News

သူရဲကောင်း မောင်လင်းထက်ရဲ့ စာကြည့်ခုံပေါ်က ပြက္ခဒိန်လေး

လက်ရှိအခြေအနေအတွင်းမှာဆိုရင် အသက်မပြည့်သေးတဲ့ကလေးငယ်လေးတွေကအစ

ကျည်ထိမှန်ပြီး အသက်ဆုံးရှုံးနေရတာပဲဖြစ်ပါတယ်။

အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ရင်း အသက်ပေးသွားရတဲ့

သူရဲကောင်းတွေကိုလည်း ပြည်သူလူထုက အမြဲသတိရနေကြတာဖြစ်ပါတယ်။

(၁၁.၃.၂၀၂၁)ရက်နေ့က ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တဲ့ အသက်(၁၉)နှစ်အရွယ်

မောင်လင်းထက်ဆိုရင် ဘဝတစ်ပါးသို့ကူးပြောင်းသွားတာ ဒီနေ့ဆိုရင် (၂)လတိတိပြည့်သွားပြီဖြစ်ပါတယ်။

မောင်လင်းထက်ရဲ့မိခင်ခမျာမှာတော့ ဖုန်းသံကြားတိုင်း သားလေးခေါ်တယ်လို့ ထင်နေပြီး

စိတ်ကောင်းရှိတဲ့သူတစ်ယောက်ယောက်က သူမရဲ့သားကိုကယ်တင်ထားတယ်လို့ မှတ်ယူထားတာဖြစ်ပါတယ်။

မိခင်ဖြစ်သူက သားလေးကျည်ထိမှန်ထားတဲ့ဗီဒီယိုကို ကြည့်ပြီးတာတောင်

ကျဆုံးသွားတယ်ဆိုတာကို လက်မခံသေးတာဖြစ်ပါတယ်

မောင်လင်းထက်ရဲ့ဖခင်ကလည်း သားရဲ့အလောင်းကို သွားတောင်းတော့

တာဝန်အရသင်္ဂြိုလ်လိုက်ပြီလို့ပြောပြီးအလောင်းပြန်မပေးလိုက်တာဖြစ်ပါတယ်။

ကျန်ရစ်သူမိသားစုခမျာ အလောင်းပြန်မရတာကြောင့် မောင်လင်းထက်ရဲ့အုတ်ဂူထဲမှာ

အဝတ်အစားလေးတွေသာထည့်မြှုပ်ထားရတာဖြစ်ပါတယ်။

မောင်လင်းထက် အသက်ရှိစဉ်အချိန်တုန်းကဆိုရင် လူထုလှုပ်ရှားမှုတွေမှာ နေ့တိုင်းလိုလိုပါဝင်ပြီး

သူ့ရဲ့စာကြည့်ခုံပေါ်က ပြက္ခဒိန်မှာလည်း အသေးစိတ်ရေးမှတ်ထားသေးတာဖြစ်ပါတယ်။

အသက်(၁၉)နှစ်အရွယ် မောင်လင်းထက်ကတော့ ဇာတိသွေး၊ဇာတိမာန်တွေထက်သန်လွန်းလို့ ပြက္ခဒိန်ပေါ်မှာတောင်

ကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေကိုရေးမှတ်ထားတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source Photo Credit: Original Uploder

zawgyi


















