News

ဆက်တိုက်မြင့်တက်နေတဲ့ရွှေဈေးနဲ့ တိုင်းပြည် အနာဂတ်

မြင့်တက်နေတဲ့ရွှေဈေး ဘာဆက်ဖြစ်နိုင်မလဲ

မြန်မာ့ရွှေဈေး ၁၅ သိန်းကျော်ထိ မြင့်တက်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်တွေအပေါ်

ယုံကြည်မှုနည်းလာကာ ရွှေဝယ်စုသူတွေ များလာတာကြောင့်

မြန်မာ့ရွှေဈေးကွက်ဟာ တစ်ကျပ်သားကို ကျပ် ၁၅ သိန်းကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

ငွေသားကိုင်မထားချင်တဲ့ ပြည်သူတွေက တနိုင်တပိုင် ရွှေထည် ဝယ်ယူစုဆောင်းနေကြပေမယ့်

ရွှေဈေးကွက် လက်ကြီးသမားတွေကြားမှာတော့

အရောင်းအဝယ် မရှိသလောက်နည်းတယ်လို့

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအုန်းမြိုင်ကပြောပါတယ်။

တစ်ဖက်မှာ ကမ္ဘာ့ရွှေဈေးနှုန်းကလည်း မြင့်တက်နေသလို တစ်အောင်စကို

အမေရိကန် ဒေါ်လာ ၁၈၁၉အထိ ရောက်လာပါတယ်။

ဒေါ်လာငွေလဲနှုန်းဟာလည်း မေလ ၇ ရက်နေ့မှာ တစ်ဒေါ်လာကို ၁၆၀၀ ကျော်အထိ

မြင့်တက်ခဲ့တယ်လို့ ပြည်တွင်းဈေးကွက်တွေမှာ ဖော်ပြကြပါတယ်။

ဒေါ်လာဈေး၊ ကမ္ဘာ့ရွှေဈေးတက်ရင် မြန်မာ့ရွှေဈေးလည်း မြင့်တက်လာတာကြောင့်

အစိုးရအနေနဲ့ အရင်ရက်က ထုတ်ရောင်းခဲ့သလို

ဒေါ်လာတွေ ထပ်ထုတ်ရောင်းပေးရင် ရွှေဈေး ပြန်ပြုတ်ကျသွားလိမ့်မယ်လို့

ဝါရင့်ရွှေလုပ်ငန်းရှင် ဦးဇော်ဇော်အောင်က သုံးသပ်ပါတယ်။

“လူတွေစီးပွားရေးမကောင်း၊ တိုင်းပြည်အခြေအနေမကောင်း၊ ကမ္ဘာ့အခြေအနေမကောင်းရင် ရွှေဈေးက တက်ပြီ။

ဒီတိုင်းပဲ ဆက်သွားရင် ရွှေဈေးက ၁၅ သိန်း အပေါ်မှာပဲ ရှိနေမှာပဲ”လို့လည်း ဦးဇော်ဇော်အောင်က ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကာလ ၂၀၂၀ ခုနှစ်အတွင်းမှာတော့ အကယ်ဒမီအခေါက်ရွှေ

တစ်ကျပ်သားကို ကျပ်ငွေ ၁၂ သိန်းကျော်နဲ့ ၁၃ အတွင်းမှာ တည်ငြိမ်နေခဲ့တာပါ။

ဒါပေမဲ့ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်းတွေနဲ့အတူ

မြန်မာ့ရွှေဈေးကလည်း တစစ မြင့်တက်လာနေတာ ဖြစ်ပါတယ်။

zawgyi

ျမင့္တက္ေနတဲ့ေ႐ႊေဈး ဘာဆက္ျဖစ္ႏိုင္မလဲ

ျမန္မာ့ေ႐ႊေဈး ၁၅ သိန္းေက်ာ္ထိ ျမင့္တက္

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဘဏ္ေတြအေပၚ

ယုံၾကည္မႈနည္းလာကာ ေ႐ႊဝယ္စုသူေတြ မ်ားလာတာေၾကာင့္

ျမန္မာ့ေ႐ႊေဈးကြက္ဟာ တစ္က်ပ္သားကို က်ပ္ ၁၅ သိန္းေက်ာ္အထိ စံခ်ိန္တင္ ျမင့္တက္ခဲ့ပါတယ္။

ေငြသားကိုင္မထားခ်င္တဲ့ ျပည္သူေတြက တႏိုင္တပိုင္ ေ႐ႊထည္ ဝယ္ယူစုေဆာင္းေနၾကေပမယ့္

ေ႐ႊေဈးကြက္ လက္ႀကီးသမားေတြၾကားမွာေတာ့

အေရာင္းအဝယ္ မရွိသေလာက္နည္းတယ္လို႔

ျမန္မာႏိုင္ငံေ႐ႊလုပ္ငန္းရွင္မ်ားအသင္း အတြင္းေရးမႉး ဦးအုန္းၿမိဳင္ကေျပာပါတယ္။

တစ္ဖက္မွာ ကမာၻ႔ေ႐ႊေဈးႏႈန္းကလည္း ျမင့္တက္ေနသလို တစ္ေအာင္စကို

အေမရိကန္ ေဒၚလာ ၁၈၁၉အထိ ေရာက္လာပါတယ္။

ေဒၚလာေငြလဲႏႈန္းဟာလည္း ေမလ ၇ ရက္ေန႔မွာ တစ္ေဒၚလာကို ၁၆၀၀ ေက်ာ္အထိ

ျမင့္တက္ခဲ့တယ္လို႔ ျပည္တြင္းေဈးကြက္ေတြမွာ ေဖာ္ျပၾကပါတယ္။

ေဒၚလာေဈး၊ ကမာၻ႔ေ႐ႊေဈးတက္ရင္ ျမန္မာ့ေ႐ႊေဈးလည္း ျမင့္တက္လာတာေၾကာင့္

အစိုးရအေနနဲ႔ အရင္ရက္က ထုတ္ေရာင္းခဲ့သလို

ေဒၚလာေတြ ထပ္ထုတ္ေရာင္းေပးရင္ ေ႐ႊေဈး ျပန္ျပဳတ္က်သြားလိမ့္မယ္လို႔

ဝါရင့္ေ႐ႊလုပ္ငန္းရွင္ ဦးေဇာ္ေဇာ္ေအာင္က သုံးသပ္ပါတယ္။

“လူေတြစီးပြားေရးမေကာင္း၊ တိုင္းျပည္အေျခအေနမေကာင္း၊ ကမာၻ႔အေျခအေနမေကာင္းရင္ ေ႐ႊေဈးက တက္ၿပီ။

ဒီတိုင္းပဲ ဆက္သြားရင္ ေ႐ႊေဈးက ၁၅ သိန္း အေပၚမွာပဲ ရွိေနမွာပဲ”လို႔လည္း ဦးေဇာ္ေဇာ္ေအာင္က ဆိုပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကမာၻ႔ကပ္ေရာဂါကာလ ၂၀၂၀ ခုႏွစ္အတြင္းမွာေတာ့ အကယ္ဒမီအေခါက္ေ႐ႊ

တစ္က်ပ္သားကို က်ပ္ေငြ ၁၂ သိန္းေက်ာ္နဲ႔ ၁၃ အတြင္းမွာ တည္ၿငိမ္ေနခဲ့တာပါ။

ဒါေပမဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံျခားေငြလဲႏႈန္းေတြနဲ႔အတူ

ျမန္မာ့ေ႐ႊေဈးကလည္း တစစ ျမင့္တက္လာေနတာ ျဖစ္ပါတယ္။