News

လှိုင်သာယာနဲ့ထန်းတပင်က CDM ဆရာ/ ဆရာမတွေကိုအိမ်ယာမှနှင်ချတာတွေအလုပ်ထွက်ဖို့ဖိအားပေးပြီးငွေကြေးတောင်းခံတာတွေရှိနေ

လှိုင်သာယာနဲ့ထန်းတပင်က CDM ဆရာ/ ဆရာမတွေကိုအိမ်ယာမှနှင်ချတာတွေအလုပ်ထွက်ဖို့ဖိအားပေးပြီးငွေကြေးတောင်းခံတာတွေရှိနေ

ဧပြီ ၊ ၂၉ ရက်

လှိုင်သာယာမြို့နယ်ထဲမှာရှိတဲ့အခြေခံပညာကျောင်းတွေနဲ့ထန်းတပင်မြို့နယ်ထဲက ကျောင်းအချို့မှာအလုပ်ထွက်ဖို့

ဖိအားပေးပြီးငွေကြေးတောင်းခံတာတွေကိုစစ်ကောင်စီခန့်အပ်ထားတဲ့ ဝန်ထမ်းတွေက လုပ်ဆောင်နေတယ်လို့သိရပါတယ်။

“လှိုင်သာယာထ၃မှာဆို အားကစားကွင်းဆောက်မယ့်နေရာနဲ့ဝန်ထမ်းအိမ်ယာကအဝေးကြီးအဲ့ဒါကိုဆင်းခိုင်းတာ

CDM မလုပ်ရင်တော့ဆက်နေဆိုပြီးပြောတယ်”လို့ အမည်မဖော်လိုတဲ့ ဆရာမတဦးက MLN ကိုပြောပါတယ်။

အိမ်ယာကနေ ဖယ်ခိုင်းနေတာကြောင့်တချို့ဆရာ ဆရာမတွေအနေနဲ့ CDM ဆက်မလုပ်တော့ပဲ

ပြန်လည်တာဝန်ထမ်းဆောင်နေတာလဲ ရှိတယ်လို့လဲသိရပါတယ်။

“ကျမတို့ဆီမှာဆိုကျောင်းအုပ်က ထွက်ချင်ရင်ထွက် ၅ နှစ်မပြည့်ပဲထွက်ရင် ၁၀ သိန်းပေးရမယ်ဆိုပြီးပြောတယ်

ကျမတို့ကအလုပ်ထွက်ထားတာမဟုတ်ဖူး သူတို့တကယ်သာထုတ်တယ်ဆိုကျမတို့ပေးစရာမလိုဘူးလေ ပြီးတော့

ဒီလစာကိုကျမတို့ခုထိမထုတ်ထားသေးဘူး”လို့ ထန်းတပင်မှာ CDM လုပ်နေတဲ့ဆရာမတဦးကပြောပါတယ်။

လှိုက်သာယာ ထ ၃ က CDM ဝင်နေတဲ့ ဆရာဆရာမတွေကိုဖုန်းဆက်ပြီးအိမ်ယာကထွက်ခိုင်းတာတွေ ထန်းတပင်မှာ

ကျောင်းအုပ်ကိုယ်တိုင်က ငွေကြေးတောင်းခံတာတွေလုပ်နေပေမယ့်

ဆရာ ဆရာမတွေအနေနဲ့ CDM သာဆက်လုပ်သွားမယ်လို့လဲ MLN ကိုပြောပါတယ်။

#MyanmarLabourNews

zawgyi

လႈိင္သာယာနဲ႔ထန္းတပင္က CDM ဆရာ/ ဆရာမေတြကိုအိမ္ယာမွႏွင္ခ်တာေတြအလုပ္ထြက္ဖို႔ဖိအားေပးၿပီးေငြေၾကးေတာင္းခံတာေတြရွိေန

ဧၿပီ ၊ ၂၉ ရက္

လႈိင္သာယာၿမိဳ႕နယ္ထဲမွာရွိတဲ့အေျခခံပညာေက်ာင္းေတြနဲ႔ထန္းတပင္ၿမိဳ႕နယ္ထဲက ေက်ာင္းအခ်ိဳ႕မွာအလုပ္ထြက္ဖို႔

ဖိအားေပးၿပီးေငြေၾကးေတာင္းခံတာေတြကိုစစ္ေကာင္စီခန္႔အပ္ထားတဲ့ ဝန္ထမ္းေတြက လုပ္ေဆာင္ေနတယ္လို႔သိရပါတယ္။

“လႈိင္သာယာထ၃မွာဆို အားကစားကြင္းေဆာက္မယ့္ေနရာနဲ႔ဝန္ထမ္းအိမ္ယာကအေဝးႀကီးအဲ့ဒါကိုဆင္းခိုင္းတာ

CDM မလုပ္ရင္ေတာ့ဆက္ေနဆိုၿပီးေျပာတယ္”လို႔ အမည္မေဖာ္လိုတဲ့ ဆရာမတဦးက MLN ကိုေျပာပါတယ္။

အိမ္ယာကေန ဖယ္ခိုင္းေနတာေၾကာင့္တခ်ိဳ႕ဆရာ ဆရာမေတြအေနနဲ႔ CDM ဆက္မလုပ္ေတာ့ပဲ

ျပန္လည္တာဝန္ထမ္းေဆာင္ေနတာလဲ ရွိတယ္လို႔လဲသိရပါတယ္။

“က်မတို႔ဆီမွာဆိုေက်ာင္းအုပ္က ထြက္ခ်င္ရင္ထြက္ ၅ ႏွစ္မျပည့္ပဲထြက္ရင္ ၁၀ သိန္းေပးရမယ္ဆိုၿပီးေျပာတယ္

က်မတို႔ကအလုပ္ထြက္ထားတာမဟုတ္ဖူး သူတို႔တကယ္သာထုတ္တယ္ဆိုက်မတို႔ေပးစရာမလိုဘူးေလ ၿပီးေတာ့

ဒီလစာကိုက်မတို႔ခုထိမထုတ္ထားေသးဘူး”လို႔ ထန္းတပင္မွာ CDM လုပ္ေနတဲ့ဆရာမတဦးကေျပာပါတယ္။

လႈိက္သာယာ ထ ၃ က CDM ဝင္ေနတဲ့ ဆရာဆရာမေတြကိုဖုန္းဆက္ၿပီးအိမ္ယာကထြက္ခိုင္းတာေတြ ထန္းတပင္မွာ

ေက်ာင္းအုပ္ကိုယ္တိုင္က ေငြေၾကးေတာင္းခံတာေတြလုပ္ေနေပမယ့္

ဆရာ ဆရာမေတြအေနနဲ႔ CDM သာဆက္လုပ္သြားမယ္လို႔လဲ MLN ကိုေျပာပါတယ္။

#MyanmarLabourNews