Celebrities
အခက်အခဲတွေနဲ့လမ်းဘေးမှာကပ်နေနေရတဲ့ အဖွားအတွက် အိမ်ငှာပေးပြီးအရင်းအနှီးငွေတွေလှူဒါန်းပေးလိုက်တဲ့ ခိုင်နှင်းဝေ
ပရိတ်သတ်ကြီးရေ..မင်းသမီးချောလေးခိုင်နှင်းဝေဟာဆိုရင် လက်ရှိမှာ အနုပညာအလုပ်တွေကို
ရပ်နားထားပြီး ပရဟိတလုပ်ငန်းတွေကို အာရုံစိုက်ပြီး ကြိုးစားလုပ်ဆောင်နေတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။
ခိုင်နှင်းဝေက ခုလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးခြေအနေတွေကြောင့် အခက်အခဲဖြစ်နေကြတဲ့ ပြည်သူတွေကို
သူမတတ်နိုင်သလောက် လှူဒါန်းနေတာပဲဖြစ်ပါတယ်နော်.။ဒီလိုခက်ခဲနေတဲ့ကာလမှာတောင် ခိုကိုးရာမဲ့နေတဲ့
ရင်သွေးငယ်လေးတွေကို ခေါ်ယူစောင့်ရှောက်ပေးပြီး သူတို့လေးတွေကိုအစစအရာရာ
ဂရုစိုက်ပြုစုပျိုးထောင်ပေးနေတာကိုလည်း လေးစားစွာနဲ့တွေ့မြင်ရတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာဆိုရင်လည်း ခိုင်နှင်းဝေက လမ်းဘေးမှာ အပေါ့အလေးသွားစရာနေရာမရှိ၊ ရေချိုးစရာနေရာမရှိ
စတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေရရှာတဲ့ အမေကြီးအတွက် နေထိုင်ဖို့အိမ်လေးတစ်လုံးငှားပေးခဲ့တဲ့အပြင်
လိုအပ်တဲ့အရင်းအနှီးငွေကိုလည်းလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်နော်။ခုလိုအရမ်းအခက်အခဲဖြစ်နေတဲ့အချိန်မှာ
ကူညီပေးခဲ့တဲ့သူမကို အမေကြီးကငိုပြီးဆုတွေေတောင်းပးလိုက်တဲ့ အကြောင်း ခိ်ုင်နှင်းဝေက
အခုလိုပဲပရိတ်သတ်ကြီးကိုပြောပြလာတာပဲဖြစ်ပါတယ်နော်..။
“အမေကြီး အတွက် အိမ်ဌား စာချုပ်လေး ချုပ်ပေးပြီး လိုအပ်နေတဲ့အရင်းအနှီးအား စီစဉ်လှူဒါန်းပေးဖြစ်ခဲ့ပါတယ်.
.အမေကြီးမှအခက်အခဲဖြစ်နေချိန်တွေ မှာ ကျမကိုအိမ်မက် ၄ ခါမက်တဲ့ အကြောင်း ခုလိုလမ်းဘေးနေနေရတဲ့
ဒုက္ခကင်းဝေးရ၍ အရမ်းဝမ်းသာကြောင်းတွေ ငိုပြောပီး ဆုတွေအများကြီး ပေးလိုက်ပါတယ်.
.ကျမနှင့်အတူကုသိုလ်ရေစက်ဆုံသည့် ခုနစ်ရက်သားသမီး အလှုရှင်များအားလုံးလဲ ထပ်တူသာဓုခေါ်နိုင်ကြပါစေရှင်..
🙏🙏🙏” ဆိုပြီးသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေမျှေဝေလာတာပဲဖြစ်ပါတယ်နော်..။
ပရဟိတစိတ်အပြည့်ရှိတဲ့ ခိုင်နှင်းဝေကို ပရိတ်သတ်တွေကလည်းချီးကျူးစကားတွေပြောထားတာကိုလည်း
တွေ့မြင်ရပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။
zawgyi
ကူညီပေးခဲ့တဲ့သူမကို အမေကြီးကငိုပြီးဆုတွေတောင်းပးလိုက်တဲ့ အကြောင်း ခိုင်နှင်းဝေက