News

ဒဂုံအရှေ့ပိုင်းမှာရှိတဲ့ HIV စင်တာကလူနာတွေကို စစ်ကောင်စီဝင်ရောက်ဖမ်းဆီး

ဒဂုံအရှေ့ပိုင်းမှာရှိတဲ့ HIV စင်တာကလူနာတွေကို စစ်ကောင်စီဝင်ရောက်ဖမ်းဆီး

ရန်ကုန်၊ မေ (၂)

ဒီနေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၁) ရပ်ကွက်မှာရှိတဲ့

NAC CENTER ကို အကြမ်းဖက်စစ်အုပ်စုဝင်ရောက်လာပြီး ART ဆေးသောက်နေရတဲ့ လူ (၃) ဦးနဲ့

အခြားဆေးကုသဖို့ရောက်ရှိနေတဲ့ လူ (၉) ဦးကို မတရားဖမ်းဆီးခေါ်ဆောင်သွားတယ်လို့

NAC CENTER တည်ထောင်သူ ဒေါ်ဖြူဖြူသင်းကပြောပါတယ်။

“ဒီ့လောက် လူစိတ်မရှိ ကျန်းမာရေးမကောင်းလို့ နေထိုင်နေတဲ့သူတွေကို ခေါ်ဆောင်သွားခဲ့တာပါ။

ဆေးသောက်နေတဲ့ သူတွေက အရင်ကတည်းက ကျန်းမာရေးမကောင်းတဲ့သူတွေဖြစ်နေတာကြောင့်

တစ်စုံတစ်ခုဖြစ်ခဲ့ရင် အာဏာရူးတွေရဲ့ တာဝန်သာဖြစ်တယ်ဆိုတာ သိစေချင်တယ်။ အာဏာရူးတွေအတွက်

အချိန်မရှိတော့ဘူးဆိုတာ သိစေချင်တယ်။လူတိုင်းအပေါ်အညှိုးထားပြီးလုပ်နေတဲ့လုပ်ခဲ့တာတွေက

ပြန်ပေးဆပ်ဖို့ အတွက် ပြင်ဆင်ထားပါလို့ပဲပြောချင်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့

လူတွေရဲ့ဘဝတွေ အသက်တွေဟာ ဒီအတိုင်းပြီးမသွားဘူး ပြန်ပေးဆပ်နိုင်ဖို့အတွက်ပြင်ဆင်ထားပါလို့ပဲပြောချင်တယ်။”

လို့ သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒေါ်ဖြူဖြူသင်းက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ်

ပြည်သူလွှတ်တော်ကိုယ်စားလှယ်နေရာကို အနိုင်ရရှိထားသူတစ်ဦးဖြစ်ပြီး

CRPH ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo- ဒေါ်ဖြူဖြူသင်းလူမှုကွန်ယက်

C8News

zawgyi

ဒဂုံအေရွ႕ပိုင္းမွာရွိတဲ့ HIV စင္တာကလူနာေတြကို စစ္ေကာင္စီဝင္ေရာက္ဖမ္းဆီး

ရန္ကုန္၊ ေမ (၂)

ဒီေန႔မွာ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ (၁၁) ရပ္ကြက္မွာရွိတဲ့

NAC CENTER ကို အၾကမ္းဖက္စစ္အုပ္စုဝင္ေရာက္လာၿပီး ART ေဆးေသာက္ေနရတဲ့ လူ (၃) ဦးနဲ႔

အျခားေဆးကုသဖို႔ေရာက္ရွိေနတဲ့ လူ (၉) ဦးကို မတရားဖမ္းဆီးေခၚေဆာင္သြားတယ္လို႔

NAC CENTER တည္ေထာင္သူ ေဒၚျဖဴျဖဴသင္းကေျပာပါတယ္။

“ဒီ့ေလာက္ လူစိတ္မရွိ က်န္းမာေရးမေကာင္းလို႔ ေနထိုင္ေနတဲ့သူေတြကို ေခၚေဆာင္သြားခဲ့တာပါ။

ေဆးေသာက္ေနတဲ့ သူေတြက အရင္ကတည္းက က်န္းမာေရးမေကာင္းတဲ့သူေတြျဖစ္ေနတာေၾကာင့္

တစ္စုံတစ္ခုျဖစ္ခဲ့ရင္ အာဏာ႐ူးေတြရဲ႕ တာဝန္သာျဖစ္တယ္ဆိုတာ သိေစခ်င္တယ္။ အာဏာ႐ူးေတြအတြက္

အခ်ိန္မရွိေတာ့ဘူးဆိုတာ သိေစခ်င္တယ္။လူတိုင္းအေပၚအညႇိဳးထားၿပီးလုပ္ေနတဲ့လုပ္ခဲ့တာေတြက

ျပန္ေပးဆပ္ဖို႔ အတြက္ ျပင္ဆင္ထားပါလို႔ပဲေျပာခ်င္ပါတယ္။ ျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့

လူေတြရဲ႕ဘဝေတြ အသက္ေတြဟာ ဒီအတိုင္းၿပီးမသြားဘူး ျပန္ေပးဆပ္ႏိုင္ဖို႔အတြက္ျပင္ဆင္ထားပါလို႔ပဲေျပာခ်င္တယ္။”

လို႔ သူရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ေဒၚျဖဴျဖဴသင္းက ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္

ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ေနရာကို အႏိုင္ရရွိထားသူတစ္ဦးျဖစ္ၿပီး

CRPH ျပည္သူ႔လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီဝင္တစ္ဦးလည္း ျဖစ္ပါတယ္။

Photo- ေဒၚျဖဴျဖဴသင္းလူမႈကြန္ယက္

C8News