News

ကိုယ္ခံပညာ သိုင္းေပါင္းစုံၿပိဳင္ပြဲ MMA ( Mixed Martial Arts) ရဲ့ အမ်ိဳးသမီး အားကစားသမား အန္တိုနီရာကေတာ့ ဒီေတာ္လွန္ေရး ကာလမွာ အေရးၾကဳံရင္ ၾကဳံလာသလို တစ္ေထာင့္တစ္ေနရာက ပါဝင္နိုင္ေအာင္လို့ သင္တန္းေတြ သင္ၾကားတက္ေရာက္ေနပါတယ္။

ေတာ္လွန္ေရးရဲေဘာ္ တစ္ျဖစ္လည္း MMA ကစားသမား အန္တိုနီရာ

ကိုယ္ခံပညာ သိုင္းေပါင္းစုံၿပိဳင္ပြဲ MMA ( Mixed Martial Arts) ရဲ့ အမ်ိဳးသမီး အားကစားသမား

အန္တိုနီရာကေတာ့ ဒီေတာ္လွန္ေရး ကာလမွာ အေရးၾကဳံရင္ ၾကဳံလာသလို တစ္ေထာင့္တစ္ေနရာက

ပါဝင္နိုင္ေအာင္လို့ သင္တန္းေတြ သင္ၾကားတက္ေရာက္ေနပါတယ္။

စစ္ေကာင္စီရဲ့ အာဏာသိမ္းမွုေနာက္ပိုင္းမွာေတာ့ အန္တိုနီရာတို့လို လူငယ္အမ်ားစုဟာ စစ္အာဏာရွင္စနစ္ဆိုးကို

တိုက္ဖ်က္နိုင္ဖို့ လမ္းေတြေပၚမွာ ေျခဆန႔္ခဲ့ၾကသလို ခ်ိတ္ဆက္မိရာ ေတာထဲေတာင္ထဲမွာ

အခက္အခဲေတြၾကားကေန သင္တန္းတက္ေရာက္ေနတာေတြရွိပါတယ္။

ဒီအခ်ိန္မွာ ျမန္မာအားကစားသမားတခ်ိဳ့ကေတာ့ စစ္ေကာင္စီရဲ့ လက္ေအာက္ကေနပဲ

နိုင္ငံတကာၿပိဳင္ပြဲေတြကို သြားေရာက္ယွဥ္ၿပိဳင္ ဖို့ ျပင္ဆင္ေနၾကတဲ့ သတင္းေတြ ျပန႔္ႏွံ့ေနပါတယ္။

ျပည္သူေတြရဲ့ အသက္၊ အိုးအိမ္၊ စည္းစိမ္မ်ားစြာ ဆုံးရွုံးနစ္နာေနၾကတဲ့ အခုလိုအေျခအေနမွာ

အားကစားသမားေတြနဲ႔ ျပည္သူေတြအတြက္ လုပ္သင့္တာကို

ရဲရဲဝံ့ဝံ့ ရင္ဆိုင္တြန္းလွန္ဖို့ လိုတယ္လို့ အန္တိုနီယာက ဆိုလာပါတယ္။

” ျမန္မာနိုင္ငံကိုယ္စားျပဳ ကစားေနတဲ့ ကစားသမားေတြေရာ၊ ဌာနေတြလက္ေအာက္မွာ တာဝန္ထမ္းေနတဲ့

ကစားသမားေတြေရာ အားကစား ညီအစ္အကို ေမာင္ႏွစ္မအားလုံး CDM မွာ ပါဝင္ေစခ်င္တယ္။ ဘာလို့လဲဆိုေတာ့

အသက္ေသြး ေခၽြး ရင္ၿပီးေတာ့ ယွဥ္ၿပိဳင္ေနၾကရတယ္။ ကမၻာအလယ္မွာ ျမန္မာအလံကိုင္ၿပီးေတာ့ ျမန္မာပါဆိုတာကို

ခ်ျပေနတာျဖစ္တဲ့အတြက္ ဘာမဟုတ္တဲ့ စစ္ေကာင္စီရဲ့လက္ေအာက္မွာ ကစားသမားေတြက

ဆက္ၿပီးေတာ့မွ ျမန္မာကိုယ္စားကို မျပဳေစခ်င္ဘူး။ ဒါေၾကာင့္ အားလုံး ရဲရဲဝံ့ဝံ့ နဲ႔ ျပတ္ျပတ္သားသား

ဆုံးျဖတ္ၿပီးေတာ့ စစ္အာဏာရွင္လက္ေအာက္မွာေပါ့ေနာ္ ငါတို့ဆက္ၿပီးေတာ့ ျမန္မာ ကိုယ္စားမျပဳ

နိုင္ဘူးဆိုတဲ့ ဆုံးျဖတ္ခ်က္မ်ိဳး ခ်ေစခ်င္တယ္။ ” လို့ အန္တိုနီယာက ဆိုပါတယ္။

ကယားျပည္နယ္မွာ ေမြးဖြားခဲ့တဲ့ အန္တိုနီယာဟာ အသက္ ၁၆ ႏွစ္အရြယ္ကတည္းက လက္ေဝွ႕ပညာကို ေလ့လာခဲ့ပါတယ္။

စင္ကာပူအေျခစိုက္ One Championship ၿပိဳင္ပြဲမွာေတာ့ သူမရဲ့ ပြဲဦးထြက္ပြဲစဥ္မွာ ၿပိဳင္ဖက္ကို ၂၄ စကၠန႔္တည္းနဲ႔

အလဲထိုးအနိုင္ယူခဲ့တာေၾကာင့္ ကမၻာ့ပရိသတ္က အံ့အားသင့္ခဲ့ရတဲ့ အမ်ိဳးသမီးအားကစားသမားျဖစ္ခဲ့ပါတယ္။

” ငါက အားကစားသမားပဲ နိုင္ငံေရးနဲ႔ဘာမွ ပတ္သက္မွုမရွိဘူး။ ဘာမွ မဆိုင္ဘူး။ ဝင္ပါဖို့

လည္းမသင့္ဘူးဆိုတဲ့ အေတြးမ်ိဳးလည္း မေတြးေစခ်င္ဘူး။

ဘာလို့လဲဆိုေတာ့ ကၽြန္မတို့က ဒီနိုင္ငံမွာ ေမြးခဲ့တယ္။ ဒီနိုင္ငံမွာ ေနခဲ့တယ္။ ဒီနိုင္ငံရဲ့

ပတ္စ္ပို့ေတြကို ကိုင္ေနတာ ျဖစ္တဲ့အတြက္ ဒီနိုင္ငံရဲ့ အေရးဟာ ကၽြန္မတို့ရဲ့ အေရး ျဖစ္တယ္။

အားလုံး တိုက္ပြဲဝင္ေနတဲ့ အခ်ိန္မွာ ကိုယ္က ကိုယ့္နိုင္ငံအတြက္ တစ္ေထာင့္တစ္ေနရာကေန

ဆႏၵမေဖာ္ထုတ္ျပနိုင္ဘူးဆိုရင္ အရမ္းကို ေလာဘႀကီးတယ္လို့ပဲ ျမင္ပါတယ္။ ဒါေၾကာင့္ အားလုံးရဲရဲဝံ့ဝံ့

နဲ႔ အမွန္တရားဘက္မွာေနၿပီးေတာ့ ကိုယ္နိုင္ငံအတြက္ အေကာင္းဆုံး

တိုက္ပြဲဝင္ၾကဖို့ ေျပာခ်င္ပါတယ္ ” လို့ အန္တိုနီရာက ေျပာပါတယ္။

စစ္အာဏာရွင္စနစ္ကို ဆန႔္က်င္တဲ့ ဒီမိုကေရစီအေရးေတာ္ပုံ ေႏြဦးေတာ္လွန္ေရးမွာေတာ့ အန္တိုနီယာအပါအဝင္

လူငယ္ေတြဟာ နိုင္ငံကို တရားမၽွတတဲ့လမ္းေၾကာင္းေပၚျပန္ေရာက္ဖို့ ရရနည္းလမ္းကိုရွာေဖြရင္း တိုက္ပြဲဝင္ေနၾကရတာပါ။

ေရးသား- သံလြင္ခက္

Photo – အန္တိုနီယာ FB

unicode

တော်လှန်ရေးရဲဘော် တစ်ဖြစ်လည်း MMA ကစားသမား အန်တိုနီရာ

ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲ MMA ( Mixed Martial Arts) ရဲ့ အမျိုးသမီး အားကစားသမား

အန်တိုနီရာကတော့ ဒီတော်လှန်ရေး ကာလမှာ အရေးကြုံရင် ကြုံလာသလို တစ်ထောင့်တစ်နေရာက

ပါဝင်နိုင်အောင်လို့ သင်တန်းတွေ သင်ကြားတက်ရောက်နေပါတယ်။

စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ အန်တိုနီရာတို့လို လူငယ်အများစုဟာ စစ်အာဏာရှင်စနစ်ဆိုးကို

တိုက်ဖျက်နိုင်ဖို့ လမ်းတွေပေါ်မှာ ခြေဆန့်ခဲ့ကြသလို ချိတ်ဆက်မိရာ တောထဲတောင်ထဲမှာ

အခက်အခဲတွေကြားကနေ သင်တန်းတက်ရောက်နေတာတွေရှိပါတယ်။

ဒီအချိန်မှာ မြန်မာအားကစားသမားတချို့ကတော့ စစ်ကောင်စီရဲ့ လက်အောက်ကနေပဲ

နိုင်ငံတကာပြိုင်ပွဲတွေကို သွားရောက်ယှဉ်ပြိုင် ဖို့ ပြင်ဆင်နေကြတဲ့ သတင်းတွေ ပြန့်နှံ့နေပါတယ်။

ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်များစွာ ဆုံးရှုံးနစ်နာနေကြတဲ့ အခုလိုအခြေအနေမှာ

အားကစားသမားတွေနဲ့ ပြည်သူတွေအတွက် လုပ်သင့်တာကို

ရဲရဲဝံ့ဝံ့ ရင်ဆိုင်တွန်းလှန်ဖို့ လိုတယ်လို့ အန်တိုနီယာက ဆိုလာပါတယ်။

” မြန်မာနိုင်ငံကိုယ်စားပြု ကစားနေတဲ့ ကစားသမားတွေရော၊ ဌာနတွေလက်အောက်မှာ တာဝန်ထမ်းနေတဲ့

ကစားသမားတွေရော အားကစား ညီအစ်အကို မောင်နှစ်မအားလုံး CDM မှာ ပါဝင်စေချင်တယ်။ ဘာလို့လဲဆိုတော့

အသက်သွေး ချွေး ရင်ပြီးတော့ ယှဉ်ပြိုင်နေကြရတယ်။ ကမ္ဘာအလယ်မှာ မြန်မာအလံကိုင်ပြီးတော့ မြန်မာပါဆိုတာကို

ချပြနေတာဖြစ်တဲ့အတွက် ဘာမဟုတ်တဲ့ စစ်ကောင်စီရဲ့လက်အောက်မှာ ကစားသမားတွေက

ဆက်ပြီးတော့မှ မြန်မာကိုယ်စားကို မပြုစေချင်ဘူး။ ဒါကြောင့် အားလုံး ရဲရဲဝံ့ဝံ့ နဲ့ ပြတ်ပြတ်သားသား

ဆုံးဖြတ်ပြီးတော့ စစ်အာဏာရှင်လက်အောက်မှာပေါ့နော် ငါတို့ဆက်ပြီးတော့ မြန်မာ ကိုယ်စားမပြု

နိုင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချစေချင်တယ်။ ” လို့ အန်တိုနီယာက ဆိုပါတယ်။

ကယားပြည်နယ်မှာ မွေးဖွားခဲ့တဲ့ အန်တိုနီယာဟာ အသက် ၁၆ နှစ်အရွယ်ကတည်းက လက်ဝှေ့ပညာကို လေ့လာခဲ့ပါတယ်။

စင်ကာပူအခြေစိုက် One Championship ပြိုင်ပွဲမှာတော့ သူမရဲ့ ပွဲဦးထွက်ပွဲစဉ်မှာ ပြိုင်ဖက်ကို ၂၄ စက္ကန့်တည်းနဲ့

အလဲထိုးအနိုင်ယူခဲ့တာကြောင့် ကမ္ဘာ့ပရိသတ်က အံ့အားသင့်ခဲ့ရတဲ့ အမျိုးသမီးအားကစားသမားဖြစ်ခဲ့ပါတယ်။

” ငါက အားကစားသမားပဲ နိုင်ငံရေးနဲ့ဘာမှ ပတ်သက်မှုမရှိဘူး။ ဘာမှ မဆိုင်ဘူး။ ဝင်ပါဖို့

လည်းမသင့်ဘူးဆိုတဲ့ အတွေးမျိုးလည်း မတွေးစေချင်ဘူး။

ဘာလို့လဲဆိုတော့ ကျွန်မတို့က ဒီနိုင်ငံမှာ မွေးခဲ့တယ်။ ဒီနိုင်ငံမှာ နေခဲ့တယ်။ ဒီနိုင်ငံရဲ့

ပတ်စ်ပို့တွေကို ကိုင်နေတာ ဖြစ်တဲ့အတွက် ဒီနိုင်ငံရဲ့ အရေးဟာ ကျွန်မတို့ရဲ့ အရေး ဖြစ်တယ်။

အားလုံး တိုက်ပွဲဝင်နေတဲ့ အချိန်မှာ ကိုယ်က ကိုယ့်နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ

ဆန္ဒမဖော်ထုတ်ပြနိုင်ဘူးဆိုရင် အရမ်းကို လောဘကြီးတယ်လို့ပဲ မြင်ပါတယ်။ ဒါကြောင့် အားလုံးရဲရဲဝံ့ဝံ့

နဲ့ အမှန်တရားဘက်မှာနေပြီးတော့ ကိုယ်နိုင်ငံအတွက် အကောင်းဆုံး

တိုက်ပွဲဝင်ကြဖို့ ပြောချင်ပါတယ် ” လို့ အန်တိုနီရာက ပြောပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီအရေးတော်ပုံ နွေဦးတော်လှန်ရေးမှာတော့ အန်တိုနီယာအပါအဝင်

လူငယ်တွေဟာ နိုင်ငံကို တရားမျှတတဲ့လမ်းကြောင်းပေါ်ပြန်ရောက်ဖို့ ရရနည်းလမ်းကိုရှာဖွေရင်း တိုက်ပွဲဝင်နေကြရတာပါ။

ရေးသား- သံလွင်ခက်

Photo – အန်တိုနီယာ FB