Celebrities

ဖြစ်နိုင်ချေလည်းများပြီး ပွင့်လင်းရမယ့်ကိစ္စမို့ အားလုံး ကြိုသိထားနိုင်အောင် သတင်းတစ်ခုပြောလာတဲ့ ပန်ဆယ်လို

ပြည်သူစစ်အကြောင်းပြောလာတဲ့ အိပန်ဆယ်လို

စစ်တပ်CDM စစ်သားတစ်ယောက်ဆီက အခုပဲ သတင်းတစ်ခုရထားတယ်။

ဖြစ်နိုင်ချေလည်း များတာမို့၊ ပွင့်လင်းရမယ့်ကိစ္စမို့ အားလုံးကြိုသိထားနိုင်အောင် ပြောပါမယ်။

စစ်တပ်က ခန့်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ဇွပ်ဇွပ်ဇွပ်ခံနေရတဲ့ကိစ္စဟာ စစ်တပ်အနေနဲ့

အကြီးအကျယ်ခေါင်းကိုက်ရတဲ့ အနေအထားဖြစ်နေပြီ။

ရပ်ကွက်ရုံးတစ်ရုံး တပ်စုတစ်စု ချထားနိုင်တဲ့ အခြေအနေအထိ စစ်အင်အားဟာ မတောင့်တင်းဘူး။

KNUနဲ့ KIA ဘက်မှာ ခြင်းကျားမြေဩဇာထုတ်လုပ်ရမယ့် တာဝန်ကလည်း ကြီးသကိုး။

အုပ်ကြီးတွေအနေနဲ့ စစ်ကောင်စီအတွက် ဘာထိရောက်တဲ့အလုပ်မှ မလုပ်နိုင်ဘဲ အဇွပ်ခံနေရတဲ့

အခြေအနေမှာ ရှိနေတာမို့ အုပ်ကြီးတွေ ငြုပ်သီးစားမိသလိုဖြစ်ပြီး ၂၄ နာရီ ပူစပ်ပူလောင် ဝဋ်ခံနေကြရတယ်။

ပြည်သူတွေရဲ့ အနေအထားဟာ သေနတ်ကိုင်မထားရင် အုပ်ချုပ်မရဘူးလို့ စစ်ကောင်စီက တွေးပြီ။

ကင်းထိုင်စောင့်ပေးစရာ အင်အားကလည်း မရှိ။

ဒါ့ကြောင့် ရပ်ကျေးအုပ်ချုပ်ရေးကို အသက်ဝင်ဖို့ ပြည်သူ့စစ်ဥပဒေကို အသက်သွင်းတော့မယ်လို့ သူ့ဆီက သိရတယ်။

ပြည်သူ့စစ်ဥပဒေဆိုတာ အရပ်သားတွေကို လက်နက်ပေးပြီး အချင်းချင်း အုပ်ချုပ်ခိုင်းမှာမျိုး။

သူ့ဆီက ဒီပရော့ဂျက်ကို ဘယ်ကောင်ဦးဆောင်မှာလဲဆိုတာကအစ သိထားပြီ။

ဒါပေမယ့် ဒီသတင်းတော့ ထုတ်မပြောတော့ဘူး။

သိသင့်သူတွေဆီပဲ ပို့တော့မယ်။

စစ်တပ်က ဒီကိစ္စကို အနည်းငယ်တွေဝေနေသေးတယ်။

အရပ်သားတွေလက်ထဲ သေနတ်ပေးဖို့ သူတို့အချင်းချင်း မယုံဘူး။

ပြည်သူကဘက်က ဒလန်တွေကိုလည်း သူတို့ကြောက်တယ်။

အခု ဒီကိစ္စ ပြောနေချိန်မှာပဲ Confirm လုပ်ပြီးသား သတင်းတစ်ခု တက်လာတယ်။

NLD လက်ထက်မှာ ပြည်ထဲရေးလက်အောက်ကနေ အစိုးရရုံးဝန်ကြီးဌာနအောက်ထည့်ထားတဲ့

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ကို ပြည်ထဲရေးလက်အောက် ပြန်ထည့်လိုက်ပြီဆိုတဲ့သတင်းပဲ။

ဒီကိစ္စဟာ ပြည်သူ့စစ်ဥပဒေကို အသက်သွင်းဖို့ ခြေလှမ်းအစလည်း ဖြစ်နိုင်တယ်။

နာမည်ကသာ ပြည်သူ့စစ်နော်။ တကယ်က ဒလန်စစ်ပဲ။

ဆယ်အိမ်ခေါင်းကအစ သေနတ်ကိုင် လူပါးဝတော့မယ့်ဘဝကို ကျရောက်တော့မှာ။

အကောင်းဘက်က တွေးလို့လည်း ရပါတယ်။

သေနတ်မမြင်ဖူးတဲ့ကောင်တွေလက်ထဲ သေနတ်ထည့်ပေးလိုက်တာဟာ ထင်းချောင်းတစ်ချောင်းထက် မပိုဘူး။

ပြည်သူဘက်က လက်ဦးမှုယူနိုင်ရင် ရန်သူ့လက်နက် ကိုယ့်လက်နက် ဖြစ်လာတော့မှာ။

ဒလန်အစစ်ကို ဘယ်လိုရှာမလဲ။ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်ခေါင်း၊ ရာအိမ်မှူး၊ Non-CDM စာရေးအထိ သိပ်ရှင်းလင်းတဲ့ ဒလန်ပဲ။

အကြမ်းဖက်စစ်တပ်ရဲ့ ဦးနှောက်ဟာ အလုံးစုံပျက်သုဉ်းရေးအပြင် ဘာမှသုံးစားမရတော့ဘူး။

မကြာခင်မှာ စစ်တပ်ကိုယ်တိုင် ဖန်တီးမိနေတဲ့ ကျဆုံးနိုင်ငံဟာ အကြီးအကျယ် ရုပ်လုံးပေါ်လာတော့မှာ။

အိပန်ဆယ်လို

zawgyi

ျပည္သူစစ္အေၾကာင္းေျပာလာတဲ့ အိပန္ဆယ္လို

စစ္တပ္CDM စစ္သားတစ္ေယာက္ဆီက အခုပဲ သတင္းတစ္ခုရထားတယ္။

ျဖစ္ႏိုင္ေခ်လည္း မ်ားတာမို႔၊ ပြင့္လင္းရမယ့္ကိစၥမို႔ အားလုံးႀကိဳသိထားႏိုင္ေအာင္ ေျပာပါမယ္။

စစ္တပ္က ခန႔္တဲ့ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြ ဇြပ္ဇြပ္ဇြပ္ခံေနရတဲ့ကိစၥဟာ စစ္တပ္အေနနဲ႔

အႀကီးအက်ယ္ေခါင္းကိုက္ရတဲ့ အေနအထားျဖစ္ေနၿပီ။

ရပ္ကြက္႐ုံးတစ္႐ုံး တပ္စုတစ္စု ခ်ထားႏိုင္တဲ့ အေျခအေနအထိ စစ္အင္အားဟာ မေတာင့္တင္းဘူး။

KNUနဲ႔ KIA ဘက္မွာ ျခင္းက်ားေျမဩဇာထုတ္လုပ္ရမယ့္ တာဝန္ကလည္း ႀကီးသကိုး။

အုပ္ႀကီးေတြအေနနဲ႔ စစ္ေကာင္စီအတြက္ ဘာထိေရာက္တဲ့အလုပ္မွ မလုပ္ႏိုင္ဘဲ အဇြပ္ခံေနရတဲ့

အေျခအေနမွာ ရွိေနတာမို႔ အုပ္ႀကီးေတြ ျငဳပ္သီးစားမိသလိုျဖစ္ၿပီး ၂၄ နာရီ ပူစပ္ပူေလာင္ ဝဋ္ခံေနၾကရတယ္။

ျပည္သူေတြရဲ႕ အေနအထားဟာ ေသနတ္ကိုင္မထားရင္ အုပ္ခ်ဳပ္မရဘူးလို႔ စစ္ေကာင္စီက ေတြးၿပီ။

ကင္းထိုင္ေစာင့္ေပးစရာ အင္အားကလည္း မရွိ။

ဒါ့ေၾကာင့္ ရပ္ေက်းအုပ္ခ်ဳပ္ေရးကို အသက္ဝင္ဖို႔ ျပည္သူ႔စစ္ဥပေဒကို အသက္သြင္းေတာ့မယ္လို႔ သူ႔ဆီက သိရတယ္။

ျပည္သူ႔စစ္ဥပေဒဆိုတာ အရပ္သားေတြကို လက္နက္ေပးၿပီး အခ်င္းခ်င္း အုပ္ခ်ဳပ္ခိုင္းမွာမ်ိဳး။

သူ႔ဆီက ဒီပေရာ့ဂ်က္ကို ဘယ္ေကာင္ဦးေဆာင္မွာလဲဆိုတာကအစ သိထားၿပီ။

ဒါေပမယ့္ ဒီသတင္းေတာ့ ထုတ္မေျပာေတာ့ဘူး။

သိသင့္သူေတြဆီပဲ ပို႔ေတာ့မယ္။

စစ္တပ္က ဒီကိစၥကို အနည္းငယ္ေတြေဝေနေသးတယ္။

အရပ္သားေတြလက္ထဲ ေသနတ္ေပးဖို႔ သူတို႔အခ်င္းခ်င္း မယုံဘူး။

ျပည္သူကဘက္က ဒလန္ေတြကိုလည္း သူတို႔ေၾကာက္တယ္။

အခု ဒီကိစၥ ေျပာေနခ်ိန္မွာပဲ Confirm လုပ္ၿပီးသား သတင္းတစ္ခု တက္လာတယ္။

NLD လက္ထက္မွာ ျပည္ထဲေရးလက္ေအာက္ကေန အစိုးရ႐ုံးဝန္ႀကီးဌာနေအာက္ထည့္ထားတဲ့

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန (ေထြအုပ္) ကို ျပည္ထဲေရးလက္ေအာက္ ျပန္ထည့္လိုက္ၿပီဆိုတဲ့သတင္းပဲ။

ဒီကိစၥဟာ ျပည္သူ႔စစ္ဥပေဒကို အသက္သြင္းဖို႔ ေျခလွမ္းအစလည္း ျဖစ္ႏိုင္တယ္။

နာမည္ကသာ ျပည္သူ႔စစ္ေနာ္။ တကယ္က ဒလန္စစ္ပဲ။

ဆယ္အိမ္ေခါင္းကအစ ေသနတ္ကိုင္ လူပါးဝေတာ့မယ့္ဘဝကို က်ေရာက္ေတာ့မွာ။

အေကာင္းဘက္က ေတြးလို႔လည္း ရပါတယ္။

ေသနတ္မျမင္ဖူးတဲ့ေကာင္ေတြလက္ထဲ ေသနတ္ထည့္ေပးလိုက္တာဟာ ထင္းေခ်ာင္းတစ္ေခ်ာင္းထက္ မပိုဘူး။

ျပည္သူဘက္က လက္ဦးမႈယူႏိုင္ရင္ ရန္သူ႔လက္နက္ ကိုယ့္လက္နက္ ျဖစ္လာေတာ့မွာ။

ဒလန္အစစ္ကို ဘယ္လိုရွာမလဲ။ အုပ္ခ်ဳပ္ေရးမႉး၊ ဆယ္အိမ္ေခါင္း၊ ရာအိမ္မႉး၊ Non-CDM စာေရးအထိ သိပ္ရွင္းလင္းတဲ့ ဒလန္ပဲ။

အၾကမ္းဖက္စစ္တပ္ရဲ႕ ဦးေႏွာက္ဟာ အလုံးစုံပ်က္သုဥ္းေရးအျပင္ ဘာမွသုံးစားမရေတာ့ဘူး။

မၾကာခင္မွာ စစ္တပ္ကိုယ္တိုင္ ဖန္တီးမိေနတဲ့ က်ဆုံးႏိုင္ငံဟာ အႀကီးအက်ယ္ ႐ုပ္လုံးေပၚလာေတာ့မွာ။

အိပန္ဆယ္လို