့်သင်ကြားမှုတွေကို ရှမ်းပြည်နယ်

မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ ပြန်လည် အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် ခြုံငုံသုံးသပ်ရမယ်

ဆိုရင် မင်းအောင်လှိုင် လက်ထက်မှာ ကြည်းရေလေ တပ်ဖွဲ့ သုံးခုစလုံးကို အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။”

အလားတူပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူစစ်ဦးစီးချုပ်အဖြစ် တာဝန်ယူတဲ့ လက်ထက်မှာ

တပ်မတော်ခေါင်းဆောင် တစ်ဦးအနေနဲ့ နိုင်ငံတကာ ခရီးစဉ်တွေ သွားရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံက ခေါင်းဆောင်

တစ်ဦးအဖြစ် သူ့ရဲ့ပုံရိပ်ကို မြှင့်တင်ဖို့ ကြိုးစားခဲ့သလိုပဲ၊ စစ်လက်နက် ပစ္စည်း ရောင်းချတဲ့ နိုင်ငံတွေနဲ့

နီးကပ်တဲ့ ဆက်ဆံရေးရရှိအောင် ကြိုးပမ်းခဲ့တယ်လို့ Anthony Davis က သုံးသပ်ပါတယ်။

“တစ်ချိန်တည်းမှာပဲ သူဟာ ပြည်ပ ခရီးစဉ်တွေ သွားရောက်ပြီး သူ့ကိုလည်း မြန်မာနိုင်ငံက ခေါင်းဆောင်တစ်ဦးအဖြစ်နဲ့

နိုင်ငံတကာက မြင်လာအောင် ကြိုးစားခဲ့ပါတယ်။ မြန်မာ စစ်ခေါင်းဆောင်တွေ အစဉ်အလာအတိုင်း

သွားရောက်နေကျ ရုရှားနဲ့ တရုတ်နိုင်ငံတွေအပြင် အာဆီယံအဖွဲ့ထဲက နိုင်ငံတွေ ဥရောပ နဲ့

အရှေ့အလယ်ပိုင်း နိုင်ငံတွေအထိ ခရီးသွားရောက်ခဲ့ပါတယ်။”

“အများစုကတော့ တပ်မတော်ရဲ့ ကြည်းရေလေ တပ်ဖွဲ့တွေကို အဆင့်မြှင့်တင်ဖို့နဲ့ စစ်လက်နက်ပစ္စည်းတွေ

ဝယ်ယူဖို့ ကိစ္စအတွက် သွားလာခဲ့တာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူ့ကို မြန်မာနိုင်ငံက ခေါင်းဆောင်

တစ်ဦးအနေနဲ့ ကမ္ဘာက သိလာအောင် လုပ်ချင်တဲ့ သဘောလည်း ရှိပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံဟာ

အရှေ့တောင်အာရှမှာ ရုရှားနိုင်ငံလုပ် စစ်လက်နက်ပစ္စည်းတွေကို အများဆုံးဝယ်ယူတဲ့ ဖောက်သည်

နိုင်ငံဖြစ်နေတဲ့အတွက် ရုရှားနိုင်ငံဟာ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို ဝေဖန်ရှုတ်ချတာမျိုး မြင်ရဖို့ မရှိပါဘူး။၊

အလားတူ မြန်မာစစ်တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ တရုတ်နိုင်ငံနဲ့ အခြေအနေကလည်း ပြောင်းလဲမှာ

မဟုတ်တဲ့အပြင်၊ အခုနောက်ပိုင်း အိန္ဒိယနိုင်ငံကလည်း မြန်မာစစ်တပ်နဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေး

ရှိလာတဲ့အတွက် ဒီအခြေအနေကို ထိန်းထားဖို့ ကြိုးစားပါလိမ့်မယ်”

“ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်ဦးစီးချုပ်အဖြစ်ကနေ နိုင်ငံတော် သမ္မတရာထူးကိုပါ ဆက်ပြီး

ရယူဖို့ ရည်မှန်းချက်ရှိခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ဒီလို ဖြစ်လာဖို့

မဖြစ်နိုင်တော့ဘူးဆိုတာ သိရတဲ့နောက်မှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုတွေ စတင်လုပ်ဆောင်ခဲ့တာလို့ သုံးသပ်ပါတယ်။ “

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့

ICJ နဲ့ ICC တရားရုံးတွေမှာ မြန်မာနိုင်ငံနဲ့ မြန်မာ့ တပ်မတော်ကို စွဲချက်တင်ထားတဲ့အမှုတွေမှာ ဗိုလ်ချုပ်မှူးကြီ

း မင်းအောင်လှိုင်ဟာ အဓိက တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်နေပါတယ်။ ဒီလို စွဲချက်တွေကြောင့်

immunity လို့ခေါ်တဲ့ နိုင်ငံတကာက အရေးယူ ဆောင်ရွက်မှုတွေကနေ ကင်းလွတ်ခွင့် ရအောင်လို့

နိုင်ငံသမ္မတရာထူးကို ရယူဖို့ ကြိုးစားတာဖြစ်တယ်လို့ ခန့်မှန်းသုံးသပ်မှုအချို့လည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် စစ်ရေးသုံးသပ်သူ အန်တိုနီဒေးဗစ်ကတော့ ရိုဟင်ဂျာ အကျပ်အတည်း မဖြစ်ခင် နှစ်တော်တော်ကြာကတည်းက

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံ့ ခေါင်းဆောင် တစ်ဦးဖြစ်လာဖို့

ရည်ရွယ်တဲ့ လုပ်ဆောင်ချက်တွေ ရှိခဲ့ပြီးဖြစ်တယ်လို့ သုံးသပ်ပါတယ်။

စစ်ဦးစီးချုပ်နဲ့ လက်ရှိ အာဏာသိမ်း နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး

မင်းအောင်လှိုင်ဟာ တပ်မတော်နဲ့ တိုင်းပြည်ရဲ့ အကျိုးအတွက် ဘာတွေဘယ်လိုပဲ လုပ်ဆောင်ခဲ့သည်ဖြစ်စေ

နိုင်ငံတကာရဲ့ အမြင်မှာတော့ ခိုင်လုံမှုမရှိတဲ့ အကြောင်းပြချက်နဲ့ အရပ်သား ခေါင်းဆောင်တွေကို

ရာထူးက ဖယ်ရှားခဲ့သူ၊ အရှိန်ရစပြုနေတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အညွန့်ချိုးခဲ့တဲ့သူ၊

ဒါ့အပြင် ပြည်သူတွေရဲ့ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်တွေကို ချိုးဖောက်ပြီး အာဏာရယူထားသူ အဖြစ်နဲ့

ရှုမြင်နေကြတဲ့အကြောင်း ခုတစ်ပတ် သမိုင်းထဲက ပစ္စုပ္ပန် အစီအစဉ်ကနေ တင်ဆက်လိုက်ရပါတယ်။

Source: RFA

zawgyi

သမၼတျဖစ္ေရးအတြက္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ကာလရွည္ၾကာ ရည္မွန္းခဲ့

ရဲေခါင္ျမင့္ေမာင္(ဝါရွင္တန္ဒီစီ)

RFA က ႏွစ္ပတ္တႀကိမ္တင္ဆက္ေနတဲ့ သမိုင္းထဲက ပစၥဳပၸန္ အစီအစဥ္ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ ၁ရက္ေန႔ အာဏာသိမ္းပြဲ ေနာက္ပိုင္းမွာ ႏိုင္ငံတကာရဲ႕ အာ႐ုံစိုက္မႈ အခံရဆုံးသူ

တစ္ဦးကေတာ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ လက္ရွိ ႏိုင္ငံေတာ္အုပ္ခ်ဳပ္ေရးေကာင္စီ

ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ပဲ ျဖစ္ပါတယ္။

ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ စစ္အစိုးရရဲ႕ အုပ္ခ်ဳပ္မႈေတြကေန တစ္စိတ္တစ္ပိုင္း လြတ္ေျမာက္ခြင့္ရၿပီး၊

အရွိန္ရစျပဳေနတဲ့ ျမန္မာ့ဒီမိုကေရစီ အေျပာင္းအလဲကို ေနာက္ေၾကာင္းျပန္သြားေအာင္ လုပ္လိုက္တဲ့

ဒီအာဏာသိမ္းပြဲအတြက္ အဓိက တာဝန္ရွိသူလို႔ လက္ခံထားၾကတဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ

၂၀၁၁ ခုႏွစ္ အရပ္သားတစ္ပိုင္း အစိုးရတက္လာခ်ိန္ကစၿပီး စစ္ဦးစီးခ်ဳပ္တာဝန္ကို စတင္ရယူခဲ့သူ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံမွာ အေျခစိုက္ၿပီး ျမန္မာ့တပ္မေတာ္ရဲ႕ လႈပ္ရွားမႈေတြကို ေလ့လာေစာင့္ၾကည့္ခဲ့တဲ့

IHS Janes Defense weekly မဂၢဇင္းက စစ္ေရး ေလ့လာသုံးသပ္သူ Anthony Davis ကေတာ့

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ သူ စစ္ဦးစီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့တဲ့ ကာလအတြင္းမွ

ာ ျမန္မာ့ တပ္မေတာ္ကို အဆင့္ျမႇင့္တင္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ သုံးသပ္ပါတယ္။

” ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ သူ စစ္ဦးစီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့တဲ့ ၿပီးခဲ့တဲ့ ဆယ္ႏွစ္နီးပါး

ကာလအတြင္းမွာ တပ္မေတာ္ ၾကည္းေရေလ တပ္ဖြဲ႕ သုံးဖြဲ႕လုံးကို အဆင့္ျမႇင့္တင္ဖို႔ ႀကိဳးပမ္းခဲ့တာ ေတြ႕ရပါတယ္။

သူ႔လက္ထက္မွာ ျမန္မာ့တပ္မေတာ္ဟာ စစ္လက္နက္ ပစၥည္းအသစ္ အေျမာက္အျမား ဝယ္ယူခဲ့တာ ေတြ႕ရပါတယ္။

အထူးသျဖင့္ မင္းေအာင္လႈိင္ လက္ထက္မွာ ေရတပ္အတြက္ Frigade တိုက္သေဘၤာေတြကို ဝယ္ယူခဲ့ပါတယ္။

အေရးအႀကီးဆုံးကေတာ့ ၿပီးခဲ့တဲ့ႏွစ္မွာ ျမန္မာေရတပ္က ကာလေတာ္ေတာ္ၾကာေအာင္ ပိုင္ဆိုင္ဖို႔ ႀကိဳးစားခဲ့တဲ့

ပထမဆုံး ေရငုပ္သေဘၤာကို အိႏၵိယႏိုင္ငံဆီကေန ရရွိခဲ့ပါတယ္။ ျမန္မာေရတပ္ဟာ ေရငုပ္သေဘၤာ

တပ္စု တည္ေထာင္ဖို႔ ရည္႐ြယ္ခ်က္ရွိတဲ့အတြက္ ဒီတစ္စီးတည္းနဲ႔ ရပ္တန႔္မွာ မဟုတ္ဘဲ ႐ုရွားႏိုင္ငံလုပ္

ေရငုပ္သေဘၤာေတြ ထပ္ဝယ္ဖို႔ အစီအစဥ္ရွိတာ ေသခ်ာပါတယ္။ ဒါဟာ မင္းေအာင္လႈိင္လက္ထက္မွာ

ျမန္မာ ေရတပ္ကို ဘဂၤလားပင္လယ္ေအာ္ထဲမွာ blue water navy အဆင့္ ျဖစ္လာဖို႔ စတင္ႀကိဳးပမ္းခဲ့တာပါ။”

“ေလတပ္မွာဆိုရင္လည္း တိုင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႕ေတြနဲ႔ တိုက္ခိုက္ေနတဲ့ ေျမျပင္ တပ္ဖြဲ႕ေတြကို

ပစ္ကူဖို႔ MI 35 အမ်ိဳးအစား နဲ႔ သယ္ယူပို႔ေဆာင္ေရးအတြက္ MI -17 အမ်ိဳးအစား ရဟတ္ယာဥ္ေတြကို ဝယ္ယူခဲ့ပါတယ္။

ျမန္မာ ေလတပ္ဟာ မၾကာခင္က ရခိုင္မွာ ျဖစ္ပြားတဲ့ တပ္ပြဲေတြမွာ ႐ုရွားႏိုင္ငံကေန အသစ္ ဝယ္ထားတဲ့

Yakovlev Yak-130 (ယာေကာ့လဗ္ ရက္ခ္ 130) အမ်ိဳးအစား တိုက္ေလယာဥ္ ေတြကို သုံးခဲ့တာ ေတြ႕ရပါတယ္။

ဒါ့အျပင္ ႐ုရွားလုပ္ Sukhoi (ဆူခြိဳင္း) အမ်ိဳးအစား တိုက္ေလယာဥ္ေတြကို အသစ္မွာထားတာလည္

း မၾကာခင္ ရရွိေတာ့မွာပါ။ ဒါေၾကာင့္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္လက္ထက္မွာ

ျမန္မာေလတပ္ရဲ႕ တိုက္ခိုက္ေရး စြမ္းရည္ကို အမ်ားႀကီး ျမႇင့္တင္ႏိုင္ခဲ့ပါတယ္။

ေရတပ္နဲ႔ ေလတပ္ေတြနဲ႔ ယွဥ္ရင္ ၾကည္းတပ္က လက္နက္ပစၥည္း အသစ္ေတြ ရရွိမႈ နည္းပါးေပမယ့္

က်ည္းတပ္ဖြဲ႕ေတြဟာ ေလ့က်င့္သင္ၾကားမႈေတြ ရခဲ့ၿပီး၊ ဒီေလ့က်င့္သင္ၾကားမႈေတြကို ရွမ္းျပည္နယ္

ေျမာက္ပိုင္းနဲ႔ ရခိုင္ျပည္နယ္က တိုက္ပြဲေတြမွာ ျပန္လည္ အသုံးျပဳခဲ့ပါတယ္။ ဒါေၾကာင့္ ၿခဳံငုံသုံးသပ္ရမယ္

ဆိုရင္ မင္းေအာင္လႈိင္ လက္ထက္မွာ ၾကည္းေရေလ တပ္ဖြဲ႕ သုံးခုစလုံးကို အဆင့္ျမႇင့္တင္ႏိုင္ခဲ့ပါတယ္။”

အလားတူပဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ သူစစ္ဦးစီးခ်ဳပ္အျဖစ္ တာဝန္ယူတဲ့ လက္ထက္မွာ

တပ္မေတာ္ေခါင္းေဆာင္ တစ္ဦးအေနနဲ႔ ႏိုင္ငံတကာ ခရီးစဥ္ေတြ သြားေရာက္ခဲ့ၿပီး၊ ျမန္မာႏိုင္ငံက ေခါင္းေဆာင္

တစ္ဦးအျဖစ္ သူ႔ရဲ႕ပုံရိပ္ကို ျမႇင့္တင္ဖို႔ ႀကိဳးစားခဲ့သလိုပဲ၊ စစ္လက္နက္ ပစၥည္း ေရာင္းခ်တဲ့ ႏိုင္ငံေတြနဲ႔

နီးကပ္တဲ့ ဆက္ဆံေရးရရွိေအာင္ ႀကိဳးပမ္းခဲ့တယ္လို႔ Anthony Davis က သုံးသပ္ပါတယ္။

“တစ္ခ်ိန္တည္းမွာပဲ သူဟာ ျပည္ပ ခရီးစဥ္ေတြ သြားေရာက္ၿပီး သူ႔ကိုလည္း ျမန္မာႏိုင္ငံက ေခါင္းေဆာင္တစ္ဦးအျဖစ္နဲ႔

ႏိုင္ငံတကာက ျမင္လာေအာင္ ႀကိဳးစားခဲ့ပါတယ္။ ျမန္မာ စစ္ေခါင္းေဆာင္ေတြ အစဥ္အလာအတိုင္း

သြားေရာက္ေနက် ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံေတြအျပင္ အာဆီယံအဖြဲ႕ထဲက ႏိုင္ငံေတြ ဥေရာပ နဲ႔

အေရွ႕အလယ္ပိုင္း ႏိုင္ငံေတြအထိ ခရီးသြားေရာက္ခဲ့ပါတယ္။”

“အမ်ားစုကေတာ့ တပ္မေတာ္ရဲ႕ ၾကည္းေရေလ တပ္ဖြဲ႕ေတြကို အဆင့္ျမႇင့္တင္ဖို႔နဲ႔ စစ္လက္နက္ပစၥည္းေတြ

ဝယ္ယူဖို႔ ကိစၥအတြက္ သြားလာခဲ့တာပါ။ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ သူ႔ကို ျမန္မာႏိုင္ငံက ေခါင္းေဆာင္

တစ္ဦးအေနနဲ႔ ကမာၻက သိလာေအာင္ လုပ္ခ်င္တဲ့ သေဘာလည္း ရွိပါတယ္။ အခုအခ်ိန္မွာ ျမန္မာႏိုင္ငံဟာ

အေရွ႕ေတာင္အာရွမွာ ႐ုရွားႏိုင္ငံလုပ္ စစ္လက္နက္ပစၥည္းေတြကို အမ်ားဆုံးဝယ္ယူတဲ့ ေဖာက္သည္

ႏိုင္ငံျဖစ္ေနတဲ့အတြက္ ႐ုရွားႏိုင္ငံဟာ ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္ကို ေဝဖန္ရႈတ္ခ်တာမ်ိဳး ျမင္ရဖို႔ မရွိပါဘူး။၊

အလားတူ ျမန္မာစစ္တပ္နဲ႔ နီးကပ္တဲ့ ဆက္ဆံေရးရွိတဲ့ တ႐ုတ္ႏိုင္ငံနဲ႔ အေျခအေနကလည္း ေျပာင္းလဲမွာ

မဟုတ္တဲ့အျပင္၊ အခုေနာက္ပိုင္း အိႏၵိယႏိုင္ငံကလည္း ျမန္မာစစ္တပ္နဲ႔ ပိုမိုရင္းႏွီးတဲ့ ဆက္ဆံေရး

ရွိလာတဲ့အတြက္ ဒီအေျခအေနကို ထိန္းထားဖို႔ ႀကိဳးစားပါလိမ့္မယ္”

“ဒါေၾကာင့္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ စစ္ဦးစီးခ်ဳပ္အျဖစ္ကေန ႏိုင္ငံေတာ္ သမၼတရာထူးကိုပါ ဆက္ၿပီး

ရယူဖို႔ ရည္မွန္းခ်က္ရွိခဲ့တယ္ဆိုတာ သံသယျဖစ္စရာ မရွိပါဘူး။ ၂၀၂၀ ေ႐ြးေကာက္ပြဲအၿပီးမွာ ဒီလို ျဖစ္လာဖို႔

မျဖစ္ႏိုင္ေတာ့ဘူးဆိုတာ သိရတဲ့ေနာက္မွာ အာဏာသိမ္းဖို႔ ႀကိဳးပမ္းမႈေတြ စတင္လုပ္ေဆာင္ခဲ့တာလို႔ သုံးသပ္ပါတယ္။ “

၂၀၁၇ ခုႏွစ္က ရခိုင္ျပည္နယ္မွာ ႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုံးသတ္ျဖတ္ဖို႔ ႀကိဳးစားခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔

ICJ နဲ႔ ICC တရား႐ုံးေတြမွာ ျမန္မာႏိုင္ငံနဲ႔ ျမန္မာ့ တပ္မေတာ္ကို စြဲခ်က္တင္ထားတဲ့အမႈေတြမွာ ဗိုလ္ခ်ဳပ္မႉးႀကီ

း မင္းေအာင္လႈိင္ဟာ အဓိက တာဝန္ရွိတဲ့ စစ္ေခါင္းေဆာင္တစ္ဦးလည္း ျဖစ္ေနပါတယ္။ ဒီလို စြဲခ်က္ေတြေၾကာင့္

immunity လို႔ေခၚတဲ့ ႏိုင္ငံတကာက အေရးယူ ေဆာင္႐ြက္မႈေတြကေန ကင္းလြတ္ခြင့္ ရေအာင္လို႔

ႏိုင္ငံသမၼတရာထူးကို ရယူဖို႔ ႀကိဳးစားတာျဖစ္တယ္လို႔ ခန႔္မွန္းသုံးသပ္မႈအခ်ိဳ႕လည္း ရွိခဲ့ပါတယ္။

ဒါေပမယ့္ စစ္ေရးသုံးသပ္သူ အန္တိုနီေဒးဗစ္ကေတာ့ ႐ိုဟင္ဂ်ာ အက်ပ္အတည္း မျဖစ္ခင္ ႏွစ္ေတာ္ေတာ္ၾကာကတည္းက

ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ဟာ ႏိုင္ငံ့ ေခါင္းေဆာင္ တစ္ဦးျဖစ္လာဖို႔

ရည္႐ြယ္တဲ့ လုပ္ေဆာင္ခ်က္ေတြ ရွိခဲ့ၿပီးျဖစ္တယ္လို႔ သုံးသပ္ပါတယ္။

စစ္ဦးစီးခ်ဳပ္နဲ႔ လက္ရွိ အာဏာသိမ္း ႏိုင္ငံေတာ္အုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး

မင္းေအာင္လႈိင္ဟာ တပ္မေတာ္နဲ႔ တိုင္းျပည္ရဲ႕ အက်ိဳးအတြက္ ဘာေတြဘယ္လိုပဲ လုပ္ေဆာင္ခဲ့သည္ျဖစ္ေစ

ႏိုင္ငံတကာရဲ႕ အျမင္မွာေတာ့ ခိုင္လုံမႈမရွိတဲ့ အေၾကာင္းျပခ်က္နဲ႔ အရပ္သား ေခါင္းေဆာင္ေတြကို

ရာထူးက ဖယ္ရွားခဲ့သူ၊ အရွိန္ရစျပဳေနတဲ့ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရးကို အၫြန႔္ခ်ိဳးခဲ့တဲ့သူ၊

ဒါ့အျပင္ ျပည္သူေတြရဲ႕ လြတ္လပ္ခြင့္၊ ရပိုင္ခြင့္ေတြကို ခ်ိဳးေဖာက္ၿပီး အာဏာရယူထားသူ အျဖစ္နဲ႔

ရႈျမင္ေနၾကတဲ့အေၾကာင္း ခုတစ္ပတ္ သမိုင္းထဲက ပစၥဳပၸန္ အစီအစဥ္ကေန တင္ဆက္လိုက္ရပါတယ္။

Source: RFA