News

CDM ေက်ာင္းဆရာ၊ဆရာမမ်ားရဲ႕ ရင္ထဲအသည္းထဲကစကားသံ😢

သို႔…

ခ်စ္တပည့္မ်ား

မင္းတို႔ကို စာမသင္ခ်င္လို႔

ေက်ာင္းပ်က္တာ / ေက်ာင္းမလာတာ မဟုတ္ပါဘူး

မင္းတို႔အတြက္

ပိုေကာင္းတဲ့ အနာဂတ္ေတြ

စစ္မွန္တဲ့ ဘဝအဓိပၸါယ္ေတြ

တကယ္မွန္တဲ့ အမွန္တရားေတြ

ဖန္တီးယူေဆာင္ေပးဖို႔

ဆရာမ ေခတၱ ခဏ ေက်ာင္းေနာက္က်ပါရေစ လို႔

ခြင့္တိုင္ခ်င္တယ္

အမွား အမွန္ ကို ခြဲခြဲျခားျခား သိေအာင္သင္ေပးမယ့္

” ပညာ ” ဆိုတဲ့ အရာကို သင္ေပးဖို႔

ဓမၼ က အ ဓ မၼ ကို ႏိုင္တဲ့အခ်ိန္

စာသင္ခန္းထဲမွာ ဆရာမ အၿမဲရွိေနပါ့မယ္

အဲ့ဒီ့က်မွ

အမွန္တရားဆိုတာ ဘာလဲ

သူေတာ္ေကာင္းဆိုတာ ဘာလဲ

လူဆိုတာ ဘာကိုေခၚလဲ

လိပ္ျပာသန္႔သန္႔ မွန္မွန္ကန္ကန္ ရွင္းျပ သင္ျပေပးမယ္

ခုေတာ့…

ေခတၱ ခဏ ေက်ာင္းေနာက္က်ပါရေစ ။

တပည့္မ်ားအေပၚ သစၥာရွိျခင္းမ်ားစြာျဖင့္…….

😢😢😢

*CDM ျပဳလုပ္ေနေသာေက်ာင္းဆရာ၊ဆရာမမ်ားအားေလးစားပူေဇာ္လ်က္၊.

🙏🙏🙏

(Non-CDM ဆရာ ဆရာမမ်ားမပါ။)

unicode

သို့…

ချစ်တပည့်များ

မင်းတို့ကို စာမသင်ချင်လို့

ကျောင်းပျက်တာ / ကျောင်းမလာတာ မဟုတ်ပါဘူး

မင်းတို့အတွက်

ပိုကောင်းတဲ့ အနာဂတ်တွေ

စစ်မှန်တဲ့ ဘဝအဓိပ္ပါယ်တွေ

တကယ်မှန်တဲ့ အမှန်တရားတွေ

ဖန်တီးယူဆောင်ပေးဖို့

ဆရာမ ခေတ္တ ခဏ ကျောင်းနောက်ကျပါရစေ လို့

ခွင့်တိုင်ချင်တယ်

အမှား အမှန် ကို ခွဲခွဲခြားခြား သိအောင်သင်ပေးမယ့်

” ပညာ ” ဆိုတဲ့ အရာကို သင်ပေးဖို့

ဓမ္မ က အ ဓ မ္မ ကို နိုင်တဲ့အချိန်

စာသင်ခန်းထဲမှာ ဆရာမ အမြဲရှိနေပါ့မယ်

အဲ့ဒီ့ကျမှ

အမှန်တရားဆိုတာ ဘာလဲ

သူတော်ကောင်းဆိုတာ ဘာလဲ

လူဆိုတာ ဘာကိုခေါ်လဲ

လိပ်ပြာသန့်သန့် မှန်မှန်ကန်ကန် ရှင်းပြ သင်ပြပေးမယ်

ခုတော့…

ခေတ္တ ခဏ ကျောင်းနောက်ကျပါရစေ ။

တပည့်များအပေါ် သစ္စာရှိခြင်းများစွာဖြင့်…….

😢😢😢

*CDM ပြုလုပ်နေသောကျောင်းဆရာ၊ဆရာမများအားလေးစားပူဇော်လျက်၊

🙏🙏🙏

(Non-CDM ဆရာ ဆရာမများမပါ။)