Celebrities

လိႈင္သာယာက်ဴးေက်ာ္ရပ္ကြက္မွ အိမ္ေျခ (၂၀၀) အတြက္ ဆန္မ်ားလႉဒါန္းေပးခဲ့တဲ့ ခိုင္ႏွင္းေဝ

ပရဟိတအလုပ်ဆိုတာ ကိုယ်ကျိုးစွန့်ပြီးအများအကျိုးကိုဆောင်ရွက်ရတဲ့အလုပ်မို့ တော်ရုံလူမလုပ်နိုင်ပါဘူးနော်။

ပရဟိတလုပ်ငန်းတွေကို နှစ်ရှည်လများစွာလုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေရဲ့ စေတနာကတော့

တကယ့်ကိုအံ့မခန်းပါပဲ။ လိုအပ်တဲ့နေရာတွေဆီကို ဘယ်လောက်ဝေးဝေး အရောက်သွားတတ်ပြီး

အကူအညီလိုအပ်သူတိုင်းကို ဖေးမကူညီရင်း အားပေးနှစ်သိမ့်တတ်သူတစ်ယောက်ပါ။

ခုလိုကာလမှာဆိုရင်လည်း နေရာတိုင်းမှာ အကူအညီလိုအပ်နေသူတွေ အများအပြားရှိနေပြီး

ခိုင်နှင်းဝေကလည်း လက်လှမ်းမှီသလောက် လိုက်လံကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် အလုပ်အကိုင်အဆင်မပြေဖြစ်ကာ

စားဝတ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ ပြည်သူတွေဆီကိုလည်း နေ့စဉ်တိုင်းလိုလိုသွားရောက်ကာ

စားနပ်ရိက္ခာနဲ့ လိုအပ်တာများလှူဒါန်းခဲ့တာကိုတွေ့ရပါတယ်။

ယနေ့ မေလ (၇) ရက်နေ့မှာလည်း လှိုင်သာယာဘက်က ကျုးကျော်အိမ်ခြေ (၂၀၀)အား တစ်အိမ်လျှင်

ဆန် (၅) ပြည်စီ လှူဒါန်းခဲ့ပြန်ပါတယ်။အလှူနဲ့ပတ်သက်ပြီးလည်း ” လှိုင်သာယာ ဘက်မှ ကျုးကျော်အိမ်ခြေ

(၂၀၀)အား တစ်အိမ်လျှင် ဆန် (၅)ပြည်စီ ဝေမျှ လှူဒါန်းခဲ့ပါတယ်ရှင်..အိမ်တွေထိ လိုက်ဝေလို့ အဆင်မပြေတဲ့

အတွက် ဘုန်းဘုန်းကျောင်း နှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေမှာသာ လှူဖြစ်ခဲ့ပါတယ်…ကျမနှင့် အတူ

နိဗ္ဗာန်လမ်းကို ရည်မှန်း၍ ပါဝင် လှူဒါန်းပေးကြသော အလှူရှင်များ နှင့် သာဓုခေါ်ဆို ပေးကြသော ခုနှစ်ရက်

သားသမီးများ အားလုံး ထပ်တူ ကုသိုလ်ရကြပါစေရှင်”ဆိုတဲ့စာလေးကိုရေးသားထားရာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit – Cele Zone

Photo – Khine Hnin Wai

zawgyi

ပရဟိတအလုပ္ဆိုတာ ကိုယ္က်ိဳးစြန႔္ၿပီးအမ်ားအက်ိဳးကိုေဆာင္႐ြက္ရတဲ့အလုပ္မို႔ ေတာ္႐ုံလူမလုပ္ႏိုင္ပါဘူးေနာ္။

ပရဟိတလုပ္ငန္းေတြကို ႏွစ္ရွည္လမ်ားစြာလုပ္ကိုင္ခဲ့တဲ့ သ႐ုပ္ေဆာင္ခိုင္ႏွင္းေဝရဲ႕ ေစတနာကေတာ့

တကယ့္ကိုအံ့မခန္းပါပဲ။ လိုအပ္တဲ့ေနရာေတြဆီကို ဘယ္ေလာက္ေဝးေဝး အေရာက္သြားတတ္ၿပီး

အကူအညီလိုအပ္သူတိုင္းကို ေဖးမကူညီရင္း အားေပးႏွစ္သိမ့္တတ္သူတစ္ေယာက္ပါ။

ခုလိုကာလမွာဆိုရင္လည္း ေနရာတိုင္းမွာ အကူအညီလိုအပ္ေနသူေတြ အမ်ားအျပားရွိေနၿပီး

ခိုင္ႏွင္းေဝကလည္း လက္လွမ္းမွီသေလာက္ လိုက္လံကူညီေပးခဲ့ပါတယ္။ ဒါ့အျပင္ အလုပ္အကိုင္အဆင္မေျပျဖစ္ကာ

စားဝတ္ေနေရးအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရတဲ့ ျပည္သူေတြဆီကိုလည္း ေန႔စဥ္တိုင္းလိုလိုသြားေရာက္ကာ

စားနပ္ရိကၡာနဲ႔ လိုအပ္တာမ်ားလႉဒါန္းခဲ့တာကိုေတြ႕ရပါတယ္။

ယေန႔ ေမလ (၇) ရက္ေန႔မွာလည္း လႈိင္သာယာဘက္က က်ဳးေက်ာ္အိမ္ေျခ (၂၀၀)အား တစ္အိမ္လွ်င္

ဆန္ (၅) ျပည္စီ လႉဒါန္းခဲ့ျပန္ပါတယ္။အလႉနဲ႔ပတ္သက္ၿပီးလည္း ” လႈိင္သာယာ ဘက္မွ က်ဳးေက်ာ္အိမ္ေျခ

(၂၀၀)အား တစ္အိမ္လွ်င္ ဆန္ (၅)ျပည္စီ ေဝမွ် လႉဒါန္းခဲ့ပါတယ္ရွင္..အိမ္ေတြထိ လိုက္ေဝလို႔ အဆင္မေျပတဲ့

အတြက္ ဘုန္းဘုန္းေက်ာင္း ႏွင့္ သက္ဆိုင္ရာ ရပ္ကြက္႐ုံးေတြမွာသာ လႉျဖစ္ခဲ့ပါတယ္…က်မႏွင့္ အတူ

နိဗၺာန္လမ္းကို ရည္မွန္း၍ ပါဝင္ လႉဒါန္းေပးၾကေသာ အလႉရွင္မ်ား ႏွင့္ သာဓုေခၚဆို ေပးၾကေသာ ခုႏွစ္ရက္

သားသမီးမ်ား အားလုံး ထပ္တူ ကုသိုလ္ရၾကပါေစရွင္”ဆိုတဲ့စာေလးကိုေရးသားထားရာ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။

Credit – Cele Zone

Photo – Khine Hnin Wai