News

မုဒုံအနီးအနား ရွာက မွန်အဖွားကြီး ၉ ဦးကို CB ဘဏ်ရှေ့ တန်းစီနေလို့ဘဲ ဖမ်းခံထိ

#မုဒုံ_အထူးသတင်း။

မုဒုံအနီးအနား ရွာက မွန်အဖွားကြီး ၉ ဦးကို

မုဒုံရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။

အကြောင်းအရင်းကတော့ မနေ့ ညဦးပိုင်းကတည်းက

ထမင်းထုတ်များယူလာပြီး ငွေထုတ်တိုကင်ယူရန်

CB ဘဏ်ရှေ့ တန်းစီနေလို့ဘဲ ဖြစ်ပါတယ်။

မုဒုံ CB ဘဏ်က မနက်အစော ၁ နာရီမှာ

ဘဏ်တိုကင် စဝေပါတယ်။

ဘဏ်တိုကင်အတွက် လူစားဦးပေးရင်

တစ်နေရာစာကို တစ်သောင်းပေါက်စျေး ရှိနေပါတယ်။

တစ်သောင်းမပေးနိုင်တဲ့ မွန်အဖွားကြီး ၉ ယောက်ကတော့ ထမင်းထုတ်နဲ့

လာတန်းစီရင်းကနေ ညမထွက်ရအမိန့်နဲ့ ရဲစခန်းက ဖမ်းဆီးလိုက်ခြင်းဖြစ်ပါတယ်။

လူအပြင် ဆိုင်ကယ်တွေပါ အဖမ်းခံရပါတယ်။

ညှိနှိုင်းချက်အရတော့

လူလွတ်ချင်ရင် ၃ သိန်းပေးရပါမယ်။

ဆိုင်ကယ်ပြန်ရချင်ရင်တော့ ၅သိန်း ပေါက်စျေးရှိပါတယ်။

ဖွတ်မရ ဓားမဆုံးတော့ ဖြစ်နေပါပြီ။

မွန်အဖွားကြီးတွေ ခင်ဗျာ

CB ဘဏ်ကနေ ငွေလည်းမရ။

ရဲစခန်းကို ပေးရမဲ့ငွေလည်း မလောက်။

မအလ အာဏာရူးတာကြောင့်

မုဒုံက မွန်အဖွားကြီးတွေ ဒုက္ခရောက်နေပါကြောင်း။

(George swezone )

Kyaikmayaw / Mudon News

zawgyi

မုဒုံ_အထူးသတင်း။







ဘဏ်တိုကင် စဝေပါတယ်။


တစ်နေရာစာကို တစ်သောင်းပေါက်ဈေး ရှိနေပါတယ်။






ဆိုင်ကယ်ပြန်ရချင်ရင်တော့ ၅သိန်း ပေါက်ဈေးရှိပါတယ်။



CB ဘဏ်ကနေ ငွေလည်းမရ။


မအလ အာဏာရူးတာကြောင့်


(George swezone )

Kyaikmayaw / Mudon News