News
ဇွန်လဆန်းမှာ အခြေအနေအားလုံးကို ထိန်းချုပ်နိုင်မယ်လို့ ခန့်မှန်းထား
unicode
ဇွန်လဆန်းမှာ အခြေအနေအားလုံးကို ထိန်းချုပ်နိုင်မယ်လို့ စစ်တပ် ခန့်မှန်းထား
စစ်ကောင်စီ၏ လ က် န က် ကို င်တပ်များ၏ ပ စ် ခ တ် ဖြို ခွ င်း
မှုများအတွင်း အရပ်သား ၇၆၀ ကျော် ကျဆုံးပြီးနောက်
အခြေအနေအရပ်ရပ်ကို ဇွန်လဆန်းတွင် ထိန်းချုပ်နိုင်ရန် စစ်တပ်က ခန့်မှန်းထားကြောင်း သိရသည်။..
စစ်တပ်ထိပ်ပိုင်းအရာရှိများနှင့် အနီးကပ်ဆက်ဆံရေးရှိနေသူတစ်ဦး၏ ပြောကြားချက်အရ
စစ်တပ်အနေဖြင့် မြန်မာနိုင်ငံတွင် ဆန္ဒပြပွဲလုံးဝမရှိအောင် ထိန်းချုပ်နိုင်ဦးမှာ မဟုတ်သော်လည်း.
အရေအတွက်များပြားပြီး အင်အားကောင်းသော ဆန္ဒပြပွဲများ
ရှိလာနိုင်တော့မည်မဟုတ်ဟု ယုံကြည်နေကြောင်း သိရသည်
သို့သော် လည်း ဒီမိုကရေစီလိုလားသူများက မေ ၃ ရက်နေ့အထိ စစ်အာဏာရှင်ကို
ဆန့်ကျင်သော ဆန္ဒပြပွဲများမှာ ပုံစံမျိုးစုံဖြင့် ဖြစ်ပေါ်နေဆဲဖြစ်သည်။
လက်ရှိ စစ်တပ် ၏လက်အောက်၌ ငွေကြေးလည်ပတ်မှု လုံးဝတုန့်နှေးသွားပြီး
ဘဏ်လုပ်ငန်းများကောင်စွာမလည်ပတ်နိုင်သလို
ကျန်းမာရေး၊ပို့ဆောင်ဆက်သွယ်ရေးနှင့် ပညာရေးကဏ္ဍများ၌ အဓိက ယန္တရားအားလုံးနီးပါး ရပ်ဆိုင်းနေကြသည်။