International News

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပထမဆုံး အိန္ဒိယ ကိုဗစ်မူကွဲ ဗိုင်းရပ်စ် ကူးစက်သူများ တွေ့ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပထမဆုံး အိန္ဒိယ ကိုဗစ်မူကွဲ

ဗိုင်းရပ်စ် ကူးစက်သူများ တွေ့ရှိ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အိန္ဒိယနိုင်ငံမှာ ပထမဆုံး စတင်တွေ့ရှိထားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် မူကွဲအမျိုးအစား

ကူးစက်ထားသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စတင်စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနက

စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံနဲ့ နယ်စပ်အဝင်အထွက်ကို ပိတ်ပစ်လိုက်ပြီး

သီတင်းပတ်ချီအကြာမှာ အခုလို တစ်ဖက်က ဗိုင်းရပ်စ်မျိုးကွဲကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အိန္ဒိယမူကွဲဗိုင်းရပ်စ် ကူးစက်ထားသူ ၆ ဦး တွေ့ရှိခဲ့တာဖြစ်တယ်လို့

ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး နာစီမာ ဆူလ်တာနာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ကူးစက်မှုနှစ်ခုက အိန္ဒိယဗိုင်းရပ်စ်လို့ အတည်ပြုထားနိုင်ပြီး အခြား ကူးစက်မှုတွေကတော့

ယင်းမူကွဲဗိုင်းရပ်စ်နဲ့ အတော်နီးစပ်မှုရှိတယ်လို့ ဆူလ်တာနာက ဆိုခဲ့ပြီး ၎င်းတို့အားလုံးဟာ

မကြာခင်က အိန္ဒိယနိုင်ငံမှ ပြန်ရောက်လာကြသူတွေဖြစ်ကာ သီးခြားခွဲထားသူတွေဖြစ်တယ်လို့ ဆက်လက် ပြောဆိုခဲ့ပါတယ်။

အိန္ဒိယ မူကွဲဗိုင်းရပ်စ်ဟာ ကူးစက်မှုအလွန်လျင်မြန်တာကြောင့် လူတွေအနေနဲ့ အလေးဂရုပြုဖို့လိုပြီး

နှာခေါင်းစည်းတပ်ဆင်တာ၊ ခပ်ခွာခွာနေတာ၊ လက်ဆေးတာတွေအပါအဝင် ကျန်းမာရေးဆိုင်ရာ

လမ်းညွှန်ချက်တွေကို တင်းတင်းကြပ်ကြပ်လိုက်နာဖို့လိုတယ်လို့ဆိုပါတယ်။

B1617 လို့ အမည်ပေးထားတဲ့ ယင်း မူကွဲဗိုင်းရပ်စ် တွေ့ရှိထားတဲ့နိုင်ငံတွေထဲမှာ ဗြိတိန်၊

အီရန်မှသည် ဆွစ်ဇာလန်အထိ နိုင်ငံပေါင်း ၁၇ နိုင်ငံထက်မနည်းမှာ

တွေ့ရှိထားပြီဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။

CNA

[email protected] AKonThi

zawgyi

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ပထမဆုံး အိႏၵိယ ကိုဗစ္မူကြဲ

ဗိုင္းရပ္စ္ ကူးစက္သူမ်ား ေတြ႕ရွိ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အိႏၵိယႏိုင္ငံမွာ ပထမဆုံး စတင္ေတြ႕ရွိထားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ မူကြဲအမ်ိဳးအစား

ကူးစက္ထားသူေတြကို ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ စတင္စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း က်န္းမာေရးဦးစီးဌာနက

စေနေန႔မွာ ေျပာဆိုခဲ့ပါတယ္။ အိမ္နီးခ်င္းႏိုင္ငံနဲ႔ နယ္စပ္အဝင္အထြက္ကို ပိတ္ပစ္လိုက္ၿပီး

သီတင္းပတ္ခ်ီအၾကာမွာ အခုလို တစ္ဖက္က ဗိုင္းရပ္စ္မ်ိဳးကြဲကို ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္မွာ အိႏၵိယမူကြဲဗိုင္းရပ္စ္ ကူးစက္ထားသူ ၆ ဦး ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔

က်န္းမာေရးဦးစီးဌာန ၫႊန္ၾကားေရးမႉး နာစီမာ ဆူလ္တာနာက သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

ကူးစက္မႈႏွစ္ခုက အိႏၵိယဗိုင္းရပ္စ္လို႔ အတည္ျပဳထားႏိုင္ၿပီး အျခား ကူးစက္မႈေတြကေတာ့

ယင္းမူကြဲဗိုင္းရပ္စ္နဲ႔ အေတာ္နီးစပ္မႈရွိတယ္လို႔ ဆူလ္တာနာက ဆိုခဲ့ၿပီး ၎တို႔အားလုံးဟာ

မၾကာခင္က အိႏၵိယႏိုင္ငံမွ ျပန္ေရာက္လာၾကသူေတြျဖစ္ကာ သီးျခားခြဲထားသူေတြျဖစ္တယ္လို႔ ဆက္လက္ ေျပာဆိုခဲ့ပါတယ္။

အိႏၵိယ မူကြဲဗိုင္းရပ္စ္ဟာ ကူးစက္မႈအလြန္လ်င္ျမန္တာေၾကာင့္ လူေတြအေနနဲ႔ အေလးဂ႐ုျပဳဖို႔လိုၿပီး

ႏွာေခါင္းစည္းတပ္ဆင္တာ၊ ခပ္ခြာခြာေနတာ၊ လက္ေဆးတာေတြအပါအဝင္ က်န္းမာေရးဆိုင္ရာ

လမ္းၫႊန္ခ်က္ေတြကို တင္းတင္းၾကပ္ၾကပ္လိုက္နာဖို႔လိုတယ္လို႔ဆိုပါတယ္။

B1617 လို႔ အမည္ေပးထားတဲ့ ယင္း မူကြဲဗိုင္းရပ္စ္ ေတြ႕ရွိထားတဲ့ႏိုင္ငံေတြထဲမွာ ၿဗိတိန္၊

အီရန္မွသည္ ဆြစ္ဇာလန္အထိ ႏိုင္ငံေပါင္း ၁၇ ႏိုင္ငံထက္မနည္းမွာ

ေတြ႕ရွိထားၿပီျဖစ္ကာ ကမာၻလုံးဆိုင္ရာ စိုးရိမ္ပူပန္မႈေတြ ျဖစ္ေပၚေနခဲ့ပါတယ္။

CNA

[email protected] AKonThi