News

အာဆီယံမူအတိုင်း မြန်မာ့အရေး ဖြေရှင်းမယ်လို့ စစ်ကောင်စီပြော

အာဆီယံမူအတိုင်း မြန်မာ့အရေး ဖြေရှင်းမယ်လို့ စစ်ကောင်စီပြော

~~~~~~

■ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်း နည်းလမ်းနဲ့ မြန်မာ့ပြဿနာအဖြေရှာနိုင်မယ်လို့

မြန်မာစစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တရုတ်ဆင်ဟွာသတင်းဌာနနဲ့

မကြာခင်ကလုပ်တဲ့ မေးမြန်းခန်းမှာ ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံက

လက်ရှိအခြေအနေတွေကို လူကိုယ်တိုင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဧပြီ ၂၄ ရက်က ကျင်းပတဲ့

အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးအတွင်း ရှင်းလင်းတင်ပြပြီး အာဆီယံခေါင်းဆောင်တွေပြောတဲ့

ထင်မြင်ချက်တွေ အမြင်တွေနဲ့ အကြံပေးချက်တွေကိုလည်း နားထောင်ခဲ့တယ်လို့ ပြောပါတယ်။

အာဆီယံခေါင်းဆောင်တွေဟာ ဒေသတွင်း တနိုင်ငံချင်းစီက နိုင်ငံရေးနဲ့ပတ်သက်တဲ့ အတွေ့အကြုံရှိပြီး

အာဆီယံပဋ္ဋိညာဉ်စာတမ်းနဲ့ အညီ အာဆီယံနည်းနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ပြဿနာဖြေရှင်းနိုင်မယ်လို့ပြောပါတယ်။

သေသေချာချာ သုံးသပ်ပြီး အာဆီယံ ဘုံ သဘောတူညီချက်ရရှိတာဖြစ်ပြီး အာဆီယံက အဆိုပြုတဲ့

မြန်မာနိုင်ငံကိုလာရောက်ခွင့်ကတော့ လောလောဆယ်မှာ နိုင်ငံအေးချမ်းတည်ငြိမ်ရေး ပြန်တည်ဆောက်ဖို့

ဦးစားပေးနေတာမို့ နိုင်ငံ တည်ငြိမ်ရေးပေါ် အခြေခံတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ကုလအဖွဲ့အစည်းတွေဟာ ပကတိအခြေအနေကို သုံးသပ်ပြီး

မြန်မာနိုင်ငံကိုနားလည်လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်းပြောပါတယ်။

RFA Burmese

zawgyi

အာဆီယံမူအတိုင္း ျမန္မာ့အေရး ေျဖရွင္းမယ္လို႔ စစ္ေကာင္စီေျပာ

~~~~~~

■ အာဆီယံ- အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း နည္းလမ္းနဲ႔ ျမန္မာ့ျပႆနာအေျဖရွာႏိုင္မယ္လို႔

ျမန္မာစစ္ေကာင္စီ ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက တ႐ုတ္ဆင္ဟြာသတင္းဌာနနဲ႔

မၾကာခင္ကလုပ္တဲ့ ေမးျမန္းခန္းမွာ ေျပာၾကားလိုက္ပါတယ္။

စစ္ေကာင္စီေခါင္းေဆာင္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ျမန္မာႏိုင္ငံက

လက္ရွိအေျခအေနေတြကို လူကိုယ္တိုင္ အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕မွာ ဧၿပီ ၂၄ ရက္က က်င္းပတဲ့

အာဆီယံေခါင္းေဆာင္ေတြ အစည္းအေဝးအတြင္း ရွင္းလင္းတင္ျပၿပီး အာဆီယံေခါင္းေဆာင္ေတြေျပာတဲ့

ထင္ျမင္ခ်က္ေတြ အျမင္ေတြနဲ႔ အႀကံေပးခ်က္ေတြကိုလည္း နားေထာင္ခဲ့တယ္လို႔ ေျပာပါတယ္။

အာဆီယံေခါင္းေဆာင္ေတြဟာ ေဒသတြင္း တႏိုင္ငံခ်င္းစီက ႏိုင္ငံေရးနဲ႔ပတ္သက္တဲ့ အေတြ႕အႀကဳံရွိၿပီး

အာဆီယံပဋၬိညာဥ္စာတမ္းနဲ႔ အညီ အာဆီယံနည္းနဲ႔ ေဒသတြင္းႏိုင္ငံေတြရဲ႕ ျပႆနာေျဖရွင္းႏိုင္မယ္လို႔ေျပာပါတယ္။

ေသေသခ်ာခ်ာ သုံးသပ္ၿပီး အာဆီယံ ဘုံ သေဘာတူညီခ်က္ရရွိတာျဖစ္ၿပီး အာဆီယံက အဆိုျပဳတဲ့

ျမန္မာႏိုင္ငံကိုလာေရာက္ခြင့္ကေတာ့ ေလာေလာဆယ္မွာ ႏိုင္ငံေအးခ်မ္းတည္ၿငိမ္ေရး ျပန္တည္ေဆာက္ဖို႔

ဦးစားေပးေနတာမို႔ ႏိုင္ငံ တည္ၿငိမ္ေရးေပၚ အေျခခံတယ္လို႔ ေျပာပါတယ္။

ကုလသမဂၢလုံၿခဳံေရးေကာင္စီနဲ႔ ကုလအဖြဲ႕အစည္းေတြဟာ ပကတိအေျခအေနကို သုံးသပ္ၿပီး

ျမန္မာႏိုင္ငံကိုနားလည္လိမ့္မယ္လို႔ ေမွ်ာ္လင့္တဲ့ အေၾကာင္းလည္းေျပာပါတယ္။

RFA Burmese