News

လက်ကျန် နိုင်ငံခြားငွေမာကို စစ်တပ်နှင့် ပြည်သူအကြား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝေမျှသုံးစွဲရတော့မည်

စစ်ကောင်စီ နိုင်ငံခြားငွေမာ ဆက်ပြီး မရနိုင်လျှင်

နိုင်ငံခြားငွေကြေးသုံးခွင့်ကို ထိန်းချုပ်ရန် အရေးယူပိတ်ဆို့မှုများနှင့် အခြားအစီအမံများသည်

စစ်ကောင်စီအနေဖြင့် ဦးစားပေးအသုံးစရိတ်များ ပြောင်းလဲရခြင်းနှင့်

စစ်လက်နက်ပစ္စည်းဝယ်ယူမှု အသုံးစရိတ်လျှော့ချခြင်းတို့ဖြစ်စေမည့်

အဓိက ဘဏ္ဍာရေးဖိအားဖြစ်ကြောင်း မြန်မာ့အရေးလေ့လာနေသော ဘောဂဗေဒပညာရှင်များတင်သွင်းသည့်

စစ်တပ်ဘဏ္ဍာရေးစာတမ်းတွင် ဖေါ်ပြထားကြောင်း ဂျပန်သတင်းဌာန Nikkei Asia အဆိုအရ သိရသည်။

မြန်မာနိုင်ငံတွင်း လုပ်ကိုင်နေသည့် ဘောဂဗေဒပညာရှင်များပါဝင်သော အဖွဲ့ မြန်မာအတွက်

လွတ်လပ်သော ဘောဂဗေဒပညာရှင်များ (Independent Economists for Myanmar-IEM) က ရေးသားပြီး

အများပြည်သူသို့ ထုတ်ပြန်ခြင်းမပြုသော ထိုအစီရင်ခံစာသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း

စစ်ကောင်စီ၏ ဘဏ္ဍာရေးအခြေအနေကို သုံးသပ်တင်ပြထားကြောင်း သတင်းကဆိုသည်။

ထိုစာတမ်းတွင် သဘာဝဓါတ်ငွေ့နှင့်ကျောက်မျက်ကဏ္ဍကဲ့သို့သော ကဏ္ဍများမှ

ဝင်ငွေကိုဖြတ်တောက်လျှင် ဖြစ်နိုင်သည့် စစ်ကောင်စီ၏ အားနည်းချက်များကို ဖေါ်ပြထားကြောင်း သိရသည်။

စစ်ကောင်စီ၏ ငွေမာရင်းမြစ်များကို နိုင်ငံတကာအရေးယူပိတ်ဆို့မှုများဖြင့် ပစ်မှတ်ထားလုပ်ကိုင်ပါက

စစ်ကောင်စီ၏ ဝင်ငွေကို တနှစ်လျှင် ဒေါ်လာ ၂ ဘီလျံခန့် လျှော့ချနိုင်ကြောင်း

ထိုစာတမ်းက ကောက်ချက်ချထားကြောင်းလည်း သိရသည်။

ထိုသို့သောလုပ်ရပ်များနှင့် စစ်ကောင်စီ စီးပွားရေးလုပ်ငန်းများတွင် ပြည်ပမှ ထည့်ဝင်မှု တားမြစ်ခြင်းသည်

စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ လိုအပ်ချက်များကို ချိန်ညှိရန်နှင့် အသုံးစရိတ်များကို

အများပြည်သူဝန်ဆောင်မှု လိုအပ်ချက်အတွက် ပြောင်းလဲပေးရန် ဖြစ်စေနိုင်ကြောင်း

IEM အဖွဲ့က ၎င်းတို့၏ အစီရင်ခံစာတွင် ဖေါ်ပြသည်။

ထိုသို့သော အရေးယူမှုများသည် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့်

ကူးသန်းရောင်းဝယ်ရေးဘဏ်တို့မှ အပ်နှံမှုများကို ထိန်းချုပ်လိုက်ခြင်းဖြင့်

သဘာဝဓါတ်ငွေ၊ သတ္တုနှင့် ကျောက်မျက်တူးဖေါ်ရေး၊ သစ်တော၊ သင်္ဘောလိုင်းများနှင့်

လေကြောင်းလိုင်းများမှရရှိသော စစ်ကောင်စီ၏ ဝင်ငွေများကို ထိခိုက်စေနိုင်သည်ဟု ထိုစာတမ်းကဆိုကြောင်း သိရသည်။

အစိုးရအင်တာနက်စာမျက်နှာများတွင် ယခင်ကရယူနိုင်သည့် တရားဝင်အချက်အလက်များနှင့်

ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေတ် မှတ်တမ်းများအရ စစ်ကောင်စီသည် နိုင်ငံ၏ဘဏ္ဍာရေးကို ထိန်းချုပ်ပြီး

အနည်းဆုံး ဒေါ်လာ ၄ ဘီလျံ နိုင်ငံခြားအရံငွေကြေးများ သို့မဟုတ် မြန်မာ့နိုင်ငံခြားငွေ ပိုင်ဆိုင်မှု

သုံးပုံနှစ်ပုံကို ရယူထားကြောင်း ထိုစာတမ်းကို ရေးသားသူများက ခန့်မှန်းသည်။

စစ်ကောင်စီသည် အထည်အလိပ်နှင့် ခရီးသွားလုပ်ငန်းကဲ့သို့သော နိုင်ငံခြားငွေရသည့်

ကဏ္ဍများပြိုကွဲမှုနောက်ပိုင်း လက်ကျန်လည်ပတ်ငွေများ၏ ထက်ဝက်ကိုလည်း

ထိန်းချုပ်ထားကြောင်း ထိုအစီရင်ခံစာက ဆိုသည်။

စစ်ကောင်စီသို့ နိုင်ငံခြားငွေအများဆုံးစီးဝင်မှုကို သဘာဝဓါတ်ငွေ့၊ ကျောက်စိမ်း၊ သတ္တုတွင်းထွက်များ၊

မြေငှားခ၊ ဆက်သွယ်ရေးနှင့် ဆိပ်ကမ်းခ၊ သယ်ယူပို့ဆောင်ရေးကုမ္ပဏီများပါဝင်သည့်

ကုန်သွယ်ရေးနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများမှ ရရှိသည်။

ထိုဝင်ငွေစုစုပေါင်းသည် တနှစ်လျှင် ဒေါ်လာ ၂.၅ ဘီလျံခန့်ရှိသည်။

စစ်ကောင်စီသည် ၎င်းတို့ကို လိုလားသော မြီရှင်များထံမှလည်း ချေးယူနိုင်စွမ်း ရှိနိုင်ကြောင်း ထိုအစီရင်ခံစာက ဆိုသည်။

စစ်တပ်ဝင်ငွေ၏ အဓိကအစိတ်အပိုင်းအဖြစ် သတ်မှတ်ထားသော ကျောက်စိမ်းနှင့်ကျောက်မျက်များသည်

အဆင့်မြင့်စစ်အရာရှိများနှင့် ၎င်းတို့၏ မိသားစုများအတွက် ထိပ်တန်းငွေမာရနိုင်သော ရင်းမြစ်ဆက်လက်ဖြစ်နေသည်။

သို့သော် ၎င်းတို့သည် အခြားသော ပြည်တွင်းစီးပွားရေး ကဏ္ဍများမှလည်း

အကျိုးအမြတ်များစွာ ရနေကြသည်ဟု ထိုအစီရင်ခံစာက ဆိုသည်။

ကျောက်စိမ်းနှင့်ကျောက်မျက်ကဏ္ဍမှ စုစုပေါင်းအကျိုးအမြတ်သည် တနှစ်လျှင် ဒေါ်လာ

ဘီလျံပေါင်းများစွာရှိသော်လည်း တရားဝင်ကုန်သွယ်မှုအချက်အလက်များအရ

တနှစ်လျှင် ဒေါ်လာသန်း ၂၅၀ မှ ၁.၈ ဘီလျံခန့်သာရှိသည်။

သို့သော် ကျောက်စိမ်းနှင့်ကျောက်မျက်မှ ဝင်ငွေသည် ၂၀၁၄ ခုနှစ် တရားဝင်

စာရင်းများတွင်မူ ထူးထူးခြားခြား ဒေါ်လာ ၁၂ ဘီလျံရှိလာသည်။

“သို့သော် သီးခြားလွတ်လပ်သော ခန့်မှန်းချက်များအရဆိုပါက ကျောက်စိမ်းရောင်းဝယ်မှုသည်

၂၀၁၄ ခုနှစ် မပါသည့် အခြားနှစ်များ၏ ပျမ်းမျှထက် သုံးဆမှ ၁၄ ဆ အထိ ပိုမိုများပြားကြောင်း သိရသည်။

ထိုသို့ဖြစ်ရခြင်းမှာ တန်ဖိုလျှော့ပေါ့ဖေါ်ပြခြင်းနှင့် တရုတ်နိုင်ငံသို့

မှောင်ခိုရောင်းချခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရသည်။

အလားတူစွာပင် မြန်မာမှ ထုတ်လုပ်သော ကျောက်မျက်များ၏ ၆၀ မှ ၈၀ ရာခိုင်နှုန်းအထိသည်

တရားဝင်ကုန်သွယ်ရေးနှင့် ပို့ကုန်စနစ်များကို ဖြတ်သန်းခြင်းမရှိကြောင်း ထိုအစီရင်ခံစာက ဆိုကြောင်း သိရသည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏသိမ်းချိန်နောက်ပိုင်း မြန်မာနိုင်ငံ၏ အရေးပါသော အထည်ချုပ်ပို့ကုန်နှင့်

ခရီးသွားလုပ်ငန်းပြိုကွဲသောအခါ စစ်ကောင်စီလက်တွင် ကျောက်စိမ်းနှင့်

သဘာဝဓါတ်ငွေ့အပါအဝင် နိုင်ငံခြားငွေရင်းမြစ် ထက်ဝက်ကျန်နေသည်။

သဘာဝဓါတ်ငွေ့ကဏ္ဍတွင် ပြည်ပရေနံနှင့် သဘာဝဓါတ်ငွေ့ထုတ်လုပ်သူများထံမှ ကောက်ခံသည့်

အခကြေးငွေနှင့် အခွန်ငွေများသည် နိုင်ငံခြားငွေ ပုံမှန်ရသော ရင်းမြစ်ဖြစ်သည်။

မြန်မာနိုင်ငံသည် ထိုင်းမှ PTT Exploration ၊ ပြင်သစ်မှ Total ၊

အမေရိကန်ပြည်ထောင်စုမှ Chevron ၊

တရုတ်မှ CNOOC နှင့် တောင်ကိုရီးယားမှ Posco Daewoo တို့နှင့် ရေနံနှင့်သဘာဝဓါတ်ငွ

ေ့ ရှာဖွေတူးဖေါ်သည့် လိုင်စင်သဘောတူစာချုပ်များချုပ်ဆိုထားသည်။

ပိုက်လိုင်းဖြင့် ဓါတ်ငွေ့တင်ပို့ခြင်းအပါအဝင် မြန်မာနိုင်ငံသည် ယခင်နှစ်က ထိုကဏ္ဍမှ

ဒေါ်လာ ၃.၃ ဘီလျံ သို့မဟုတ် ပို့ကုန်ဝင်ငွေ ၂၀ ရာခိုင်နှုန်း ရရှိကြောင်း ကုလသမဂ္ဂစာရင်းများက

ပြသနေပြီး ထိုငွေတွင် နိုင်ငံတော်နှင့် ကန်ထရိုက်တာများအတွက်

အခကြေးငွေနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များ ပါဝင်သည်။

ဦးသိန်းစိန် အစိုးရခေတ်က ချမှတ်ခဲ့သည့် ကမ္ဘာ့စံဖြစ်သည့် သယံဇာတထုတ်ယူရေးလုပ်ငန်းများ

ပွင့်လင်းမြင်သာမှု အစီအစဉ်၏ စာရင်းများကို အခြေခံသော IEM ၏ အဆိုအရ ၂၀၁၇-၁၈ ခုနှစ်တွင်

ရေနံနှင့်သဘာဝဓါတ်ငွေ့သည် နိုင်ငံအတွက် နိုင်ငံခြားငွေ ဒေါ်လာ တဘီလျံ ရရှိစေသည်။

ထိုရင်းမြစ်များက စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးယန္တရား လိုအပ်ချက်များကို

ကာလလတ်အတွက် ဖြည့်ဆည်းပေးမည့် နိုင်ငံခြားငွေ အလုံအလောက်ရရှိစေသော်လည်း

အများပြည်သူဝန်ဆောင်မှုများ သို့မဟုတ် ပုဂ္ဂလိက ကဏ္ဍလိုအပ်ချက်များကို

ဖြည့်ဆည်းပေးနိုင်ခြင်း မရှိကြောင်း ထိုအစီရင်ခံစာက ဆိုသည်။

“အတင်းအကျပ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှု မရှိလျှင်ပင် စစ်တပ်သည် ၎င်းတို့အတွက်

ဦးစားပေးလိုအပ်ချက်များနှင့် လျှပ်စစ်ထုတ်ရန် လောင်စာနှင့် ကိရိယာများ၊ ပြည်သူလူထု ရှင်သန်ရန်

လိုအပ်သော အစားအသောက်၊ မြေသြဇာနှင့် ဆေးဝါး တင်သွင်းခြင်းအတွက် ငွေစိုက်ထုတ်ခြင်းအကြား

ရွေးချယ်နေရသည်” ဟုလည်း အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံ ပျှမ်းမျှအားဖြင့် တနှစ်လျှင် လောင်စာ ဒေါ်လာ ၃ ဘီလျံဖိုး၊ အသားနှင့် ဟင်းသီးဟင်းရွက်

ဒေါ်လာ ၁.၂ ဘီလျံဖိုး၊ စားသုံးဆီ ဒေါ်လာ တဘီလျံဖိုးနှင့် ဆေးဝါးပစ္စည်း ဒေါ်လာ သန်း ၅၀၀

ဖိုးအပါအဝင် ကုန်စည်နှင့်ဝန်ဆောင်မှု ဒေါ်လာ ၂၈ ဘီလျံဖိုး တင်သွင်းရသည်။

၂၀၂၀ ခုနှစ်က ကိုဗစ်-၁၉ လော့ဒေါင်း စီးပွားရေး ထိခ်ိုက်မှုကြောင့် ထိုနှစ် အောက်တိုဘာနောက်ပိုင်းတွင်

ပို့ကုန် ၂၀ ရာခိုင်နှုန်းနှင့် သွင်းကုန် ၃၅ ရာခိုင်နှုန်းကျော် ကျဆင်းကြောင်း IEM က ဆိုသည်။

စစ်အာဏာမသိမ်းမီက အထည်အလိပ်နှင့် ဖိနပ်လုပ်ငန်းသည် နိုင်ငံသို့ နိုင်ငံခြားစီးဝင်မှု၏

လေးပုံတပုံရှိသော်လည်း ထိုကဏ္ဍသည် ဖေဖေါ်ဝါရီလ ၁ ရက်နောက်ပိုင်းတွင် လုံးဝနီးပါး

ပျောက်ကွယ်သွားသည်။ အဓိက သဘာဝဓါတ်ငွေ့ဖြစ်သော်လည်း

သတ္တု၊ ကျောက်မျက်နှင့် သစ်တောထွက် ပစ္စည်းများလည်းပါဝင်သော သဘာ၀ သယံဇာတကဏ္ဍသည်

နိုင်ငံသို့ နိုင်ငံခြားငွေစီးဝင်မှု၏ နောက်ထပ် ၄ ပုံတပုံရှိသည်။

ပြည်တွင်းဘဏ်လုပ်ငန်းသို့ ငွေရင်းစီးဝင်မှု (ယခုအခါ ဘဏ္ဍာရေးကဏ္ဍ ထိခိုက်လွယ်မှုများကြောင့်

ပြောပလောက်အောင် မရှိတော့ပေ)၊ ပြည်ပမှချေးယူခြင်း (အာမခံကြေး ပိုမိုမြင့်မားလာသောကြောင့် ပိုမိုကုန်ကျလာသည်) နှင့်

အလှူရှင်များက ငွေကြေးထောက်ပံ့ခြင်း (တစိတ်တပိုင်း ဆိုင်းငံ့ထားသည်) စသည်တို့သည် နိုင်ငံသို့

နိုင်ငံခြားငွေစီးဝင်မှု နောက်ထပ် ၄ ပုံတပုံကို ကိုယ်စားပြုကာ ကုန်သွယ်ရေး လိုငွေကို ဖြည့်ဆည်းပေးနေသည်ဟု အစီရင်ခံစာက ဆိုသည်။

“အချုပ်အားဖြင့်ဆိုရပါက နောက်ထပ်နိုင်ငံခြားငွေ စီးဝင်မှုမရှိဘဲ စစ်ကောင်စီသည် မကြာမီ နိုင်ငံခြားငွေကို ဝေပုံကျ သုံးစွဲရတော့မည် ဖြစ်သည်။

စစ်ကောင်စီသည် ၎င်းအတွက် လောင်စာ၊ ဆေးဝါး၊ ကိရိယာများ၊ အစားအစာဝယ်ယူခြင်းနှင့်

ကျန်ပြည်သူများအတွက် နိုင်ငံခြားငွေများ သုံးစွဲခြင်းတို့အကြား ရွေးချယ်ရတော့မည်ဖြစ်သည်။

အစိုးရ တရားဝင်မီဒီယာကလည်း ထိုအတိုင်းပင် ဖေါ်ပြနေပြီး မြန်မာနိုင်ငံသည် နိုင်ငံခြားငွေချွေတာရန်

စားအုန်းဆီ၊ အစားအသောက်၊ လူသုံးကုန်ပစ္စည်းနှင့် ရေအားနှင့် ဆိုလာဓါတ်အား

ပိုမိုထုတ်လုပ်ရမည်”ဟု ထိုအစီရင်ခံစာက ဖော်ပြကြောင်း Nikkei သတင်းက ဆိုသည်။

ကမ္ဘာ့ ကြွေးမြီပြန်လည်ပေးဆပ်နိုင်မှု အဆင့်သတ်မှတ်သည့် လုပ်ငန်းတခု၏ လုပ်ငန်းခွဲဖြစ်သော

Fitch Solutions ၏ သီးခြားအစီရင်ခံစာတစောင်တွင်လည်း စစ်ကောင်စီအတွက်

နိုင်ငံခြားငွေသုံးစွဲနိုင်မှု ကျပ်တည်းခြင်းကို အဓိကဖေါ်ပြထားပြီး

လာမည့်နှစ်များအတွင်း မြန်မာ အခြေခံအဆောက်အအုံကဏ္ဍ နှင့် ဆောက်လုပ်ရေးကဏ္ဍသည်

အကြီးအကျယ် ကျဆင်းမည်ဖြစ်ကြောင်း သတိပေးထားသည်။ စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်-၁၉ လော့ဒေါင်းပိတ်ဆို့မှုများကြောင့်

ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခြင်းအပြင် သွင်းကုန်ကို အကြီးအကျယ်မှီခိုရသည့်

ထိုကဏ္ဍသည် သွင်းကုန်စရိတ်များအတွက် ရုန်းကန်ရမည်ဖြစ်သည်။

ဆောက်လုပ်ရေးကဏ္ဍသည် ယခုနှစ်အတွင်း ၄၄ ရာခိုင်နှုန်း ကျဆင်းပြီး နောင်လာမည့်

နှစ်များတွင်လည်း အနည်းငယ်မျှသာ တိုးတက်မည်ဖြစ်ကြောင်း Fitch ကခန့်မှန်းသည်။

နိုင်ငံခြားငွေ စီးဝင်မှုအပေါ်နောက်ထပ်ဖိအားပေးခြင်းသည် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို

ပြိုကွဲစေမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ အကြီးအကျယ်ရပ်ဆိုင်းမည်ဖြစ်ကြောင်း Fitch က သတိပေးသည်။

“ဆက်လက်ဖြစ်ပွားနေသော နိုင်ငံတဝန်း ဆန္ဒပြပွဲများနှင့် အလုပ်သမားသပိတ်များသည်

လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ဖြန့်ဖြူးရေး ပြတ်တောက်မှုများကို ဖြစ်စေပြီး တခါတရံ

အလုပ်သမားမရှိသောကြောင့် လုပ်ငန်းရပ်ဆိုင်းခြင်းများကို ဖြစ်စေသည်”ဟုလည်း ဆိုသည်။

ထိုပြတ်တောက်မှုများသည် ဘဏ်စနစ်ကိုပါ ချည့်နဲ့သွားစေကြောင်းလည်း ဆိုပြီး “ဆောက်လုပ်ရေးလုပ်သား

အများစုမှာ ငွေသားဖြင့် နေ့စဉ်လုပ်အားခပေးသည့်အပေါ် မှီခိုနေကြရသည်။

ဆောက်လုပ်ရေးလုပ်ငန်း အများအပြားသည် ယခုအခါ ငွေသားပြတ်လပ်မှုနှင့် ရုန်းကန်နေရပြီး

ငွေသားထုတ်ယူရနိုင်မှုကလည်း အကန့်အသတ်ရှိသည်”ဟု Fitch က ရေးသည်။

အဓိကကျသော သွင်းကုန်များ ဝယ်ယူရေး ငွေမာသုံးစွဲနိုင်စွမ်းအပေါ် ဖိအားကို ထောက်ပြရာတွင်

Fitch ၏ အစီရင်ခံစာနှင့် IEM ၏ တွေ့ရှိချက်များသည် တူညီနေသည်။

“နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီသည် စစ်လက်နက်ပစ္စည်းနှင့် ဝန်ဆောင်မှုများကိုသာ

ဆက်လက် ဦးစားပေးနေပါက လာမည့်လများတွင် လူထုသည် အကြီးအကျယ် ဒုက္ခရောက်မည်” ဟု

IEM စီးပွားရေး ပညာရှင်များက သတိပေးကြောင်း သိရသည်။

သို့သော် “စစ်တပ်သည် အများပြည်သူဝန်ဆောင်မှုနှင့် ပုဂ္ဂလိကကဏ္ဍအတွက် နိုင်ငံခြားငွေများ

ကင်းမဲ့နေပြီးဖြစ်ကာ နိုင်ငံခြားသုံးငွေရရှိရေး အခက်အခဲကို ထပ်မံရင်ဆိုင်ရပါက အရပ်သားများထက်

စစ်ဖက်ကိုသာ အကြီးအကျယ် ထိခိုက်နိုင်သည်” ဟု IEM က ဆိုကြောင်းလည်း သိရသည်။

စိတ်ဝင်စားစရာကောင်းသည်မှာ ထိုအစီရင်ခံစာသည် နိုင်ငံတော်၊ စစ်ကောင်စီနှင့် စစ်တပ်ကို

ခွဲခြားသတ်မှတ်မှု မရှိခြင်းဖြစ်သည်။ သဘောတရားအရ စစ်ကောင်စီသည် နိုင်ငံတော်ဝင်ငွေများကို

သိမ်းယူထားသော်လည်း ထိုသို့ဖြစ်ခြင်း မရှိသေးကြောင်း ရန်ကုန်ုအခြေစိုက်သုတေသီတဦးပြောသည်။

“နိုင်ငံတော်နဲ့စစ်တပ်ကို အတူတူလို့ သတ်မှတ်လိုက်ရင် စစ်တပ်က စီးပွားရေးကို ထိန်းချုပ်ထားတယ်ဆိုတဲ့

မှားယွင်းတဲ့အမြင်ကို ဖြစ်စေတယ်။ တကယ်တော့ အဖွဲ့အစည်းနဲ့ဌာနအများအပြားက

စစ်တပ်နဲ့မပူးပေါင်းဘူး” ဟု ထိုသုတေသီက Nikkei Asia သို့ပြောသည်။

သို့သော် စီးပွားရေးပညာရှင်များအနေဖြင့် နိုင်ငံတော်နှင့် စစ်တပ်အကြား ခွဲခြားမရတော့ကြောင်း

အမည်မဖေါ်လိုသော IEM စီးပွားရေးပညာရှင်များကပြောကြောင်း သိရသည်။

“ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးပြီးခြင်းပဲ (စစ်ကောင်စီခန့်) အစိုးရအဖွဲ့က စီးပွားရေးပြုပြင်ပြောင်းလဲမှု

လုပ်ပုံရတယ်။ ဒါကြောင့် စစ်တပ်နဲ့အစိုးရအကြား ခွဲခြားမြင်ဖို့ ကျိုးကြောင်းဆီလျှော်သလို ဖြစ်နေတယ်။

အဲဒီအချိန်ကစလို့ စစ်ကောင်စီက ဆုံးဖြတ်ချက်အားလုံးကို ချတယ်။ ဗဟိုဘဏ် ညွှန်ကြားချက်ကိုပါ ရေးတယ်။

ဥပမာဆိုရင် သီးခြားလွတ်လပ်တဲ့အစိုးရတခုဟာ ဒီအကျပ်အတည်းမှာ လောင်စာနဲ့ဆေးဝါးအတွက်

နိုင်ငံခြားသုံးငွေကို သီးခြားထားမှာပဲ။ ဒါပေမယ့် စစ်ကောင်စီကကျတော့ ဒါကိုခွင့်မပြုဘူး” ဟု ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

“ဥပမာဆိုရင် ပြည်တွင်းအခွန်ဦးစီးဌာနက စစ်အာဏာပိုင်တွေအောက် ရောက်သွားပြီး နိုင်ငံတော်အခွန်ငွေကို

စစ်အရာရှိတွေက ခွဲဝေနေပြီ။ ဒါကြောင့် စစ်တပ်နဲ့အစိုးရ တသားတည်း မဖြစ်ဘူးလို့ ပြောမရဘူး” ဟုလည်း ပြောကြောင်း သိရသည်။

ကိုးကား။ ။ Nikkei Asia ၏ Myanmar economists urge curbs on junta’s hard currency access

ဧရာ၀တီ

zawgyi

စစ္ေကာင္စီ ႏိုင္ငံျခားေငြမာ ဆက္ၿပီး မရႏိုင္လွ်င္

ႏိုင္ငံျခားေငြေၾကးသုံးခြင့္ကို ထိန္းခ်ဳပ္ရန္ အေရးယူပိတ္ဆို႔မႈမ်ားႏွင့္ အျခားအစီအမံမ်ားသည္

စစ္ေကာင္စီအေနျဖင့္ ဦးစားေပးအသုံးစရိတ္မ်ား ေျပာင္းလဲရျခင္းႏွင့္

စစ္လက္နက္ပစၥည္းဝယ္ယူမႈ အသုံးစရိတ္ေလွ်ာ့ခ်ျခင္းတို႔ျဖစ္ေစမည့္

အဓိက ဘ႑ာေရးဖိအားျဖစ္ေၾကာင္း ျမန္မာ့အေရးေလ့လာေနေသာ ေဘာဂေဗဒပညာရွင္မ်ားတင္သြင္းသည့္

စစ္တပ္ဘ႑ာေရးစာတမ္းတြင္ ေဖၚျပထားေၾကာင္း ဂ်ပန္သတင္းဌာန Nikkei Asia အဆိုအရ သိရသည္။

ျမန္မာႏိုင္ငံတြင္း လုပ္ကိုင္ေနသည့္ ေဘာဂေဗဒပညာရွင္မ်ားပါဝင္ေသာ အဖြဲ႕ ျမန္မာအတြက္

လြတ္လပ္ေသာ ေဘာဂေဗဒပညာရွင္မ်ား (Independent Economists for Myanmar-IEM) က ေရးသားၿပီး

အမ်ားျပည္သူသို႔ ထုတ္ျပန္ျခင္းမျပဳေသာ ထိုအစီရင္ခံစာသည္ ေဖေဖၚဝါရီလ ၁ ရက္ေန႔ေနာက္ပိုင္း

စစ္ေကာင္စီ၏ ဘ႑ာေရးအေျခအေနကို သုံးသပ္တင္ျပထားေၾကာင္း သတင္းကဆိုသည္။

ထိုစာတမ္းတြင္ သဘာဝဓါတ္ေငြ႕ႏွင့္ေက်ာက္မ်က္က႑ကဲ့သို႔ေသာ က႑မ်ားမွ

ဝင္ေငြကိုျဖတ္ေတာက္လွ်င္ ျဖစ္ႏိုင္သည့္ စစ္ေကာင္စီ၏ အားနည္းခ်က္မ်ားကို ေဖၚျပထားေၾကာင္း သိရသည္။

စစ္ေကာင္စီ၏ ေငြမာရင္းျမစ္မ်ားကို ႏိုင္ငံတကာအေရးယူပိတ္ဆို႔မႈမ်ားျဖင့္ ပစ္မွတ္ထားလုပ္ကိုင္ပါက

စစ္ေကာင္စီ၏ ဝင္ေငြကို တႏွစ္လွ်င္ ေဒၚလာ ၂ ဘီလ်ံခန္႔ ေလွ်ာ့ခ်ႏိုင္ေၾကာင္း

ထိုစာတမ္းက ေကာက္ခ်က္ခ်ထားေၾကာင္းလည္း သိရသည္။

ထိုသို႔ေသာလုပ္ရပ္မ်ားႏွင့္ စစ္ေကာင္စီ စီးပြားေရးလုပ္ငန္းမ်ားတြင္ ျပည္ပမွ ထည့္ဝင္မႈ တားျမစ္ျခင္းသည္

စစ္ေကာင္စီအေနျဖင့္ ၎တို႔၏ လိုအပ္ခ်က္မ်ားကို ခ်ိန္ညႇိရန္ႏွင့္ အသုံးစရိတ္မ်ားကို

အမ်ားျပည္သူဝန္ေဆာင္မႈ လိုအပ္ခ်က္အတြက္ ေျပာင္းလဲေပးရန္ ျဖစ္ေစႏိုင္ေၾကာင္း

IEM အဖြဲ႕က ၎တို႔၏ အစီရင္ခံစာတြင္ ေဖၚျပသည္။

ထိုသို႔ေသာ အေရးယူမႈမ်ားသည္ ႏိုင္ငံပိုင္ ျမန္မာ့ႏိုင္ငံျခားကုန္သြယ္မႈဘဏ္ႏွင့္ ျမန္မာ့ရင္းႏွီးျမဳပ္ႏွံမႈႏွင့္

ကူးသန္းေရာင္းဝယ္ေရးဘဏ္တို႔မွ အပ္ႏွံမႈမ်ားကို ထိန္းခ်ဳပ္လိုက္ျခင္းျဖင့္

သဘာဝဓါတ္ေငြ၊ သတၱဳႏွင့္ ေက်ာက္မ်က္တူးေဖၚေရး၊ သစ္ေတာ၊ သေဘၤာလိုင္းမ်ားႏွင့္

ေလေၾကာင္းလိုင္းမ်ားမွရရွိေသာ စစ္ေကာင္စီ၏ ဝင္ေငြမ်ားကို ထိခိုက္ေစႏိုင္သည္ဟု ထိုစာတမ္းကဆိုေၾကာင္း သိရသည္။

အစိုးရအင္တာနက္စာမ်က္ႏွာမ်ားတြင္ ယခင္ကရယူႏိုင္သည့္ တရားဝင္အခ်က္အလက္မ်ားႏွင့္

ျဖဳတ္ခ်ခံ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ေခတ္ မွတ္တမ္းမ်ားအရ စစ္ေကာင္စီသည္ ႏိုင္ငံ၏ဘ႑ာေရးကို ထိန္းခ်ဳပ္ၿပီး

အနည္းဆုံး ေဒၚလာ ၄ ဘီလ်ံ ႏိုင္ငံျခားအရံေငြေၾကးမ်ား သို႔မဟုတ္ ျမန္မာ့ႏိုင္ငံျခားေငြ ပိုင္ဆိုင္မႈ

သုံးပုံႏွစ္ပုံကို ရယူထားေၾကာင္း ထိုစာတမ္းကို ေရးသားသူမ်ားက ခန္႔မွန္းသည္။

စစ္ေကာင္စီသည္ အထည္အလိပ္ႏွင့္ ခရီးသြားလုပ္ငန္းကဲ့သို႔ေသာ ႏိုင္ငံျခားေငြရသည့္

က႑မ်ားၿပိဳကြဲမႈေနာက္ပိုင္း လက္က်န္လည္ပတ္ေငြမ်ား၏ ထက္ဝက္ကိုလည္း

ထိန္းခ်ဳပ္ထားေၾကာင္း ထိုအစီရင္ခံစာက ဆိုသည္။

စစ္ေကာင္စီသို႔ ႏိုင္ငံျခားေငြအမ်ားဆုံးစီးဝင္မႈကို သဘာဝဓါတ္ေငြ႕၊ ေက်ာက္စိမ္း၊ သတၱဳတြင္းထြက္မ်ား၊

ေျမငွားခ၊ ဆက္သြယ္ေရးႏွင့္ ဆိပ္ကမ္းခ၊ သယ္ယူပို႔ေဆာင္ေရးကုမၸဏီမ်ားပါဝင္သည့္

ကုန္သြယ္ေရးႏွင့္ပတ္သက္သည့္ စီးပြားေရးလုပ္ငန္းမ်ားမွ ရရွိသည္။

ထိုဝင္ေငြစုစုေပါင္းသည္ တႏွစ္လွ်င္ ေဒၚလာ ၂.၅ ဘီလ်ံခန္႔ရွိသည္။

စစ္ေကာင္စီသည္ ၎တို႔ကို လိုလားေသာ ၿမီရွင္မ်ားထံမွလည္း ေခ်းယူႏိုင္စြမ္း ရွိႏိုင္ေၾကာင္း ထိုအစီရင္ခံစာက ဆိုသည္။

စစ္တပ္ဝင္ေငြ၏ အဓိကအစိတ္အပိုင္းအျဖစ္ သတ္မွတ္ထားေသာ ေက်ာက္စိမ္းႏွင့္ေက်ာက္မ်က္မ်ားသည္

အဆင့္ျမင့္စစ္အရာရွိမ်ားႏွင့္ ၎တို႔၏ မိသားစုမ်ားအတြက္ ထိပ္တန္းေငြမာရႏိုင္ေသာ ရင္းျမစ္ဆက္လက္ျဖစ္ေနသည္။

သို႔ေသာ္ ၎တို႔သည္ အျခားေသာ ျပည္တြင္းစီးပြားေရး က႑မ်ားမွလည္း

အက်ိဳးအျမတ္မ်ားစြာ ရေနၾကသည္ဟု ထိုအစီရင္ခံစာက ဆိုသည္။

ေက်ာက္စိမ္းႏွင့္ေက်ာက္မ်က္က႑မွ စုစုေပါင္းအက်ိဳးအျမတ္သည္ တႏွစ္လွ်င္ ေဒၚလာ

ဘီလ်ံေပါင္းမ်ားစြာရွိေသာ္လည္း တရားဝင္ကုန္သြယ္မႈအခ်က္အလက္မ်ားအရ

တႏွစ္လွ်င္ ေဒၚလာသန္း ၂၅၀ မွ ၁.၈ ဘီလ်ံခန္႔သာရွိသည္။

သို႔ေသာ္ ေက်ာက္စိမ္းႏွင့္ေက်ာက္မ်က္မွ ဝင္ေငြသည္ ၂၀၁၄ ခုႏွစ္ တရားဝင္

စာရင္းမ်ားတြင္မူ ထူးထူးျခားျခား ေဒၚလာ ၁၂ ဘီလ်ံရွိလာသည္။

“သို႔ေသာ္ သီးျခားလြတ္လပ္ေသာ ခန္႔မွန္းခ်က္မ်ားအရဆိုပါက ေက်ာက္စိမ္းေရာင္းဝယ္မႈသည္

၂၀၁၄ ခုႏွစ္ မပါသည့္ အျခားႏွစ္မ်ား၏ ပ်မ္းမွ်ထက္ သုံးဆမွ ၁၄ ဆ အထိ ပိုမိုမ်ားျပားေၾကာင္း သိရသည္။

ထိုသို႔ျဖစ္ရျခင္းမွာ တန္ဖိုေလွ်ာ့ေပါ့ေဖၚျပျခင္းႏွင့္ တ႐ုတ္ႏိုင္ငံသို႔

ေမွာင္ခိုေရာင္းခ်ျခင္းတို႔ေၾကာင့္ ျဖစ္ေၾကာင္းသိရသည္။

အလားတူစြာပင္ ျမန္မာမွ ထုတ္လုပ္ေသာ ေက်ာက္မ်က္မ်ား၏ ၆၀ မွ ၈၀ ရာခိုင္ႏႈန္းအထိသည္

တရားဝင္ကုန္သြယ္ေရးႏွင့္ ပို႔ကုန္စနစ္မ်ားကို ျဖတ္သန္းျခင္းမရွိေၾကာင္း ထိုအစီရင္ခံစာက ဆိုေၾကာင္း သိရသည္။

ေဖေဖၚဝါရီလ ၁ ရက္ေန႔ စစ္အာဏသိမ္းခ်ိန္ေနာက္ပိုင္း ျမန္မာႏိုင္ငံ၏ အေရးပါေသာ အထည္ခ်ဳပ္ပို႔ကုန္ႏွင့္

ခရီးသြားလုပ္ငန္းၿပိဳကြဲေသာအခါ စစ္ေကာင္စီလက္တြင္ ေက်ာက္စိမ္းႏွင့္

သဘာဝဓါတ္ေငြ႕အပါအဝင္ ႏိုင္ငံျခားေငြရင္းျမစ္ ထက္ဝက္က်န္ေနသည္။

သဘာဝဓါတ္ေငြ႕က႑တြင္ ျပည္ပေရနံႏွင့္ သဘာဝဓါတ္ေငြ႕ထုတ္လုပ္သူမ်ားထံမွ ေကာက္ခံသည့္

အခေၾကးေငြႏွင့္ အခြန္ေငြမ်ားသည္ ႏိုင္ငံျခားေငြ ပုံမွန္ရေသာ ရင္းျမစ္ျဖစ္သည္။

ျမန္မာႏိုင္ငံသည္ ထိုင္းမွ PTT Exploration ၊ ျပင္သစ္မွ Total ၊

အေမရိကန္ျပည္ေထာင္စုမွ Chevron ၊

တ႐ုတ္မွ CNOOC ႏွင့္ ေတာင္ကိုရီးယားမွ Posco Daewoo တို႔ႏွင့္ ေရနံႏွင့္သဘာဝဓါတ္ငြ

ေ့ ရွာေဖြတူးေဖၚသည့္ လိုင္စင္သေဘာတူစာခ်ဳပ္မ်ားခ်ဳပ္ဆိုထားသည္။

ပိုက္လိုင္းျဖင့္ ဓါတ္ေငြ႕တင္ပို႔ျခင္းအပါအဝင္ ျမန္မာႏိုင္ငံသည္ ယခင္ႏွစ္က ထိုက႑မွ

ေဒၚလာ ၃.၃ ဘီလ်ံ သို႔မဟုတ္ ပို႔ကုန္ဝင္ေငြ ၂၀ ရာခိုင္ႏႈန္း ရရွိေၾကာင္း ကုလသမဂၢစာရင္းမ်ားက

ျပသေနၿပီး ထိုေငြတြင္ ႏိုင္ငံေတာ္ႏွင့္ ကန္ထ႐ိုက္တာမ်ားအတြက္

အခေၾကးေငြႏွင့္ ထုတ္လုပ္မႈ ကုန္က်စရိတ္မ်ား ပါဝင္သည္။

ဦးသိန္းစိန္ အစိုးရေခတ္က ခ်မွတ္ခဲ့သည့္ ကမာၻ႔စံျဖစ္သည့္ သယံဇာတထုတ္ယူေရးလုပ္ငန္းမ်ား

ပြင့္လင္းျမင္သာမႈ အစီအစဥ္၏ စာရင္းမ်ားကို အေျခခံေသာ IEM ၏ အဆိုအရ ၂၀၁၇-၁၈ ခုႏွစ္တြင္

ေရနံႏွင့္သဘာဝဓါတ္ေငြ႕သည္ ႏိုင္ငံအတြက္ ႏိုင္ငံျခားေငြ ေဒၚလာ တဘီလ်ံ ရရွိေစသည္။

ထိုရင္းျမစ္မ်ားက စစ္ေကာင္စီ၏ လက္နက္ကိုင္တပ္ဖြဲ႕မ်ားႏွင့္ အုပ္ခ်ဳပ္ေရးယႏၲရား လိုအပ္ခ်က္မ်ားကို

ကာလလတ္အတြက္ ျဖည့္ဆည္းေပးမည့္ ႏိုင္ငံျခားေငြ အလုံအေလာက္ရရွိေစေသာ္လည္း

အမ်ားျပည္သူဝန္ေဆာင္မႈမ်ား သို႔မဟုတ္ ပုဂၢလိက က႑လိုအပ္ခ်က္မ်ားကို

ျဖည့္ဆည္းေပးႏိုင္ျခင္း မရွိေၾကာင္း ထိုအစီရင္ခံစာက ဆိုသည္။

“အတင္းအက်ပ္ ပစ္မွတ္ထား အေရးယူပိတ္ဆို႔မႈ မရွိလွ်င္ပင္ စစ္တပ္သည္ ၎တို႔အတြက္

ဦးစားေပးလိုအပ္ခ်က္မ်ားႏွင့္ လွ်ပ္စစ္ထုတ္ရန္ ေလာင္စာႏွင့္ ကိရိယာမ်ား၊ ျပည္သူလူထု ရွင္သန္ရန္

လိုအပ္ေသာ အစားအေသာက္၊ ေျမၾသဇာႏွင့္ ေဆးဝါး တင္သြင္းျခင္းအတြက္ ေငြစိုက္ထုတ္ျခင္းအၾကား

ေ႐ြးခ်ယ္ေနရသည္” ဟုလည္း အစီရင္ခံစာက ဆိုသည္။

ျမန္မာႏိုင္ငံ ပွ်မ္းမွ်အားျဖင့္ တႏွစ္လွ်င္ ေလာင္စာ ေဒၚလာ ၃ ဘီလ်ံဖိုး၊ အသားႏွင့္ ဟင္းသီးဟင္း႐ြက္

ေဒၚလာ ၁.၂ ဘီလ်ံဖိုး၊ စားသုံးဆီ ေဒၚလာ တဘီလ်ံဖိုးႏွင့္ ေဆးဝါးပစၥည္း ေဒၚလာ သန္း ၅၀၀

ဖိုးအပါအဝင္ ကုန္စည္ႏွင့္ဝန္ေဆာင္မႈ ေဒၚလာ ၂၈ ဘီလ်ံဖိုး တင္သြင္းရသည္။

၂၀၂၀ ခုႏွစ္က ကိုဗစ္-၁၉ ေလာ့ေဒါင္း စီးပြားေရး ထိခ္ိုက္မႈေၾကာင့္ ထိုႏွစ္ ေအာက္တိုဘာေနာက္ပိုင္းတြင္

ပို႔ကုန္ ၂၀ ရာခိုင္ႏႈန္းႏွင့္ သြင္းကုန္ ၃၅ ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းေၾကာင္း IEM က ဆိုသည္။

စစ္အာဏာမသိမ္းမီက အထည္အလိပ္ႏွင့္ ဖိနပ္လုပ္ငန္းသည္ ႏိုင္ငံသို႔ ႏိုင္ငံျခားစီးဝင္မႈ၏

ေလးပုံတပုံရွိေသာ္လည္း ထိုက႑သည္ ေဖေဖၚဝါရီလ ၁ ရက္ေနာက္ပိုင္းတြင္ လုံးဝနီးပါး

ေပ်ာက္ကြယ္သြားသည္။ အဓိက သဘာဝဓါတ္ေငြ႕ျဖစ္ေသာ္လည္း

သတၱဳ၊ ေက်ာက္မ်က္ႏွင့္ သစ္ေတာထြက္ ပစၥည္းမ်ားလည္းပါဝင္ေသာ သဘာ၀ သယံဇာတက႑သည္

ႏိုင္ငံသို႔ ႏိုင္ငံျခားေငြစီးဝင္မႈ၏ ေနာက္ထပ္ ၄ ပုံတပုံရွိသည္။

ျပည္တြင္းဘဏ္လုပ္ငန္းသို႔ ေငြရင္းစီးဝင္မႈ (ယခုအခါ ဘ႑ာေရးက႑ ထိခိုက္လြယ္မႈမ်ားေၾကာင့္

ေျပာပေလာက္ေအာင္ မရွိေတာ့ေပ)၊ ျပည္ပမွေခ်းယူျခင္း (အာမခံေၾကး ပိုမိုျမင့္မားလာေသာေၾကာင့္ ပိုမိုကုန္က်လာသည္) ႏွင့္

အလႉရွင္မ်ားက ေငြေၾကးေထာက္ပံ့ျခင္း (တစိတ္တပိုင္း ဆိုင္းငံ့ထားသည္) စသည္တို႔သည္ ႏိုင္ငံသို႔

ႏိုင္ငံျခားေငြစီးဝင္မႈ ေနာက္ထပ္ ၄ ပုံတပုံကို ကိုယ္စားျပဳကာ ကုန္သြယ္ေရး လိုေငြကို ျဖည့္ဆည္းေပးေနသည္ဟု အစီရင္ခံစာက ဆိုသည္။

“အခ်ဳပ္အားျဖင့္ဆိုရပါက ေနာက္ထပ္ႏိုင္ငံျခားေငြ စီးဝင္မႈမရွိဘဲ စစ္ေကာင္စီသည္ မၾကာမီ ႏိုင္ငံျခားေငြကို ေဝပုံက် သုံးစြဲရေတာ့မည္ ျဖစ္သည္။

စစ္ေကာင္စီသည္ ၎အတြက္ ေလာင္စာ၊ ေဆးဝါး၊ ကိရိယာမ်ား၊ အစားအစာဝယ္ယူျခင္းႏွင့္

က်န္ျပည္သူမ်ားအတြက္ ႏိုင္ငံျခားေငြမ်ား သုံးစြဲျခင္းတို႔အၾကား ေ႐ြးခ်ယ္ရေတာ့မည္ျဖစ္သည္။

အစိုးရ တရားဝင္မီဒီယာကလည္း ထိုအတိုင္းပင္ ေဖၚျပေနၿပီး ျမန္မာႏိုင္ငံသည္ ႏိုင္ငံျခားေငြေခြၽတာရန္

စားအုန္းဆီ၊ အစားအေသာက္၊ လူသုံးကုန္ပစၥည္းႏွင့္ ေရအားႏွင့္ ဆိုလာဓါတ္အား

ပိုမိုထုတ္လုပ္ရမည္”ဟု ထိုအစီရင္ခံစာက ေဖာ္ျပေၾကာင္း Nikkei သတင္းက ဆိုသည္။

ကမာၻ႔ ေႂကြးၿမီျပန္လည္ေပးဆပ္ႏိုင္မႈ အဆင့္သတ္မွတ္သည့္ လုပ္ငန္းတခု၏ လုပ္ငန္းခြဲျဖစ္ေသာ

Fitch Solutions ၏ သီးျခားအစီရင္ခံစာတေစာင္တြင္လည္း စစ္ေကာင္စီအတြက္

ႏိုင္ငံျခားေငြသုံးစြဲႏိုင္မႈ က်ပ္တည္းျခင္းကို အဓိကေဖၚျပထားၿပီး

လာမည့္ႏွစ္မ်ားအတြင္း ျမန္မာ အေျခခံအေဆာက္အအုံက႑ ႏွင့္ ေဆာက္လုပ္ေရးက႑သည္

အႀကီးအက်ယ္ က်ဆင္းမည္ျဖစ္ေၾကာင္း သတိေပးထားသည္။ စစ္အာဏာသိမ္းမႈႏွင့္ ကိုဗစ္-၁၉ ေလာ့ေဒါင္းပိတ္ဆို႔မႈမ်ားေၾကာင့္

ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ရပ္ဆိုင္းျခင္းအျပင္ သြင္းကုန္ကို အႀကီးအက်ယ္မွီခိုရသည့္

ထိုက႑သည္ သြင္းကုန္စရိတ္မ်ားအတြက္ ႐ုန္းကန္ရမည္ျဖစ္သည္။

ေဆာက္လုပ္ေရးက႑သည္ ယခုႏွစ္အတြင္း ၄၄ ရာခိုင္ႏႈန္း က်ဆင္းၿပီး ေနာင္လာမည့္

ႏွစ္မ်ားတြင္လည္း အနည္းငယ္မွ်သာ တိုးတက္မည္ျဖစ္ေၾကာင္း Fitch ကခန္႔မွန္းသည္။

ႏိုင္ငံျခားေငြ စီးဝင္မႈအေပၚေနာက္ထပ္ဖိအားေပးျခင္းသည္ ႏိုင္ငံျခားတိုက္႐ိုက္ ရင္းႏွီးျမႇဳပ္ႏွံမႈကို

ၿပိဳကြဲေစမည္ျဖစ္ၿပီး ေဆာက္လုပ္ေရးလုပ္ငန္းမ်ား အႀကီးအက်ယ္ရပ္ဆိုင္းမည္ျဖစ္ေၾကာင္း Fitch က သတိေပးသည္။

“ဆက္လက္ျဖစ္ပြားေနေသာ ႏိုင္ငံတဝန္း ဆႏၵျပပြဲမ်ားႏွင့္ အလုပ္သမားသပိတ္မ်ားသည္

လမ္းပန္းဆက္သြယ္ေရးႏွင့္ ကုန္စည္ျဖန္႔ျဖဴးေရး ျပတ္ေတာက္မႈမ်ားကို ျဖစ္ေစၿပီး တခါတရံ

အလုပ္သမားမရွိေသာေၾကာင့္ လုပ္ငန္းရပ္ဆိုင္းျခင္းမ်ားကို ျဖစ္ေစသည္”ဟုလည္း ဆိုသည္။

ထိုျပတ္ေတာက္မႈမ်ားသည္ ဘဏ္စနစ္ကိုပါ ခ်ည့္နဲ႔သြားေစေၾကာင္းလည္း ဆိုၿပီး “ေဆာက္လုပ္ေရးလုပ္သား

အမ်ားစုမွာ ေငြသားျဖင့္ ေန႔စဥ္လုပ္အားခေပးသည့္အေပၚ မွီခိုေနၾကရသည္။

ေဆာက္လုပ္ေရးလုပ္ငန္း အမ်ားအျပားသည္ ယခုအခါ ေငြသားျပတ္လပ္မႈႏွင့္ ႐ုန္းကန္ေနရၿပီး

ေငြသားထုတ္ယူရႏိုင္မႈကလည္း အကန္႔အသတ္ရွိသည္”ဟု Fitch က ေရးသည္။

အဓိကက်ေသာ သြင္းကုန္မ်ား ဝယ္ယူေရး ေငြမာသုံးစြဲႏိုင္စြမ္းအေပၚ ဖိအားကို ေထာက္ျပရာတြင္

Fitch ၏ အစီရင္ခံစာႏွင့္ IEM ၏ ေတြ႕ရွိခ်က္မ်ားသည္ တူညီေနသည္။

“ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီသည္ စစ္လက္နက္ပစၥည္းႏွင့္ ဝန္ေဆာင္မႈမ်ားကိုသာ

ဆက္လက္ ဦးစားေပးေနပါက လာမည့္လမ်ားတြင္ လူထုသည္ အႀကီးအက်ယ္ ဒုကၡေရာက္မည္” ဟု

IEM စီးပြားေရး ပညာရွင္မ်ားက သတိေပးေၾကာင္း သိရသည္။

သို႔ေသာ္ “စစ္တပ္သည္ အမ်ားျပည္သူဝန္ေဆာင္မႈႏွင့္ ပုဂၢလိကက႑အတြက္ ႏိုင္ငံျခားေငြမ်ား

ကင္းမဲ့ေနၿပီးျဖစ္ကာ ႏိုင္ငံျခားသုံးေငြရရွိေရး အခက္အခဲကို ထပ္မံရင္ဆိုင္ရပါက အရပ္သားမ်ားထက္

စစ္ဖက္ကိုသာ အႀကီးအက်ယ္ ထိခိုက္ႏိုင္သည္” ဟု IEM က ဆိုေၾကာင္းလည္း သိရသည္။

စိတ္ဝင္စားစရာေကာင္းသည္မွာ ထိုအစီရင္ခံစာသည္ ႏိုင္ငံေတာ္၊ စစ္ေကာင္စီႏွင့္ စစ္တပ္ကို

ခြဲျခားသတ္မွတ္မႈ မရွိျခင္းျဖစ္သည္။ သေဘာတရားအရ စစ္ေကာင္စီသည္ ႏိုင္ငံေတာ္ဝင္ေငြမ်ားကို

သိမ္းယူထားေသာ္လည္း ထိုသို႔ျဖစ္ျခင္း မရွိေသးေၾကာင္း ရန္ကုႏ္ုအေျခစိုက္သုေတသီတဦးေျပာသည္။

“ႏိုင္ငံေတာ္နဲ႔စစ္တပ္ကို အတူတူလို႔ သတ္မွတ္လိုက္ရင္ စစ္တပ္က စီးပြားေရးကို ထိန္းခ်ဳပ္ထားတယ္ဆိုတဲ့

မွားယြင္းတဲ့အျမင္ကို ျဖစ္ေစတယ္။ တကယ္ေတာ့ အဖြဲ႕အစည္းနဲ႔ဌာနအမ်ားအျပားက

စစ္တပ္နဲ႔မပူးေပါင္းဘူး” ဟု ထိုသုေတသီက Nikkei Asia သို႔ေျပာသည္။

သို႔ေသာ္ စီးပြားေရးပညာရွင္မ်ားအေနျဖင့္ ႏိုင္ငံေတာ္ႏွင့္ စစ္တပ္အၾကား ခြဲျခားမရေတာ့ေၾကာင္း

အမည္မေဖၚလိုေသာ IEM စီးပြားေရးပညာရွင္မ်ားကေျပာေၾကာင္း သိရသည္။

“ေဖေဖၚဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းၿပီးၿပီးျခင္းပဲ (စစ္ေကာင္စီခန္႔) အစိုးရအဖြဲ႕က စီးပြားေရးျပဳျပင္ေျပာင္းလဲမႈ

လုပ္ပုံရတယ္။ ဒါေၾကာင့္ စစ္တပ္နဲ႔အစိုးရအၾကား ခြဲျခားျမင္ဖို႔ က်ိဳးေၾကာင္းဆီေလွ်ာ္သလို ျဖစ္ေနတယ္။

အဲဒီအခ်ိန္ကစလို႔ စစ္ေကာင္စီက ဆုံးျဖတ္ခ်က္အားလုံးကို ခ်တယ္။ ဗဟိုဘဏ္ ၫႊန္ၾကားခ်က္ကိုပါ ေရးတယ္။

ဥပမာဆိုရင္ သီးျခားလြတ္လပ္တဲ့အစိုးရတခုဟာ ဒီအက်ပ္အတည္းမွာ ေလာင္စာနဲ႔ေဆးဝါးအတြက္

ႏိုင္ငံျခားသုံးေငြကို သီးျခားထားမွာပဲ။ ဒါေပမယ့္ စစ္ေကာင္စီကက်ေတာ့ ဒါကိုခြင့္မျပဳဘူး” ဟု ေျပာေၾကာင္း သတင္းတြင္ ေဖာ္ျပထားသည္။

“ဥပမာဆိုရင္ ျပည္တြင္းအခြန္ဦးစီးဌာနက စစ္အာဏာပိုင္ေတြေအာက္ ေရာက္သြားၿပီး ႏိုင္ငံေတာ္အခြန္ေငြကို

စစ္အရာရွိေတြက ခြဲေဝေနၿပီ။ ဒါေၾကာင့္ စစ္တပ္နဲ႔အစိုးရ တသားတည္း မျဖစ္ဘူးလို႔ ေျပာမရဘူး” ဟုလည္း ေျပာေၾကာင္း သိရသည္။

ကိုးကား။ ။ Nikkei Asia ၏ Myanmar economists urge curbs on junta’s hard currency access

ဧရာ၀တီ