News
RFA Burmese
unicode
မိုးကုတ်မှာ CDM လုပ်ဆောင်နေသူ ဆရာမ ကို မတွေ့လို့ အမေနဲ့အကိုကို ဖမ်းဆီးသွား
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရေပူရပ်ကွက်မှာနေထိုင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းခွင်မဝင်
အာဏာဖီဆန်ပြီး CDM လုပ်ဆောင်နေတဲ့ ကျောင်းဆရာမ ဒေါ်မေသူဇာလင်း ကို လာရောက်ဖမ်းဆီးရာမှာ
မတွေ့တဲ့အတွက် မိသားစုဝင်တွေကို စစ်ကောင်စီတပ်တွေက ဧပြီ ၂၈ ရက်၊
ဒီကနေ့ နေ့လယ်က နေအိမ်မှာ ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
“CDM လုပ်နေတာပါ။ အဲဒါကို စစ်သားတွေ ရဲတွေ အင်အား လေးဆယ်လောက်နဲ့ လာဖမ်းတယ်။
မတွေ့လို့ အမေနဲ့ အကို ဖြစ်သူတို့ကို ဖမ်းသွားတယ်။ အခုတော့ မိုးကုတ် မြို့မစခန်းမှာ
ထားတယ်လို့ သိရတယ်”လို့ မိသားစုဝင်တစ်ယောက် ပြောပါတယ်။
ဆရာမ ဒေါ်မေသူဇာလင်းဟာ မိုးကုတ်မြို့၊ ရွာသာယာကျေးရွာ (ဘားနတ်)
အလယ်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။
RFA Burmese