News

အဆင့္ျမင့္ပညာဦးစီးဌာန CDM ဝန္ထမ္း ၄၁ ဦး ရာထူးက ထုတ္ပယ္ခံရ

အာဏာသိမ္းစစ္ေကာင္စီ ဆန႔္က်င္ေရး CDM ျပဳလုပ္ေနသည့္ အဆင့္ျမင့္ပညာ

ဦးစီးဌာနမွ အရာရွိ၁၄ ဦးႏွင့္ အမႈထမ္း၂၇ ဦး (စုစုေပါင္း ၄၁ ဦး) အား

ဧၿပီ၂၈ ရက္ေန႔ ရက္စြဲျဖင့္ ရာထူးမွ ထုတ္ပယ္လိုက္ေၾကာင္း ပညာေရး ဝန္ႀကီးဌာနက အမိန႔္စာ ထုတ္ျပန္ခဲ့သည္။

ထုတ္ပယ္ခံရသူမ်ားတြင္ ၫႊန္ၾကားေရးမႉး၊ ဒုၫႊန္ၾကားေရးမႉး၊ ဦးစီးအရာရွိ၊ စာေရး စသျဖင့္ ဌာနအသီးသီးမွ ပါဝင္ၿပီး

မတ္လ၂၃ ရက္မွ စ၍ ရာထူးမွ ထုတ္ပယ္ေၾကာင္းႏွင့္ ေက်နပ္မႈ မရွိပါက အမိန႔္စာ လက္ခံရသည့္ေန႔မွ

၆ လအတြင္း အယူခံလႊာ တင္သြင္းႏိုင္ေၾကာင္းလည္း အမိန႔္စာတြင္ ေဖာ္ျပထားသည္။

“႐ုံးခ်ဳပ္ကို အရင္ ဖိျပလိုက္တာ။ ဦးစီးဌာနေအာက္က ေက်ာင္းကလူေတြ ေၾကာက္မလား ဆိုတဲ့ ပုံစံေပါ့။

က်မကေတာ့ ႐ုံးျပန္တက္ဖို႔လည္း အစီအစဥ္ မရွိဘူး။

ေနာက္ဆုံး အျပင္မွာပဲ လုပ္စားမယ္၊ ဒီလူေတြနဲ႔ေတာ့ လုံးဝ တြဲမလုပ္ႏိုင္ေတာ့ဘူး” ဟု

ရာထူးက ထုတ္ပယ္ခံရသည့္ CDM ဝန္ထမ္းတဦးက ေျပာသည္။

ယခုကဲ့သို႔ ရာထူးက ထုတ္ပယ္ေၾကာင္း မေၾကညာမီ ဌာနမွ တာဝန္မ်ား ယာယီရပ္ဆိုင္းေၾကာင္း စတင္ေၾကညာကတည္းက

ဖိအားေပး ၿခိမ္းေျခာက္မႈႏွင့္ ရာထူးအား စြန႔္ပယ္ရန္ စိုးရိမ္သည့္ CDM လုပ္ခဲ့သူ

ဝန္ထမ္းအခ်ိဳ႕မွာ ႐ုံးျပန္တက္ခဲ့ၾက ေၾကာင္းလည္း သိရသည္။

အဆင့္ျမင့္ပညာ ဦးစီးဌာနတြင္ ေန႔စားဝန္ထမ္းမ်ား အပါအဝင္ ဝန္ထမ္း ၂၀၀ နီးပါးရွိၿပီး

ၫႊန္ၾကားေရးမႉးမ်ား အပါအဝင္ ဝန္ထမ္း ၆၀ ေက်ာ္က CDM လုပ္ခဲ့ၾကျခင္း ျဖစ္သည္။

CDM ဝန္ထမ္းမ်ားအား ထုတ္ပယ္ေၾကာင္း အမိန႔္စာတြင္ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ သိန္းဝင္း၊

ဒု ၫႊန္ၾကားေရးမႉခ်ဳပ္ ေဒါက္တာခ်စ္စိန္ႏွင့္

ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ႏြယ္နီတို႔ ပါဝင္သည္ကို ေတြ႕ရၿပီး ၎တို႔ ၃ ဦးအား အမ်ိဳးသား

ညီၫြတ္ ေရး အစိုးရ (NUG) ကလည္း အမည္ပ်က္စာရင္း ေၾကညာထားသည္။

ယင္းျပင္ CDM ဝန္ထမ္းမ်ားအေပၚ ၿခိမ္းေျခာက္ အက်ပ္ကိုင္ ဖိအားေပးလ်က္ရွိသည့္

ပညာေရးဝန္ႀကီးဌာန လက္ေအာက္ ဦးစီးဌာန အသီးသီးမွ အရာရွိအခ်ိဳ႕ႏွင့္

တကၠသိုလ္မ်ားမွ ပါေမာကၡခ်ဳပ္မ်ား၊ ဒုပါခ်ဳပ္မ်ား အပါအဝင္ စုစုေပါင္း ၃၂ ဦးကို လည္း

ဧၿပီ၂၆ ရက္ႏွင့္ ေမလ၂ ရက္တို႔တြင္ အမည္ပ်က္စာရင္း သြင္းခဲ့ၿပီး

၎တို႔ရာထူး တည္ရွိမႈအပါအဝင္ ကိစၥအဝဝ အား ျပည္သူ႔အစိုးရမွ လုံးဝ အသိအမွတ္ မျပဳေတာ့ေၾကာင္း

NUG အစိုးရ ပညာေရး ဝန္ႀကီး ေဒါက္တာ ေဇာ္ေဝစိုးက ေၾက ညာခဲ့သည္။

ေဒါက္တာ ေဇာ္ေဝစိုးက “ေနာက္ဆုံး သတိေပးလိုပါတယ္။ ျပည္သူအမ်ားနဲ႔ ခင္ဗ်ားတို႔ လူနည္းစုနဲ႔၊

အမွန္တရားနဲ႔ မတရား မႈနဲ႔၊ အဓမၼနဲ႔ ဓမၼကို ခြဲခြဲျခားျခား ဆင္ျခင္သုံးသပ္နားလည္းပါ။

စစ္အာဏာရွင္ဟာ က်ဆုံးေနၿပီ ဆိုတာကို ခင္ဗ်ားတို႔ သေဘာေပါက္ပါ။

ခင္ဗ်ားတို႔ေတြ ျပည္သူလူထုနဲ႔ ဝန္ထမ္းေတြကို ထုတ္တဲ့အမိန႔္နဲ႔ ေၾကညာေတြကို ခင္ဗ်ာတို႔ ဆင္ျခင္ၿပီး

ထုတ္ဖို႔ လိုၿပီဆိုတာ သေဘာေပါက္ပါ” ဟုလည္း CDM ဝန္ထမ္းမ်ားအေပၚ ဖိႏွိပ္ေနသည့္

အရာရွိမ်ားအား ေမလ ၁ ရက္က သတိေပးထားသည္။

အာဏာသိမ္း စစ္ေကာင္စီအေနျဖင့္ ပညာေရးဝန္ႀကီးဌာမွ CDM ဝန္ထမ္းမ်ားအား

ထုတ္ပယ္သည့္အျပင္ ၎တို႔အား ဆန႔္က်င္ေၾကာင္း

ဆႏၵျပပြဲမ်ားတြင္ ပါဝင္ခဲ့သည့္ ၿမိဳ႕နယ္အသီးသီးမွ ေက်ာင္းဆရာ/ဆရာမမ်ားကိုလည္း ရာဇသတ္ႀကီး

ဥပေဒပုဒ္မ ၅၀၅ (က) ျဖင့္ အမႈဖြင့္ အေရးယူကာ ဖမ္းဆီးလ်က္ရွိသည္။

ယင္းျပင္ စစ္ေကာင္စီက ေမလ ၅ ရက္မွ စတင္ကာ တကၠသိုလ္၊ ေကာလိပ္သင္တန္းမ်ား ျပန္လည္

ဖြင့္လွစ္ရန္ႏွင့္ အေျခခံ ပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရန္ ႀကိဳးပမ္းလ်က္ရွိရာတြင္

ျပည္သူမ်ားႏွင့္ ေက်ာင္းသား/သူမ်ား၏ ဆန႔္က်င္မႈႏွင့္ ႀကဳံေတြ႕ရလ်က္ရွိၿပီး “စစ္ကြၽန္ပညာေရး အလိုမရွိ”

ေၾကာင္း ဆႏၵျပမႈမွာလည္း ေန႔စဥ္ျပဳလုပ္လ်က္ ရွိၾကသည္။

ဧရာ၀တီ

unicode

အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ရေး CDM ပြုလုပ်နေသည့် အဆင့်မြင့်ပညာ

ဦးစီးဌာနမှ အရာရှိ၁၄ ဦးနှင့် အမှုထမ်း၂၇ ဦး (စုစုပေါင်း ၄၁ ဦး) အား

ဧပြီ၂၈ ရက်နေ့ ရက်စွဲဖြင့် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ပညာရေး ဝန်ကြီးဌာနက အမိန့်စာ ထုတ်ပြန်ခဲ့သည်။

ထုတ်ပယ်ခံရသူများတွင် ညွှန်ကြားရေးမှူး၊ ဒုညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ၊ စာရေး စသဖြင့် ဌာနအသီးသီးမှ ပါဝင်ပြီး

မတ်လ၂၃ ရက်မှ စ၍ ရာထူးမှ ထုတ်ပယ်ကြောင်းနှင့် ကျေနပ်မှု မရှိပါက အမိန့်စာ လက်ခံရသည့်နေ့မှ

၆ လအတွင်း အယူခံလွှာ တင်သွင်းနိုင်ကြောင်းလည်း အမိန့်စာတွင် ဖော်ပြထားသည်။

“ရုံးချုပ်ကို အရင် ဖိပြလိုက်တာ။ ဦးစီးဌာနအောက်က ကျောင်းကလူတွေ ကြောက်မလား ဆိုတဲ့ ပုံစံပေါ့။

ကျမကတော့ ရုံးပြန်တက်ဖို့လည်း အစီအစဉ် မရှိဘူး။

နောက်ဆုံး အပြင်မှာပဲ လုပ်စားမယ်၊ ဒီလူတွေနဲ့တော့ လုံးဝ တွဲမလုပ်နိုင်တော့ဘူး” ဟု

ရာထူးက ထုတ်ပယ်ခံရသည့် CDM ဝန်ထမ်းတဦးက ပြောသည်။

ယခုကဲ့သို့ ရာထူးက ထုတ်ပယ်ကြောင်း မကြေညာမီ ဌာနမှ တာဝန်များ ယာယီရပ်ဆိုင်းကြောင်း စတင်ကြေညာကတည်းက

ဖိအားပေး ခြိမ်းခြောက်မှုနှင့် ရာထူးအား စွန့်ပယ်ရန် စိုးရိမ်သည့် CDM လုပ်ခဲ့သူ

ဝန်ထမ်းအချို့မှာ ရုံးပြန်တက်ခဲ့ကြ ကြောင်းလည်း သိရသည်။

အဆင့်မြင့်ပညာ ဦးစီးဌာနတွင် နေ့စားဝန်ထမ်းများ အပါအဝင် ဝန်ထမ်း ၂၀၀ နီးပါးရှိပြီး

ညွှန်ကြားရေးမှူးများ အပါအဝင် ဝန်ထမ်း ၆၀ ကျော်က CDM လုပ်ခဲ့ကြခြင်း ဖြစ်သည်။

CDM ဝန်ထမ်းများအား ထုတ်ပယ်ကြောင်း အမိန့်စာတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်း၊

ဒု ညွှန်ကြားရေးမှူချုပ် ဒေါက်တာချစ်စိန်နှင့်

ဒုတိယညွှန်ကြားရေးမှူးချုပ် နွယ်နီတို့ ပါဝင်သည်ကို တွေ့ရပြီး ၎င်းတို့ ၃ ဦးအား အမျိုးသား

ညီညွတ် ရေး အစိုးရ (NUG) ကလည်း အမည်ပျက်စာရင်း ကြေညာထားသည်။

ယင်းပြင် CDM ဝန်ထမ်းများအပေါ် ခြိမ်းခြောက် အကျပ်ကိုင် ဖိအားပေးလျက်ရှိသည့်

ပညာရေးဝန်ကြီးဌာန လက်အောက် ဦးစီးဌာန အသီးသီးမှ အရာရှိအချို့နှင့်

တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုပါချုပ်များ အပါအဝင် စုစုပေါင်း ၃၂ ဦးကို လည်း

ဧပြီ၂၆ ရက်နှင့် မေလ၂ ရက်တို့တွင် အမည်ပျက်စာရင်း သွင်းခဲ့ပြီး

၎င်းတို့ရာထူး တည်ရှိမှုအပါအဝင် ကိစ္စအဝဝ အား ပြည်သူ့အစိုးရမှ လုံးဝ အသိအမှတ် မပြုတော့ကြောင်း

NUG အစိုးရ ပညာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ကြေ ညာခဲ့သည်။

ဒေါက်တာ ဇော်ဝေစိုးက “နောက်ဆုံး သတိပေးလိုပါတယ်။ ပြည်သူအများနဲ့ ခင်ဗျားတို့ လူနည်းစုနဲ့၊

အမှန်တရားနဲ့ မတရား မှုနဲ့၊ အဓမ္မနဲ့ ဓမ္မကို ခွဲခွဲခြားခြား ဆင်ခြင်သုံးသပ်နားလည်းပါ။

စစ်အာဏာရှင်ဟာ ကျဆုံးနေပြီ ဆိုတာကို ခင်ဗျားတို့ သဘောပေါက်ပါ။

ခင်ဗျားတို့တွေ ပြည်သူလူထုနဲ့ ဝန်ထမ်းတွေကို ထုတ်တဲ့အမိန့်နဲ့ ကြေညာတွေကို ခင်ဗျာတို့ ဆင်ခြင်ပြီး

ထုတ်ဖို့ လိုပြီဆိုတာ သဘောပေါက်ပါ” ဟုလည်း CDM ဝန်ထမ်းများအပေါ် ဖိနှိပ်နေသည့်

အရာရှိများအား မေလ ၁ ရက်က သတိပေးထားသည်။

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ပညာရေးဝန်ကြီးဌာမှ CDM ဝန်ထမ်းများအား

ထုတ်ပယ်သည့်အပြင် ၎င်းတို့အား ဆန့်ကျင်ကြောင်း

ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် မြို့နယ်အသီးသီးမှ ကျောင်းဆရာ/ဆရာမများကိုလည်း ရာဇသတ်ကြီး

ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် အရေးယူကာ ဖမ်းဆီးလျက်ရှိသည်။

ယင်းပြင် စစ်ကောင်စီက မေလ ၅ ရက်မှ စတင်ကာ တက္ကသိုလ်၊ ကောလိပ်သင်တန်းများ ပြန်လည်

ဖွင့်လှစ်ရန်နှင့် အခြေခံ ပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းလျက်ရှိရာတွင်

ပြည်သူများနှင့် ကျောင်းသား/သူများ၏ ဆန့်ကျင်မှုနှင့် ကြုံတွေ့ရလျက်ရှိပြီး “စစ်ကျွန်ပညာရေး အလိုမရှိ”

ကြောင်း ဆန္ဒပြမှုမှာလည်း နေ့စဉ်ပြုလုပ်လျက် ရှိကြသည်။

ဧရာဝတီ