News

က်ဆုံးသြားတဲ့ ခင္ပြန္းျဖစ္သူကို အိမ္မွာပါ ထားခြင့္မရလို႔ ဝမ္းနည္းစြာ ငိုေႂကြးေနရတဲ့ ဇနီးသည္

ခင္ပြန္းျဖစ္သူက်ဆုံးသြားလို႔ ကိုယ္ဝန္နဲ႔က်န္ရစ္ခဲ့ရတဲ့အျပင္ ႐ုပ္အေလာင္းကိုပါ

အိမ္မွာထားခြင့္မရလို႔ ဝမ္းနည္းစြာငိုေႂကြးေနရွာတဲ့ အမ်ိဳးသမီးတစ္ဦး

ၿပီးခဲ့တဲ့ ေမလ (၂)ရက္ေန႔ကိုေတာ့ ျပည္သူေတြက ကမာၻလုံးဆိုင္ရာ ျမန္မာ့ေႏြဦးေတာ္လွန္ေရးေန႔အျဖစ္

သတ္မွတ္ၿပီး ျမန္မာႏိုင္ငံမွာသာမက ျပည္ပႏိုင္ငံေတြမွာပါ လူထုဆႏၵထုတ္ေဖာ္ပြဲေတြျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္ ။

ျမန္မာႏိုင္ငံမွာရွိတဲ့ ျပည္သူေတြက သူတို႔ရဲ႕အသက္ကိုရင္းၿပီး လူထုလႈပ္ရွားမႈျပဳလုပ္ၾကသလို ျပည္ပေရာက္

ျမန္မာေတြကလည္း ေရာက္ရာေနရာကေန တာဝန္ေက်ပြန္ခဲ့ၾကတာ ျဖစ္ပါတယ္ ။

ဒါေပမဲ့လည္း ျပည္သူတစ္ခ်ိဳ႕ကေတာ့ မေန႔ကပဲ အသက္ေပးသြားခဲ့ရတာ ျဖစ္ပါတယ္ ။

မေန႔က က်ဆုံးခဲ့တဲ့ သူရဲေကာင္းေတြထဲက တစ္ဦးျဖစ္တဲ့ ကိုဖိုးလုံးကေတာ့

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕မွာ ေနထိုင္သူ ျဖစ္ပါတယ္။

ကိုဖိုးလုံးက သီေပါသပိတ္ကို ၿဖိဳခြင္းခံရတဲ့အခ်ိန္မွာ ဦးေခါင္းကို က်ည္ထိမွန္ၿပီး က်ဆုံးသြားခဲ့တာပဲ ျဖစ္ပါတယ္ ။

သီေပါၿမိဳ႕ လူထုလႈပ္ရွားမႈပြဲေတြမွာ အားသြန္ခြန္စိုက္ ပါဝင္ခဲ့တဲ့ သူရဲေကာင္းကိုဖိုးလုံးအတြက္

ျပည္သူေတြကလည္း စိတ္မေကာင္းျဖစ္ၿပီး ဝမ္းနည္းေၾကကြဲေနရတာ ျဖစ္ပါတယ္ ။

ကိုယ္ဝန္လြယ္ထားရတဲ့ ကိုဖိုးလုံးရဲ႕ဇနီးျဖစ္သူကေတာ့ ခင္ပြန္းသည္ကို

ဆုံးရႈံးလိုက္ရၿပီျဖစ္လို႔ ဝမ္းနည္းစြာနဲ႔ ငိုေႂကြးေနရွာတာလည္း ျဖစ္ပါတယ္ ။

ဒါ့အျပင္ ကိုဖိုးလုံးရဲ႕႐ုပ္အေလာင္းကိုရွာေနလို႔ အိမ္မွာေတာင္ မထားရဘဲ ျမန္ျမန္ျပန္သယ္သြားခဲ့ရတာေၾကာင့္

မိသားစုဝင္ေတြခမ်ာ စိတ္ထိခိုက္ခံစားေနရေၾကာင္း ျပည္သူတစ္ဦးက ေရးသားေျပာျပထားပါေသးတယ္။

ေမလ (၂) ရက္ေန႔မွာ က်ဆုံးခဲ့တဲ့ သူရဲေကာင္း ကိုဖိုးလုံးရဲ႕႐ုပ္အေလာင္းကို

အိမ္ကေနျပန္သယ္သြားခဲ့ရတဲ့ ျမင္ကြင္းပုံရိပ္ေတြကိုလည္း ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

unicode

ခင်ပွန်းဖြစ်သူကျဆုံးသွားလို့ ကိုယ်ဝန်နဲ့ကျန်ရစ်ခဲ့ရတဲ့အပြင် ရုပ်အလောင်းကိုပါ

အိမ်မှာထားခွင့်မရလို့ ဝမ်းနည်းစွာငိုကြွေးနေရှာတဲ့ အမျိုးသမီးတစ်ဦး

ပြီးခဲ့တဲ့ မေလ (၂)ရက်နေ့ကိုတော့ ပြည်သူတွေက ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့အဖြစ်

သတ်မှတ်ပြီး မြန်မာနိုင်ငံမှာသာမက ပြည်ပနိုင်ငံတွေမှာပါ လူထုဆန္ဒထုတ်ဖော်ပွဲတွေပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။

မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေက သူတို့ရဲ့အသက်ကိုရင်းပြီး လူထုလှုပ်ရှားမှုပြုလုပ်ကြသလို ပြည်ပရောက်

မြန်မာတွေကလည်း ရောက်ရာနေရာကနေ တာဝန်ကျေပွန်ခဲ့ကြတာ ဖြစ်ပါတယ် ။

ဒါပေမဲ့လည်း ပြည်သူတစ်ချို့ကတော့ မနေ့ကပဲ အသက်ပေးသွားခဲ့ရတာ ဖြစ်ပါတယ် ။

မနေ့က ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေထဲက တစ်ဦးဖြစ်တဲ့ ကိုဖိုးလုံးကတော့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့မှာ နေထိုင်သူ ဖြစ်ပါတယ်။

ကိုဖိုးလုံးက သီပေါသပိတ်ကို ဖြိုခွင်းခံရတဲ့အချိန်မှာ ဦးခေါင်းကို ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

သီပေါမြို့ လူထုလှုပ်ရှားမှုပွဲတွေမှာ အားသွန်ခွန်စိုက် ပါဝင်ခဲ့တဲ့ သူရဲကောင်းကိုဖိုးလုံးအတွက်

ပြည်သူတွေကလည်း စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းကြေကွဲနေရတာ ဖြစ်ပါတယ် ။

ကိုယ်ဝန်လွယ်ထားရတဲ့ ကိုဖိုးလုံးရဲ့ဇနီးဖြစ်သူကတော့ ခင်ပွန်းသည်ကို

ဆုံးရှုံးလိုက်ရပြီဖြစ်လို့ ဝမ်းနည်းစွာနဲ့ ငိုကြွေးနေရှာတာလည်း ဖြစ်ပါတယ် ။

ဒါ့အပြင် ကိုဖိုးလုံးရဲ့ရုပ်အလောင်းကိုရှာနေလို့ အိမ်မှာတောင် မထားရဘဲ မြန်မြန်ပြန်သယ်သွားခဲ့ရတာကြောင့်

မိသားစုဝင်တွေခမျာ စိတ်ထိခိုက်ခံစားနေရကြောင်း ပြည်သူတစ်ဦးက ရေးသားပြောပြထားပါသေးတယ်။

မေလ (၂) ရက်နေ့မှာ ကျဆုံးခဲ့တဲ့ သူရဲကောင်း ကိုဖိုးလုံးရဲ့ရုပ်အလောင်းကို

အိမ်ကနေပြန်သယ်သွားခဲ့ရတဲ့ မြင်ကွင်းပုံရိပ်တွေကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit : Pan Ei Wai