Celebrities

အာဏာသိမ္းစစ္ေကာင္စီကို ေဆာလ်င္စြာအေရးယူရန္ အေမရိကန္ႏွင့္ဂ်ပန္ ေဆြးေႏြး

ျမန္မာ့ဒီမိုကေရစီေရး လမ္းေၾကာင္းမွန္ေပၚကို ျပန္ေရာက္ဖို႔ အေရးတႀကီးလိုအပ္ေနသလို၊

အာဏာသိမ္းထားတဲ့စစ္တပ္က သူ႔လုပ္ရပ္အတြက္ တာ၀န္ယူမႈရွိေစဖို႔ အေရးႀ႕ကီးေၾကာင္း

အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Anthony Blinken နဲ႔ ဂ်ပန္ႏုိင္ငံျခားေရးဝန္ႀကီး

Motegi Toshimitsu တို႔ဒီကေန႔ ေျပာဆို ေဆြးေႏြးခ့ဲၾကပါတယ္။

စက္မႈအင္အားႀကီး ၇ ႏုိင္ငံ (G-7) ရဲ ႔ ႏိုင္ငံျခားေရး၀န္ႀကီးမ်ား ေဆြးေႏြးပြဲကို လန္ဒန္ၿမဳိ ႔မွာ

တက္ေရာက္ေနခ်ိန္မွာ ဝန္ႀကီး၂ ပါးက ႏွစ္ႏုိင္ငံပူးေပါင္းေဆာင္ရြက္ေရးနဲ႔

ပတ္သက္လို႔ ဒီကေန ႔ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

အင္ဒိုပစိဖိတ္ေဒသတြင္းသာမက ကမၻာ့ ၿငိမ္းခ်မ္းေရး၊ လုံၿခဳံေရးနဲ႔ သာယာ၀ေျပာေရးအတြက္ အေမရိကန္-ဂ်ပန္

မဟာမိတ္အျဖစ္ ပူးေပါင္းေဆာင္ရြက္ဖို႔ အေရးႀကီးပုံကိုလည္း ေခါင္းေဆာင္ ၂ ဦးအေလးေပးေဆြးေႏြးခဲ့တယ္လို႔

အေမရိကန္ႏုိင္ငံျခားေရးဌာနေျပာခြင့္ရသူ Ned Price က ဒီကေေန႔ ကေၾကျငာခ်က္ထုတ္ျပန္ခဲ့တာပါ။

ဒါ့အျပင္ တကမၻာလုံးကို ၿခိမ္းေခ်ာက္ေနတဲ့ ကိုဗစ္ကပ္ေရာဂါနဲ႔ဥတုရာသီေျပာင္းလဲမႈ ကိစၥရပ္ေတြမွာ

ပူးေပါင္းေဆာင္ရြက္ဖို႔ အေရးႀကီးေၾကာင္းကိုလည္း ေဆြးေႏြးခဲ့တယ္လို႔လည္း ေျပာထားပါတယ္။

ဥပေဒစည္းမ်ဥ္းစည္းကမ္းေတြခ်မွတ္ၿပီး ႏိုင္ငံတကာနယ္စပ္ေတြ လြတ္လပ္စြာ ဖြင့္လွစ္ဖို႔လည္း တိုင္ပင္ခဲ့ၾကတယ္လို႔ေျပာပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံရဲ ႔ အနဳျမဴ နဲ႔ မစ္ဇုိင္းဒုံး လက္နက္အစီအစဥ္နဲ႔ပတ္သက္လို႔

၀န္ႀကီး Blinken နဲ႔ ၀န္ႀကီး Motegi တို႔ စိုးရိမ္မႈရွိေနၾကၿပီး ကိုရီးယားကၽြန္းဆြယ္မွာ

အနူျမဴလက္နက္ကင္ရွင္းေရးကို အေမရိကန္၊ ဂ်ပန္နဲ႔ ေျမာက္ကိုရီးုယား ၃ ႏုိင္ငံပူးေပါင္းေဆာင္ရြက္တဲ့နညးနဲ႔

အေျဖရွာသြားဖို႔ ထပ္မံကတိျပဳခဲ့ၾကတယ္လို႔လည္း ေျပာခြင့္ရသူ Price ရဲ ဒီကေ႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

VOA

unicode

မြန်မာ့ဒီမိုကရေစီရေး လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်ဖို့ အရေးတကြီးလိုအပ်နေသလို၊

အာဏာသိမ်းထားတဲ့စစ်တပ်က သူ့လုပ်ရပ်အတွက် တာဝန်ယူမှုရှိစေဖို့ အရေးြ့ကီးကြောင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး

Motegi Toshimitsu တို့ဒီကနေ့ ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။

စက်မှုအင်အားကြီး ၇ နိုင်ငံ (G-7) ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲကို လန်ဒန်မြို့မှာ

တက်ရောက်နေချိန်မှာ ဝန်ကြီး၂ ပါးက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနဲ့

ပတ်သက်လို့ ဒီကနေ့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အင်ဒိုပစိဖိတ်ဒေသတွင်းသာမက ကမ္ဘာ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက် အမေရိကန်-ဂျပန်

မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးပုံကိုလည်း ခေါင်းဆောင် ၂ ဦးအလေးပေးဆွေးနွေးခဲ့တယ်လို့

အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Ned Price က ဒီကေနေ့ ကကြေငြာချက်ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် တကမ္ဘာလုံးကို ခြိမ်းချောက်နေတဲ့ ကိုဗစ်ကပ်ရောဂါနဲ့ဥတုရာသီပြောင်းလဲမှု ကိစ္စရပ်တွေမှာ

ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးကြောင်းကိုလည်း ဆွေးနွေးခဲ့တယ်လို့လည်း ပြောထားပါတယ်။

ဥပဒေစည်းမျဉ်းစည်းကမ်းတွေချမှတ်ပြီး နိုင်ငံတကာနယ်စပ်တွေ လွတ်လပ်စွာ ဖွင့်လှစ်ဖို့လည်း တိုင်ပင်ခဲ့ကြတယ်လို့ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ အနုမြူ နဲ့ မစ်ဇိုင်းဒုံး လက်နက်အစီအစဉ်နဲ့ပတ်သက်လို့

ဝန်ကြီး Blinken နဲ့ ဝန်ကြီး Motegi တို့ စိုးရိမ်မှုရှိနေကြပြီး ကိုရီးယားကျွန်းဆွယ်မှာ

အနူမြူလက်နက်ကင်ရှင်းရေးကို အမေရိကန်၊ ဂျပန်နဲ့ မြောက်ကိုရီးုယား ၃ နိုင်ငံပူးပေါင်းဆောင်ရွက်တဲ့နညးနဲ့

အဖြေရှာသွားဖို့ ထပ်မံကတိပြုခဲ့ကြတယ်လို့လည်း ပြောခွင့်ရသူ Price ရဲ ဒီကေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

VOA