News

ထီထိုးသူမရှိ၍ အမြင့်ဆုံးဆု သိန်းတစ်သောင်းခွဲအစား သိန်းငါးထောင်သာ စစ်ကောင်စီပေးနိုင်

ထီထိုးသူမရှိ၍ အမြင့်ဆုံးဆု သိန်းတစ်သောင်းခွဲအစား သိန်းငါးထောင်သာ စစ်ကောင်စီပေးနိုင်

****************

စစ်ကောင်စီ၏ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများက အောင်ဘာလေထီလက်မှတ်များအား

ဝယ်ယူမှုမရှိသောကြောင့် မေလ ၁ ရက်တွင် ဖွင့်လှစ်မည့် သိန်းထီဖွင့်ပွဲတွင် ယခင်က

ပေးအပ်နိုင်သော အမြင့်ဆုံးဆု သိန်းတစ်သောင်းခွဲအားစား သိန်းငါးထောင်ဆုသာ ပေးနိုင်မည်ဖြစ်ကြောင်း

အကြမ်းဖက် စစ်ကောင်စီက ယနေ့(ဧပြီလ ၃၀ ရက်)တွင် ကြေညာသည်။

သိန်းတစ်သောင်းခွဲဆုများကို ယခင်အစိုးရလက်ထက်တွင် ၂၄ ကြိမ်ကျင်းပခဲ့ပြီး စစ်ကောင်စီ၏

အာဏာသိမ်းကာလတွင် ဖေဖော်ဝါရီလနှင့်

မတ်လ ၂ လပေါင်း၍ ၂၅ကြိမ်မြောက်ကို လည်းကောင်း ပေးအပ်ခဲ့သည်။

လာမည့် မေလ ၁ရက်တွင် ၂၆ ကြိမ်မြောက်တွင်မူ ထီထိုးသူများ

ကျဆင်းခဲ့ပြီး သိန်းငါးထောင်သာအမြင့်ဆုံး ပေးအပ်နိုင်ခြင်းဖြစ်သည်။

အာဏာမသိမ်းကာလများအတွင်း ထီလက်မှတ်မျှရောင်းရငွေမှာ ပျဉ်းမျှ

ကျပ်သန်းပေါင်း သုံးသောင်းကျော်ရောင်းချနိုင်ခဲ့သော်လည်း စစ်အာဏာသိမ်းပြီ

း ယခု ၂၆ ကြိမ်မြောက်တွင် ကျပ်သန်းပေါင်း နှစ်ထောင်ခန့်သာ ရောင်းချနိုင်ခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးကာလအတွင်း ပြည်သူများက ထီထိုးခြင်းမှ ရှောင်ကြဉ်ခဲ့ပြီး

တနိုင်တပိုင်ထီရောင်းချသူများက ထီရောင်းချခြင်းကို ရပ်နားခဲ့သည်။

ယခုနောင်ပိုင်းတွင် ထီလှည်းအချို့ကို

အခြားကုန်ပစ္စည်းများရောင်းချသော ဈေးလှည်းများအဖြစ် မြင်တွေ့နေရသည်။

သံလွင်ခက် – Than Lwin Khet News

zawgyi


****************
















