News

အိန္ဒိယမှာ ကိုဗစ်ကြောင့် ပထမဆုံးအကြိမ်အဖြစ် တစ်နေ့တာ သေဆုံးဦးရေ ၄၀၀၀ ကျော်ခဲ့

အိန္ဒိယမှာ ကိုဗစ်ကြောင့် ပထမဆုံးအကြိမ်အဖြစ် တစ်နေ့တာ သေဆုံးဦးရေ ၄၀၀၀ ကျော်ခဲ့

—အကုန်သိ သတင်းဌာန—

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ပထမဆုံးအကြိမ်အဖြစ် တစ်နေ့တာ သေဆုံးဦးရေ ၄၀၀၀

ကျော်ဖြစ်ခဲ့ကြောင်း အစိုးရက စနေနေ့(မေ ၈) မှာ ထုတ်ပြန်ပါတယ်။

သေဆုံးဦးရေ ၄၁၈၇ ဦး ရှိခဲ့ခြင်းဖြစ်ကာ ကပ်ရောဂါစတင်ချိန်ကနေ အခုချိန်အထိဆိုရင် အိန္ဒိယမှာ

စုစုပေါင်း သေဆုံးဦးရေ ၂၃၈၂၇၀ ဦးသို့ ရောက်ရှိသွားကြောင်း သိရပါတယ်။ ဒါ့အပြင် ၂၄ နာရီအတွင်း

ထပ်တိုး ပိုးတွေ့လူနာ ၄၀၁၀၇၈ ဦးရှိခဲ့တာကြောင့် စုစုပေါင်း ပိုးတွေ့လူနာ ၂၁.၉ သန်းနီးပါး ရှိလာပြီလို့ဆိုပါတယ်။

နယူးဒေလီနဲ့ မွမ်ဘိုင်းတို့လို အဓိက မြို့ကြီးတွေမှာတော့ အောက်ဆီဂျင်ဘူးတွေ ထပ်မံပေးပို့ထားခြင်း၊

ဆေးရုံကုတင်သစ်တွေ ထပ်တိုးလိုက်ခြင်းနဲ့အတူ ယခုအခါ အခြေအနေ တည်ငြိမ်နေပြီး တောင်ပိုင်းပြည်နယ်တွေနဲ့

ကျေးလက်ဒေသတွေမှာ ကိုဗစ်ကူးစက်မှု မြန်ဆန်နေပါတယ်။

အိုင်တီအချက်အချာဖြစ်တဲ့ ဘန်ဂလိုးမြို့တည်ရှိရာ ကာနာတာကာပြည်နယ်မှာ ဗိုင်းရပ်စ် ပျံနှံ့မှုကို

ထိန်းချုပ်နိုင်ရေးအလို့ငှာ ပြည်နယ်တစ်ဝန်း တနင်္လာနေ့မှစပြီး နှစ်ပတ်ကြာ lockdown သတ်မှတ်ကြောင်း

အမိန့်ထုတ်ခဲ့ပါတယ်။ ဧပြီတစ်လလုံးမှာ ကိုဗစ်ကြောင့် သေဆုံးဦးရေ ၁၉၀၇ ဦး ရှိခဲ့တဲ့ ဘန်ဂလိုးဟာ

မေလ ပထမသီတင်းပတ် ၇ ရက်မှာပဲ သေဆုံးသူ ၉၅၀ ရှိခဲ့ပါတယ်။ အောက်ဆီဂျင် ပြတ်လပ်မှုနဲ့

အရေးပေါ် လူနာတင်ကုတင် မလုံလောက်မှုတွေကြောင့် သေဆုံးနှုန်း

မထင်မှတ်လောက်အောင် မြင့်တက်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။

လူဦးရေ ၉ သန်းခန့်ရှိတဲ့ မြို့မှာ ဧပြီလ ၂၅ ရက်ကစလို့ အသွားအလာကန့်သတ်တာမျိုးတွေ လုပ်ခဲ့ပေမယ့်

ကူးစက် သေဆုံးစာရင်းတွေကတော့ ရပ်တန့်မသွားခဲ့ကြောင်း သိရပါတယ်။ CNA

zawgyi

အိႏၵိယမွာ ကိုဗစ္ေၾကာင့္ ပထမဆုံးအႀကိမ္အျဖစ္ တစ္ေန႔တာ ေသဆုံးဦးေရ ၄၀၀၀ ေက်ာ္ခဲ့

—အကုန္သိ သတင္းဌာန—

အိႏၵိယႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ပထမဆုံးအႀကိမ္အျဖစ္ တစ္ေန႔တာ ေသဆုံးဦးေရ ၄၀၀၀

ေက်ာ္ျဖစ္ခဲ့ေၾကာင္း အစိုးရက စေနေန႔(ေမ ၈) မွာ ထုတ္ျပန္ပါတယ္။

ေသဆုံးဦးေရ ၄၁၈၇ ဦး ရွိခဲ့ျခင္းျဖစ္ကာ ကပ္ေရာဂါစတင္ခ်ိန္ကေန အခုခ်ိန္အထိဆိုရင္ အိႏၵိယမွာ

စုစုေပါင္း ေသဆုံးဦးေရ ၂၃၈၂၇၀ ဦးသို႔ ေရာက္ရွိသြားေၾကာင္း သိရပါတယ္။ ဒါ့အျပင္ ၂၄ နာရီအတြင္း

ထပ္တိုး ပိုးေတြ႕လူနာ ၄၀၁၀၇၈ ဦးရွိခဲ့တာေၾကာင့္ စုစုေပါင္း ပိုးေတြ႕လူနာ ၂၁.၉ သန္းနီးပါး ရွိလာၿပီလို႔ဆိုပါတယ္။

နယူးေဒလီနဲ႔ မြမ္ဘိုင္းတို႔လို အဓိက ၿမိဳ႕ႀကီးေတြမွာေတာ့ ေအာက္ဆီဂ်င္ဘူးေတြ ထပ္မံေပးပို႔ထားျခင္း၊

ေဆး႐ုံကုတင္သစ္ေတြ ထပ္တိုးလိုက္ျခင္းနဲ႔အတူ ယခုအခါ အေျခအေန တည္ၿငိမ္ေနၿပီး ေတာင္ပိုင္းျပည္နယ္ေတြနဲ႔

ေက်းလက္ေဒသေတြမွာ ကိုဗစ္ကူးစက္မႈ ျမန္ဆန္ေနပါတယ္။

အိုင္တီအခ်က္အခ်ာျဖစ္တဲ့ ဘန္ဂလိုးၿမိဳ႕တည္ရွိရာ ကာနာတာကာျပည္နယ္မွာ ဗိုင္းရပ္စ္ ပ်ံႏွံ႔မႈကို

ထိန္းခ်ဳပ္ႏိုင္ေရးအလို႔ငွာ ျပည္နယ္တစ္ဝန္း တနလၤာေန႔မွစၿပီး ႏွစ္ပတ္ၾကာ lockdown သတ္မွတ္ေၾကာင္း

အမိန္႔ထုတ္ခဲ့ပါတယ္။ ဧၿပီတစ္လလုံးမွာ ကိုဗစ္ေၾကာင့္ ေသဆုံးဦးေရ ၁၉၀၇ ဦး ရွိခဲ့တဲ့ ဘန္ဂလိုးဟာ

ေမလ ပထမသီတင္းပတ္ ၇ ရက္မွာပဲ ေသဆုံးသူ ၉၅၀ ရွိခဲ့ပါတယ္။ ေအာက္ဆီဂ်င္ ျပတ္လပ္မႈနဲ႔

အေရးေပၚ လူနာတင္ကုတင္ မလုံေလာက္မႈေတြေၾကာင့္ ေသဆုံးႏႈန္း

မထင္မွတ္ေလာက္ေအာင္ ျမင့္တက္ရျခင္းျဖစ္တယ္လို႔ဆိုပါတယ္။

လူဦးေရ ၉ သန္းခန္႔ရွိတဲ့ ၿမိဳ႕မွာ ဧၿပီလ ၂၅ ရက္ကစလို႔ အသြားအလာကန္႔သတ္တာမ်ိဳးေတြ လုပ္ခဲ့ေပမယ့္

ကူးစက္ ေသဆုံးစာရင္းေတြကေတာ့ ရပ္တန္႔မသြားခဲ့ေၾကာင္း သိရပါတယ္။ CNA