Celebrities

ပရိသတ်တွေရဲ့ ဝေဖန်မှုကို ဆက်တိုက်ခံနေရတဲ့ သရုပ်ဆောင် ခန့်စည်သူ

သရုပ်ဆောင် ခန့်စည်သူကိုတော့ ပရိသတ်တွေက ဒီအရေးတော်ပုံကာလမှာ

အနုပညာရှင်တစ်ယောက်အနေနဲ့ ဘာမှ ဝင်မပါခဲ့တာကြောင့် ဝေဖန်ခဲ့ကြပါတယ်။

လက်တလောမှာတော့ သရုပ်ဆောင် ခန့်စည်သူက အရေးတော်ပုံမှာ ကျဆုံးသွားခဲ့သူများနဲ့ ထိခိုက်ဒဏ်ရာရသူတို့ကို

ကိုယ်တိုင်သွားရောက်လှူဒါန်းဖြစ်ခဲ့ကြောင်း သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ပရိသတ်တွေကတော့ ဖေဖော်ဝါရီ တစ်လလုံး ပျောက်နေခဲ့တဲ့ ခန့်စည်သူကို မကျေနပ်ကြပါဘူး။

အခုမှ အလှူထလုပ်ရုံနဲ့ ခွင့်လွှတ်မပေးနိုင်ဘူးလို့လဲ အကုန်လုံးက ဝိုင်းပြောခဲ့ပါတယ်။

ခန့်စည်သူဟာ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ယောက် ဖြစ်တာကြောင့်လဲ အခုလို ပြောဆိုကြတာ ဖြစ်နိုင်ပါတယ်။

ခန့်စည်သူ နည်းတူ စိုင်းစိုင်းခမ်းလှိုင်ကလဲ အပြင်းအထန် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

သရုပ်ဆောင်ခန့်စည်သူကတော့ ကျဆုံးသွားခဲ့သူများနဲ့ထိခိုက်ဒဏ်ရာ ရသူတို့ကို

အောက်ပါအတိုင်း အလှူငွေ (၃) သိန်းကျပ်စီ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

-ကိုဟိန်းထွဋ်အောင်(တ/ဒဂုံ)

(၂၈-၂-၂၀၂၁)

ကိုဟိန်းထွဋ်အောင် အတွက်ရည်စူး၍ သင်္ကန်း၊နာရေးအကူအလှူငွေ(၃)သိန်းနှင့်ကျန်ရစ်သူမိသားစုအတွက်

ဆန်၊ဆီနှင့်ပုဆိုးများ၊လုံခြည်များကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

-ကိုဖိုးချစ်(မ/ဒဂုံ)

(၃-၃-၂၀၂၁)

ကိုဖိုးချစ်အတွက် ရည်စူး၍ သင်္ကန်းခြင်း၊ နာရေးအကူ အလှူငွေ(၃) သိန်းနှင့် ၎င်း၏ဇနီး မသဲစုအတွက်

နားကပ်လေးတစ်ရံကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

-ကိုဇွဲထက်စိုး(မ/ဒဂုံ)

(၃-၃-၂၀၂၁)

ကိုဇွဲထက်စိုးအတွက် ရည်စူး၍ သင်္ကန်းခြင်း၊နာရေးအကူ အလှူငွေ (၃)သိန်းနှင့် ၎င်း၏ဇနီး မသက်ထားအတွက်

နားကပ်လေးတစ်ရံ၊ချစ်စရာကောင်းတဲ့ သမီးလေး ရွှေရုပ်လွှာအတွက်လည်း လက်စွပ်လေးတစ်ကွင်းကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

(မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါတယ်။ ကောင်းရာသုဂတိလားကြပါစေ လို့မေတ္တာပို့ အမျှဝေဆုတောင်းပေးခဲ့ပါတယ်။)

-ကိုမင်းသူရ (မ/ဒဂုံ)

မျက်စိတစ်ဖက် ထိခိုက်ပျက်စီးသွားတဲ့အတွက် (၆-၂-၂၀၂၁) ယနေ့ထိ ဆေးရုံကမဆင်းနိုင်သေးပါဘူး။

ကိုမင်းသူရအတွက် ဆေးကုသစားရိတ် အလှူငွေ(၂)သိန်းနှင့် ပုဆိုးများ၊တရားစာအုပ်များ၊

၎င်း၏မိခင်ကြီးအတွက် မောင်းကွင်းရွှေ လက်စွပ်လေး တစ်ကွင်း ကန်တော့ခဲ့ပါတယ်။

အမြန်ဆုံးသက်သာပျောက်ကင်းပြီး မိဘကို အလုပ်အကျွေးပြုနိုင်တဲ့ သားကောင်းရတနာဖြစ်ပါစေ။ ။

ဆိုပြီးရေးသားထားတာဖြစ်ပါတယ်

zawgyi

သ႐ုပ္ေဆာင္ ခန႔္စည္သူကိုေတာ့ ပရိသတ္ေတြက ဒီအေရးေတာ္ပုံကာလမွာ

အႏုပညာရွင္တစ္ေယာက္အေနနဲ႔ ဘာမွ ဝင္မပါခဲ့တာေၾကာင့္ ေဝဖန္ခဲ့ၾကပါတယ္။

လက္တေလာမွာေတာ့ သ႐ုပ္ေဆာင္ ခန႔္စည္သူက အေရးေတာ္ပုံမွာ က်ဆုံးသြားခဲ့သူမ်ားနဲ႔ ထိခိုက္ဒဏ္ရာရသူတို႔ကို

ကိုယ္တိုင္သြားေရာက္လႉဒါန္းျဖစ္ခဲ့ေၾကာင္း သူရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ေဖာ္ျပခဲ့ပါတယ္။

ဒါေပမဲ့ ပရိသတ္ေတြကေတာ့ ေဖေဖာ္ဝါရီ တစ္လလုံး ေပ်ာက္ေနခဲ့တဲ့ ခန႔္စည္သူကို မေက်နပ္ၾကပါဘူး။

အခုမွ အလႉထလုပ္႐ုံနဲ႔ ခြင့္လႊတ္မေပးႏိုင္ဘူးလို႔လဲ အကုန္လုံးက ဝိုင္းေျပာခဲ့ပါတယ္။

ခန႔္စည္သူဟာ စစ္တပ္အသိုင္းအဝိုင္းနဲ႔ နီးစပ္သူတစ္ေယာက္ ျဖစ္တာေၾကာင့္လဲ အခုလို ေျပာဆိုၾကတာ ျဖစ္ႏိုင္ပါတယ္။

ခန႔္စည္သူ နည္းတူ စိုင္းစိုင္းခမ္းလႈိင္ကလဲ အျပင္းအထန္ ေဝဖန္ခံေနရတာ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ခန႔္စည္သူကေတာ့ က်ဆုံးသြားခဲ့သူမ်ားနဲ႔ထိခိုက္ဒဏ္ရာ ရသူတို႔ကို

ေအာက္ပါအတိုင္း အလႉေငြ (၃) သိန္းက်ပ္စီ လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။

-ကိုဟိန္းထြဋ္ေအာင္(တ/ဒဂုံ)

(၂၈-၂-၂၀၂၁)

ကိုဟိန္းထြဋ္ေအာင္ အတြက္ရည္စူး၍ သကၤန္း၊နာေရးအကူအလႉေငြ(၃)သိန္းႏွင့္က်န္ရစ္သူမိသားစုအတြက္

ဆန္၊ဆီႏွင့္ပုဆိုးမ်ား၊လုံျခည္မ်ားကို ေပးအပ္လႉဒါန္းခဲ့ပါတယ္။

-ကိုဖိုးခ်စ္(မ/ဒဂုံ)

(၃-၃-၂၀၂၁)

ကိုဖိုးခ်စ္အတြက္ ရည္စူး၍ သကၤန္းျခင္း၊ နာေရးအကူ အလႉေငြ(၃) သိန္းႏွင့္ ၎၏ဇနီး မသဲစုအတြက္

နားကပ္ေလးတစ္ရံကို ေပးအပ္လႉဒါန္းခဲ့ပါတယ္။

-ကိုဇြဲထက္စိုး(မ/ဒဂုံ)

(၃-၃-၂၀၂၁)

ကိုဇြဲထက္စိုးအတြက္ ရည္စူး၍ သကၤန္းျခင္း၊နာေရးအကူ အလႉေငြ (၃)သိန္းႏွင့္ ၎၏ဇနီး မသက္ထားအတြက္

နားကပ္ေလးတစ္ရံ၊ခ်စ္စရာေကာင္းတဲ့ သမီးေလး ေ႐ႊ႐ုပ္လႊာအတြက္လည္း လက္စြပ္ေလးတစ္ကြင္းကို ေပးအပ္လႉဒါန္းခဲ့ပါတယ္။

(မိသားစုမ်ားႏွင့္ထပ္တူ ေၾကကြဲဝမ္းနည္းရပါတယ္။ ေကာင္းရာသုဂတိလားၾကပါေစ လို႔ေမတၱာပို႔ အမွ်ေဝဆုေတာင္းေပးခဲ့ပါတယ္။)

-ကိုမင္းသူရ (မ/ဒဂုံ)

မ်က္စိတစ္ဖက္ ထိခိုက္ပ်က္စီးသြားတဲ့အတြက္ (၆-၂-၂၀၂၁) ယေန႔ထိ ေဆး႐ုံကမဆင္းႏိုင္ေသးပါဘူး။

ကိုမင္းသူရအတြက္ ေဆးကုသစားရိတ္ အလႉေငြ(၂)သိန္းႏွင့္ ပုဆိုးမ်ား၊တရားစာအုပ္မ်ား၊

၎၏မိခင္ႀကီးအတြက္ ေမာင္းကြင္းေ႐ႊ လက္စြပ္ေလး တစ္ကြင္း ကန္ေတာ့ခဲ့ပါတယ္။

အျမန္ဆုံးသက္သာေပ်ာက္ကင္းၿပီး မိဘကို အလုပ္အေကြၽးျပဳႏိုင္တဲ့ သားေကာင္းရတနာျဖစ္ပါေစ။ ။

ဆိုၿပီးေရးသားထားတာျဖစ္ပါတယ္