News

ဘဏ္ေတြမွာ ထုတ္ေပးစရာ ျမန္မာက်ပ္ေငြ အလြန္နည္း ပါးေနၿပီလား (သတင္း႐ုပ္သံ)

(႐ုပ္သံဖိုင္ကို ေအာက္မွာၾကည့္ရႈပါရန္)

အၾကမ္းဖက္စစ္ေကာင္စီက ပုဂလိကဘဏ္မ်ားတြင္ အနည္းဆုံးထားရွိရမည့္ ျမန္မာက်ပ္ေငြ

သီးသန႔္ေငြလိုအပ္ခ်က္ MRR ကို ၃ ရာခိုင္ႏႈန္းသို႔ ေလွ်ာ့ခ် ေျပာင္း လဲလိုက္ၿပီး

ယင္းသို႔ ေျပာင္းလဲမႈသည္ ဘဏ္မ်ားတြင္ ျမန္မာက်ပ္ေငြ အလြန္ နည္းပါးမႈ

အေျခအေနကို ျပသေနေၾကာင္း စီးပြားေရးေလာကအတြင္း သုံးသပ္မႈမ်ားရွိေနသည္။

အၾကမ္းဖက္စစ္ေကာင္စီအေပၚ ျပည္သူမ်ားက ယုံၾကည္မႈမရွိရာမွ

စီးပြားေရးနယ္ပယ္ႏွင့္ဘဏ္မ်ားအေပၚပါ ႐ိုက္ခတ္လာေၾကာင္း၊

ကိုဗစ္ ပထမလႈိင္းတြင္ ယိုင္နဲ႔ေနေသာစီးပြားေရးမွာ အၾကမ္းဖက္စစ္ေကာင္စီ၏

အာဏာသိမ္းမႈေၾကာင့္ ပ်က္စီး အနာဂတ္ေပ်ာက္သြားျခင္း၊

မူမမွန္ေသာ အမိန႔္မ်ားေၾကာင့္ ေငြေၾကးႏွင့္ ဘဏ္နယ္ပယ္တစ္ခုလုံးကို မယုံၾကည္ေတာ့ျခင္းမ်ာ

း ျဖစ္ေပၚလာသည္ဟု စီးပြားေရးကြၽမ္းက်င္သူတစ္ဦးက ဆိုသည္။

“Trust ေပ်ာက္တာ။ အဲဒါက ေၾကာက္စရာအေကာင္းဆုံးပဲ။

ေနာက္တစ္ခုက ေရွ႕ဆက္ဘာျဖစ္မလဲဆိုတာ မွန္းလို႔မရေတာ့တာ။

ဘဏ္ေတြၿပိဳမလားေမးရင္ မသိဘူးလို႔ပဲေျဖရမယ္။ မၿပိဳဘူးလားလို႔လည္း

ခိုင္ခိုင္မာမာေျပာႏိုင္တဲ့ အခ်က္အလက္မရွိျပန္ဘူး။

Trust မရွိေတာ့ရင္ ပုံမွန္မဟုတ္တဲ့အမိန႔္ေတြ ရွိလာရင္ စီးပြားေရးသီအိုရီေတြ

သင္ထားတာေတြက ေျမာင္းထဲမွာပါ” ဟု စီးပြားေရးကြၽမ္းက်င္သူက ဆိုသည္။

လက္ရွိအေျခအေနသည္ ႏိုင္ငံေရးအေျခအေန ထပ္မံဆိုးဝါးလာလွ်င္ ေငြေၾကးေဖာင္းပြမႈႏႈန္းႏွင့္

က်ပ္ေငြတန္ဖိုး ထိုးက်မႈကို ထိန္းသိမ္းရန္မလြယ္ကူဟု ၎က ဆိုသည္။

ေငြသားထုတ္ယူလက္ဝယ္ထားရွိေနမႈဟာ အာမခံခ်က္မရွိဘူးလို႔ ဗဟိုဘဏ္ ဒုဥကၠဌ ဦးဝင္းေသာ္ သတိေပး

ဘဏ္ေတြမွာ ေငြကို အကန႔္အသတ္နဲ႔ ထုတ္ေပးေနတာဟာ တိုင္းျပည္ စီးပြားေရးစီမံခ်က္ေတြ

ပ်က္ျပားေအာင္ ႏိုင္ငံေရးအရ လႈံ႕ေဆာ္ေနတာေတြေၾကာင့္ ျဖစ္ၿပီး

အခု မိုဘိုင္းဖုံးကတဆင့္ ေငြလႊဲတဲ့လုပ္ငန္းေတြ ပုံမွန္ျပန္ျဖစ္ေနပါၿပီလို႔ ျမန္မာႏိုင္ငံ ဗဟိုဘဏ္

ဒုဥကၠဌ ဦးဝင္းေသာ္က ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈေၾကာင့္ ႏိုင္ငံစီးပြားေရး မတည္မၿငိမ္ျဖစ္ေနတဲ့အခ်ိန္ ဘဏ္လုပ္ငန္းေတြ ပုံမွန္လည္ပတ္ဖို႔

အခက္အခဲ ႀကဳံေနရၿပီး ATM ေငြထုတ္စက္ေတြမွာ ေန႔စဥ္နဲ႔အမွ် ေငြထုတ္သူေတြ ရာနဲ႔ခ်ီ တန္းစီေစာင့္ဆိုင္းေနၾကရပါတယ္။

အကန႔္အသတ္နဲ႔ ေငြထုတ္ခြင့္ ေပးေနတဲ့အေပၚ ေငြအပ္ႏွံသူေတြရဲ႕ စိုးရိမ္စိတ္ေတြေၾကာင့္

ဘဏ္လုပ္ငန္း အက်ပ္အတည္းကို ပိုၿပီး ရင္ဆိုင္ေနရတာလို႔ ဗဟိုဘဏ္ တာဝန္ရွိသူ တဦးကလည္း ကို ေျပာဆိုပါတယ္။

လူေတာ္ေတာ္မ်ားမ်ားက ဘဏ္ေတြအေပၚ ယုံၾကည္မႈနည္းလာၿပီး အိမ္မွာပဲ ေငြေတြ သိမ္းထားခ်င္ၾကတာေၾကာင့္

အပ္တဲ့သူေတြက မအပ္ဘဲ ထုတ္တဲ့သူေတြက မ်ားလာေနပါတယ္။

ဘဏ္ဝန္ထမ္းေတြ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ ပါဝင္ၿပီး ႐ုံးမတက္ၾကတာေၾကာင့္ ဘဏ္ေတြ ဖြင့္ဖို

အခက္အခဲျဖစ္ခဲ့ရတယ္လို႔ ဘဏ္လုပ္ငန္းရွင္ေတြက ေျပာပါတယ္။

ဘဏ္လုပ္ငန္း အက်ပ္အတည္းေၾကာင့္ COVID-19 ေရာဂါကူးစက္မႈေတြၾကား

ထိခိုက္ခဲ့ရတဲ့ တိုင္းျပည္စီးပြားေရးဟာ ေနာက္ထပ္ ပိုဆိုးလာႏိုင္သလို၊

အစားအေသာက္ ရွားပါးမႈေတြ ႀကဳံရတဲ့ အ ႏၲ ရယ္ကိုပါ ရင္ဆိုင္ရႏိုင္တယ္လို႔ ႏိုင္ငံတကာ

ေငြေၾကးအဖြဲ႕အစည္းေတြနဲ႔ ေလ့လာသူေတြက သတိေပးေနၾကပါတယ္။

unicode

(ရုပ်သံဖိုင်ကို အောက်မှာကြည့်ရှုပါရန်)

အကြမ်းဖက်စစ်ကောင်စီက ပုဂလိကဘဏ်များတွင် အနည်းဆုံးထားရှိရမည့် မြန်မာကျပ်ငွေ

သီးသန့်ငွေလိုအပ်ချက် MRR ကို ၃ ရာခိုင်နှုန်းသို့ လျှော့ချ ပြောင်း လဲလိုက်ပြီး

ယင်းသို့ ပြောင်းလဲမှုသည် ဘဏ်များတွင် မြန်မာကျပ်ငွေ အလွန် နည်းပါးမှု

အခြေအနေကို ပြသနေကြောင်း စီးပွားရေးလောကအတွင်း သုံးသပ်မှုများရှိနေသည်။

အကြမ်းဖက်စစ်ကောင်စီအပေါ် ပြည်သူများက ယုံကြည်မှုမရှိရာမှ

စီးပွားရေးနယ်ပယ်နှင့်ဘဏ်များအပေါ်ပါ ရိုက်ခတ်လာကြောင်း၊

ကိုဗစ် ပထမလှိုင်းတွင် ယိုင်နဲ့နေသောစီးပွားရေးမှာ အကြမ်းဖက်စစ်ကောင်စီ၏

အာဏာသိမ်းမှုကြောင့် ပျက်စီး အနာဂတ်ပျောက်သွားခြင်း၊

မူမမှန်သော အမိန့်များကြောင့် ငွေကြေးနှင့် ဘဏ်နယ်ပယ်တစ်ခုလုံးကို မယုံကြည်တော့ခြင်းမျာ

း ဖြစ်ပေါ်လာသည်ဟု စီးပွားရေးကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

“Trust ပျောက်တာ။ အဲဒါက ကြောက်စရာအကောင်းဆုံးပဲ။

နောက်တစ်ခုက ရှေ့ဆက်ဘာဖြစ်မလဲဆိုတာ မှန်းလို့မရတော့တာ။

ဘဏ်တွေပြိုမလားမေးရင် မသိဘူးလို့ပဲဖြေရမယ်။ မပြိုဘူးလားလို့လည်း

ခိုင်ခိုင်မာမာပြောနိုင်တဲ့ အချက်အလက်မရှိပြန်ဘူး။

Trust မရှိတော့ရင် ပုံမှန်မဟုတ်တဲ့အမိန့်တွေ ရှိလာရင် စီးပွားရေးသီအိုရီတွေ

သင်ထားတာတွေက မြောင်းထဲမှာပါ” ဟု စီးပွားရေးကျွမ်းကျင်သူက ဆိုသည်။

လက်ရှိအခြေအနေသည် နိုင်ငံရေးအခြေအနေ ထပ်မံဆိုးဝါးလာလျှင် ငွေကြေးဖောင်းပွမှုနှုန်းနှင့်

ကျပ်ငွေတန်ဖိုး ထိုးကျမှုကို ထိန်းသိမ်းရန်မလွယ်ကူဟု ၎င်းက ဆိုသည်။

ငွေသားထုတ်ယူလက်ဝယ်ထားရှိနေမှုဟာ အာမခံချက်မရှိဘူးလို့ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော် သတိပေး

ဘဏ်တွေမှာ ငွေကို အကန့်အသတ်နဲ့ ထုတ်ပေးနေတာဟာ တိုင်းပြည် စီးပွားရေးစီမံချက်တွေ

ပျက်ပြားအောင် နိုင်ငံရေးအရ လှုံ့ဆော်နေတာတွေကြောင့် ဖြစ်ပြီး

အခု မိုဘိုင်းဖုံးကတဆင့် ငွေလွှဲတဲ့လုပ်ငန်းတွေ ပုံမှန်ပြန်ဖြစ်နေပါပြီလို့ မြန်မာနိုင်ငံ ဗဟိုဘဏ်

ဒုဥက္ကဌ ဦးဝင်းသော်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံစီးပွားရေး မတည်မငြိမ်ဖြစ်နေတဲ့အချိန် ဘဏ်လုပ်ငန်းတွေ ပုံမှန်လည်ပတ်ဖို့

အခက်အခဲ ကြုံနေရပြီး ATM ငွေထုတ်စက်တွေမှာ နေ့စဉ်နဲ့အမျှ ငွေထုတ်သူတွေ ရာနဲ့ချီ တန်းစီစောင့်ဆိုင်းနေကြရပါတယ်။

အကန့်အသတ်နဲ့ ငွေထုတ်ခွင့် ပေးနေတဲ့အပေါ် ငွေအပ်နှံသူတွေရဲ့ စိုးရိမ်စိတ်တွေကြောင့်

ဘဏ်လုပ်ငန်း အကျပ်အတည်းကို ပိုပြီး ရင်ဆိုင်နေရတာလို့ ဗဟိုဘဏ် တာဝန်ရှိသူ တဦးကလည်း ကို ပြောဆိုပါတယ်။

လူတော်တော်များများက ဘဏ်တွေအပေါ် ယုံကြည်မှုနည်းလာပြီး အိမ်မှာပဲ ငွေတွေ သိမ်းထားချင်ကြတာကြောင့်

အပ်တဲ့သူတွေက မအပ်ဘဲ ထုတ်တဲ့သူတွေက များလာနေပါတယ်။

ဘဏ်ဝန်ထမ်းတွေ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ရုံးမတက်ကြတာကြောင့် ဘဏ်တွေ ဖွင့်ဖို

အခက်အခဲဖြစ်ခဲ့ရတယ်လို့ ဘဏ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဘဏ်လုပ်ငန်း အကျပ်အတည်းကြောင့် COVID-19 ရောဂါကူးစက်မှုတွေကြား

ထိခိုက်ခဲ့ရတဲ့ တိုင်းပြည်စီးပွားရေးဟာ နောက်ထပ် ပိုဆိုးလာနိုင်သလို၊

အစားအသောက် ရှားပါးမှုတွေ ကြုံရတဲ့ အ န္တ ရယ်ကိုပါ ရင်ဆိုင်ရနိုင်တယ်လို့ နိုင်ငံတကာ

ငွေကြေးအဖွဲ့အစည်းတွေနဲ့ လေ့လာသူတွေက သတိပေးနေကြပါတယ်။