Celebrities

ဒီကေန႕ မွာ အင္းစိန္ေထာင္တြင္ ရံုးထုတ္လိုက္တဲ့ ပိုင္တံခြန္ရဲ႕ လက္ရွိအေျခအေနကို ေျပာျပလာတဲ့ ပိုင္တံခြန္ရဲ႕ေရွ႕ေန

ပရိတ်သတ်ကြီးရေ…နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားချောပိုင်တံခွန်ဟာဆိုရင်

ပြည်တွင်းမှာတင်မကပဲပြည်ပနိုင်ငံတွေအထိပါထိုးဖောက်အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။

ဆွဲဆောင်မှုရှိတဲ့ ပိုင်တံခွန်ဟာ မိန်းကလေးပရိတ်သတ်တွေတင်အားပေးကြမ်းတာမဟုတ်ပဲ

ယောကျာ်းလေးပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။

စိတ်ထားဖြူစင်လွန်ပြီးဖော်ရွေတတ်တဲ့ သူရဲ့အမူအကျင့်လေးတွေက ပရိတ်သတ်ကိုထူးခြားစွာဆွဲဆောင်နေတာလည်းဖြစ်ပါတယ်နော်

။လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ပိုင်တံခွန်က ရှေ့ဆုံးကနေ

ပြည်သူလူထုနဲ့အတုူတက်ကြွစွာ ဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက်ကြောင့်

ပုဒ်မ၅၀၅(က)ဖြင့်အမှုဖွင့် တရားစွဲခံရတာပဲဖြစ်ပါတယ်။ပိုင်တံခွန်ဟာ တရားစွဲခံရပြီးနောက်မှာ

ကျန်းမာရေးမကောင်းသဖြင့် နေအိမ်သို့ပြန်လာစဉ် ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်နော်..။

ဖမ်းဆီးခံရစဉ် ဘာအဆက်အသွယ်မှ မရရှိပဲ ယနေ့ဧပြီလ(၂၉)ရက်နေ့မှာတော့ အင်းစိန်ထောင်တွင်ရုံးထုတ်တယ်လို့

ပိုင်တံခွန်ရဲ့ရှေေ့နဆီကတစ်ဆင့်သိရပါတယ်နော်။နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နဲ့

တရားစွဲဆိုခံရပြီး ဧပြီလ ၇ ရက်နေ့က နေအိမ်မှာဖမ်းဆီးခံခဲ့ရတဲ့ မော်ဒယ် ပိုင်တံခွန်ကို ဒီနေ့ ဧပြီ ၂၉ ရက်မှာ

အင်းစိန်ထောင်တွင်း မြောက်ဒဂုံမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့

သူ့ရဲ့ရှေ့နေအဖွဲ့ထံက သိရပါတယ်။ဧပြီ ၁၂ ရက်နေ့က ပထမဆုံးရုံးထုတ်ခဲ့ပြီး မြောက်ဒဂုံတရားရုံးမှာ

တရားစွဲဆိုတင်ပို့ခဲ့တာဖြစ်ပြီး အမှုနဲ့ပတ်သက်တဲ့ပထမဆုံးရုံးချိန်းကိုတော့ အင်းစိန်ထောင်တွင်းမှာ ဒီနေ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပိုင်တံခွန်ကို မြောက်ဒဂုံမြို့နယ်မြို့မရဲစခန်းစခန်းမှူး ဒုရဲမှူး ဇော်မင်းအောင်က တရားလိုပြုလုပ်တရားစွဲထားတာဖြစ်ပါတယ်။”

ကိုယ်ရောစိတ်ပါ ကျန်းမာပါတယ်။ ကျန်းမာရေးကလည်း တော်တော်လေးကောင်းမွန်ပါတယ်။ ရွှင်ရွှင်လန်းလန်းနဲ့တွေ့ရပါတယ်။

သူ့အမေကို ကျန်းမာရေးဂရုစိုက်ဖို့ လို့ မှာပါတယ်။ အပြင်မှာမလုပ်ဖြစ်ခဲ့တဲ့ ဘုရားတရားအလုပ်တွေ ပိုလုပ်ဖြစ်တယ်။

အချင်းချင်းတွေ ဖေးမကူညီစောင့်ရှောက်ကြတယ်။ အပြင်မှာထက် အတွင်းမှာ ပိုစည်းလုံးကြတယ်။ ရှေ့မှ

ာ ပိုကောင်းအောင် ဘာလုပ်မလဲ ကျကျနနတွေးမိတယ်။ ဒါဟာ ဒီကာလမှာ သူရတဲ့အမြတ်တွေပဲလို့လည်း ပြောပါတယ်”

လို့ သူ့ရှေ့နေအဖွဲ့ထဲက ဥပဒေအကြံပေးဦးခင်မောင်မြင့်က ဘီဘီစီကိုပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ ပိုင်တံခွန်ဘက်က လိုက်ပါဆောင်ရွက်ဖို့ရှေ့နေ ကိုယ်စားလှယ်လွှဲစာကို တရားရုံးမှာ

တင်ခဲ့ပြီး တရားရုံးကလည်း လက်ခံလိုက်တယ်လို့ သိရပါတယ်။အမှုသည်နဲ့ လည်း ရှေ့နေတွေ စကားပြောဆိုခွင့်ရခဲ့ပြီး

အမှုသည်ထံက ညွှန်ကြားချက် ရယူခဲ့တယ်လို့ ဦးခင်မောင်မြင့်ကပြောပါတယ်။ ပိုင်တံခွန်အတွက် တရားလွှတ်တော်

ရှေ့နေ ဒေါ်ဇင်မာဦးက လိုက်ပါဆောင်ရွက်မှာဖြစ်ပြီး မေ ၁၃ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။အဲဒီရုံးချိန်းမှာတော့

မှုခင်းစစ်ဆေးမှုအစီအစဉ် CMP ပြုလုပ်ပြီး အမှုကို ရက်ပေါင်း ၁၇၀ အတွင်းအပြီးစစ်မယ်လို့ တရားသူကြီးက

သတ်မှတ်ကြောင်းလည်း ဦးခင်မောင်မြင့်ကပြောပါတယ်။ပိုင်တံခွန်ဟာ လက်ရှိအင်းစိန်ထောင်တွင်း

သရုပ်ဆောင်ရဲတိုက်၊ မီးရထားဌာနနဲ့ လေကြောင်းဦးစီးဌာနက CDM လုပ်လို့ဖမ်းဆီးခံထားရတဲ့အရာရှိတွေအပါအဝင်ဝန်ထမ်းတွေနဲ့

ကျောင်းသားခေါင်းဆောင် လေးဦးတို့နဲ့အတူ တစ်ဆောင်တည်း နေထိုင်ရတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

ဖတ်ရှုပေးတဲ့ပရီတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။

unicode

ပရိတ္သတ္ႀကီးေရ…ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ မင္းသားေခ်ာပိုင္တံခြန္ဟာဆိုရင္

ျပည္တြင္းမွာတင္မကပဲျပည္ပႏိုင္ငံေတြအထိပါထိုးေဖာက္ေအာင္ျမင္ေနတဲ့ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္ေနာ္။

ဆြဲေဆာင္မႈရွိတဲ့ ပိုင္တံခြန္ဟာ မိန္းကေလးပရိတ္သတ္ေတြတင္အားေပးၾကမ္းတာမဟုတ္ပဲ

ေယာက်ာ္းေလးပရိတ္သတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကို အျပည့္အဝရရွိထားတာပဲျဖစ္ပါတယ္။

စိတ္ထားျဖဴစင္လြန္ၿပီးေဖာ္ေ႐ြတတ္တဲ့ သူရဲ႕အမူအက်င့္ေလးေတြက ပရိတ္သတ္ကိုထူးျခားစြာဆြဲေဆာင္ေနတာလည္းျဖစ္ပါတယ္ေနာ္

။လတ္တေလာျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအေျခအေနေတြနဲ႔ပတ္သက္ၿပီး ပိုင္တံခြန္က ေရွ႕ဆုံးကေန

ျပည္သူလူထုနဲ႔အတုူတက္ႂကြစြာ ဆႏၵေဖာ္ထုတ္ခဲ့တာပဲျဖစ္ပါတယ္။အဲ့ဒီလိုလူထုလႈပ္ရွားမႈမွာပါဝင္ခဲ့တဲ့အတြက္ေၾကာင့္

ပုဒ္မ၅၀၅(က)ျဖင့္အမႈဖြင့္ တရားစြဲခံရတာပဲျဖစ္ပါတယ္။ပိုင္တံခြန္ဟာ တရားစြဲခံရၿပီးေနာက္မွာ

က်န္းမာေရးမေကာင္းသျဖင့္ ေနအိမ္သို႔ျပန္လာစဥ္ ဖမ္းဆီးခံလိုက္ရတာပဲျဖစ္ပါတယ္ေနာ္..။

ဖမ္းဆီးခံရစဥ္ ဘာအဆက္အသြယ္မွ မရရွိပဲ ယေန႔ဧၿပီလ(၂၉)ရက္ေန႔မွာေတာ့ အင္းစိန္ေထာင္တြင္႐ုံးထုတ္တယ္လို႔

ပိုင္တံခြန္ရဲ႕ေရွေ့နဆီကတစ္ဆင့္သိရပါတယ္ေနာ္။ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅၀၅ (က) နဲ႔

တရားစြဲဆိုခံရၿပီး ဧၿပီလ ၇ ရက္ေန႔က ေနအိမ္မွာဖမ္းဆီးခံခဲ့ရတဲ့ ေမာ္ဒယ္ ပိုင္တံခြန္ကို ဒီေန႔ ဧၿပီ ၂၉ ရက္မွာ

အင္းစိန္ေထာင္တြင္း ေျမာက္ဒဂုံၿမိဳ႕နယ္တရား႐ုံးမွာ ႐ုံးထုတ္ခဲ့ၿပီး က်န္းမာေရးေကာင္းမြန္တယ္လို႔

သူ႔ရဲ႕ေရွ႕ေနအဖြဲ႕ထံက သိရပါတယ္။ဧၿပီ ၁၂ ရက္ေန႔က ပထမဆုံး႐ုံးထုတ္ခဲ့ၿပီး ေျမာက္ဒဂုံတရား႐ုံးမွာ

တရားစြဲဆိုတင္ပို႔ခဲ့တာျဖစ္ၿပီး အမႈနဲ႔ပတ္သက္တဲ့ပထမဆုံး႐ုံးခ်ိန္းကိုေတာ့ အင္းစိန္ေထာင္တြင္းမွာ ဒီေန႔ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ပိုင္တံခြန္ကို ေျမာက္ဒဂုံၿမိဳ႕နယ္ၿမိဳ႕မရဲစခန္းစခန္းမႉး ဒုရဲမႉး ေဇာ္မင္းေအာင္က တရားလိုျပဳလုပ္တရားစြဲထားတာျဖစ္ပါတယ္။”

ကိုယ္ေရာစိတ္ပါ က်န္းမာပါတယ္။ က်န္းမာေရးကလည္း ေတာ္ေတာ္ေလးေကာင္းမြန္ပါတယ္။ ႐ႊင္႐ႊင္လန္းလန္းနဲ႔ေတြ႕ရပါတယ္။

သူ႔အေမကို က်န္းမာေရးဂ႐ုစိုက္ဖို႔ လို႔ မွာပါတယ္။ အျပင္မွာမလုပ္ျဖစ္ခဲ့တဲ့ ဘုရားတရားအလုပ္ေတြ ပိုလုပ္ျဖစ္တယ္။

အခ်င္းခ်င္းေတြ ေဖးမကူညီေစာင့္ေရွာက္ၾကတယ္။ အျပင္မွာထက္ အတြင္းမွာ ပိုစည္းလုံးၾကတယ္။ ေရွ႕မွ

ာ ပိုေကာင္းေအာင္ ဘာလုပ္မလဲ က်က်နနေတြးမိတယ္။ ဒါဟာ ဒီကာလမွာ သူရတဲ့အျမတ္ေတြပဲလို႔လည္း ေျပာပါတယ္”

လို႔ သူ႔ေရွ႕ေနအဖြဲ႕ထဲက ဥပေဒအႀကံေပးဦးခင္ေမာင္ျမင့္က ဘီဘီစီကိုေျပာပါတယ္။

ဒီေန႔႐ုံးခ်ိန္းမွာ ပိုင္တံခြန္ဘက္က လိုက္ပါေဆာင္႐ြက္ဖို႔ေရွ႕ေန ကိုယ္စားလွယ္လႊဲစာကို တရား႐ုံးမွာ

တင္ခဲ့ၿပီး တရား႐ုံးကလည္း လက္ခံလိုက္တယ္လို႔ သိရပါတယ္။အမႈသည္နဲ႔ လည္း ေရွ႕ေနေတြ စကားေျပာဆိုခြင့္ရခဲ့ၿပီး

အမႈသည္ထံက ၫႊန္ၾကားခ်က္ ရယူခဲ့တယ္လို႔ ဦးခင္ေမာင္ျမင့္ကေျပာပါတယ္။ ပိုင္တံခြန္အတြက္ တရားလႊတ္ေတာ္

ေရွ႕ေန ေဒၚဇင္မာဦးက လိုက္ပါေဆာင္႐ြက္မွာျဖစ္ၿပီး ေမ ၁၃ ရက္ေန႔ကို ျပန္လည္ခ်ိန္းဆိုထားပါတယ္။အဲဒီ႐ုံးခ်ိန္းမွာေတာ့

မႈခင္းစစ္ေဆးမႈအစီအစဥ္ CMP ျပဳလုပ္ၿပီး အမႈကို ရက္ေပါင္း ၁၇၀ အတြင္းအၿပီးစစ္မယ္လို႔ တရားသူႀကီးက

သတ္မွတ္ေၾကာင္းလည္း ဦးခင္ေမာင္ျမင့္ကေျပာပါတယ္။ပိုင္တံခြန္ဟာ လက္ရွိအင္းစိန္ေထာင္တြင္း

သ႐ုပ္ေဆာင္ရဲတိုက္၊ မီးရထားဌာနနဲ႔ ေလေၾကာင္းဦးစီးဌာနက CDM လုပ္လို႔ဖမ္းဆီးခံထားရတဲ့အရာရွိေတြအပါအဝင္ဝန္ထမ္းေတြနဲ႔

ေက်ာင္းသားေခါင္းေဆာင္ ေလးဦးတို႔နဲ႔အတူ တစ္ေဆာင္တည္း ေနထိုင္ရတယ္လို႔ သူ႔ေရွ႕ေနက ေျပာပါတယ္။

ဖတ္ရႈေပးတဲ့ပရီတ္သတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္ေနာ္…။