News

ေအာင္လပြဲ ေစာင့္စားေနသူမ်ား liveၾကည့္လို႔ရၿပီ (႐ုပ္သံၾကည့္ရန္ပုံကိုႏွိပ္ပါ)

ဒီလ ျမန္မာစံေတာ္ခ်ိန္ ဧၿပီလ (၂၉) ရက္ေန႔ မွာေတာ့ ျမန္မာ့စပါးအုံး ေအာင္လအန္ဆန္ဟာ သူ႔ရဲ႕

လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံခါးပတ္ကို ယခင္ ၿပိဳင္ဖက္ေဟာင္း မစ္ဒယ္ဝိတ္တန္းခ်န္ပီယံ ႐ိုင္နီယာဆီက ကာကြယ္ရမွာ ျဖစ္ပါတယ္။

အရင္ကေတာ့ ေအာင္လအန္ဆန္ဟာ သူ႔ကာကြယ္ပြဲကို ဗစ္ဒက္ရွ္နဲ႔ ထိုးသတ္ဖို႔ စီစဥ္ထားေပမယ့္

ဗစ္ဒက္ရွ္ဟာ Covid positive ျဖစ္သြားတာေၾကာင့္ ၄ ရက္အလိုမွ ၿပိဳင္ဖက္ခ်ိန္းသြားတာျဖစ္ပါတယ္။

အဲ့ဆိုၿပိဳင္ပြဲက ဘယ္လိုျဖစ္လာႏိုင္လဲ

ေအာင္လဘက္ကေတာ့ training camp တစ္ခုလုံး ဝင္ထားေပမယ့္လည္း ဗစ္ဒက္ရွ္လို striking

သမားအတြက္ ေလ့က်င့္ျပင္ဆင္ထားတဲ့ camp မ်ိဳး ျဖစ္ပါတယ္။

ဒါဟာအားသာခ်က္လည္း ျဖစ္ႏိုင္သလို အားနည္းခ်က္လည္းျဖစ္လာႏိုင္ပါတယ္။

႐ိုင္နီယာလိုလို ဘယ္ေကာင္လာလာ လုံးမယ္ဆိုတဲ့လူကေတာ့ game plan ပိုင္းျပသနာမရွိေပမယ့္

ေအာင္လကေတာ့ ၿပိဳင္ဘက္ေပၚမူတည္ၿပီး game plan နဲ႔ကစားတာမလို႔ အခက္အခဲေတာ့ ေတြ႕ႏိုင္ပါတယ္။

ဒါေပမယ့္ ႐ိုင္နီယာဘက္ကၾကည့္ရင္လည္း တစ္ျခားၿပိဳင္ပြဲအတြက္ျပင္ဆင္ထားရာကေန ေအာင္လလို ၿပိဳင္ဘက္ကို

၄ ရက္အလိုမွာ ဝင္ထိုးရတာ လြယ္တဲ့ကိစၥမ်ိဳးေတာ့မဟုတ္ပါဘူး။

Game plan နဲ႔ကစားတဲ့ ဖိုက္တာမ်ိဳးထက္ ဘာလာလာ လုံးမယ့္ ကစားသမားမလို႔

ဒီပြဲကို လက္ခံခဲ့တာပါ။ တစ္ျခားအမ်ားႀကီး ျပင္ဆင္စရာရွိမေနပါဘူး။

ေအာင္လကေတာ့ ဒီပြဲမွာ အရင္ပြဲကထက္ ပိုမိုေကာင္းမြန္ၿပီး အာ႐ုံစူးစိုက္မႈအျပည့္နဲ႔ ပြဲထြက္လာမွာ ေသခ်ာပါတယ္။

႐ိုင္နီယာကေတာ့ ႏိုင္ၿပီးသားလူမလို႔ ေနာက္တစ္ခါလြယ္လြယ္ကူကူ အႏိုင္ယူမယ္ထင္ၿပီး

ကမာၻတစ္ဝက္ေလာက္ခရီးႏွင္လာတယ္ဆိုရင္ေတာ့ မွားသြားပါလိမ့္မယ္။

႐ိုင္နီယာဘက္ကလည္း ေသေသခ်ာခ်ာ အခ်ိန္ရသေလာက္ေတာ့ တတ္ႏိုင္သေလာက္ျပင္ဆင္လာပါလိမ့္မယ္။

ဘယ္သူႏိုင္မယ္ဘယ္သူရႈံးမယ္ဆိုတာမ်ိဳးထက္ အရင္ပြဲထက္ေတာ့

ၾကည့္ေကာင္းၿပီး ၿပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ပြဲ ျဖစ္လာမွာေတာ့ ေသခ်ာပါတယ္။

ေအာင္လအေနနဲ႔ ျပင္ဆင္မႈရက္နည္းနည္းေလးသာရွိထားတဲ့ ၿပိဳင္ဘက္ကို စိတ္ရွည္ရွည္နဲ႔

ပထမ၊ဒုတိယအခ်ီေတြမွာ သတိထားကစားသင့္တယ္လို႔ေတာ့ ျမင္ပါတယ္။

တတိယအခ်ီထိေရာက္ခဲ့တဲ့ ပြဲမ်ိဳးမွာ ႐ိုင္နီယာရဲ႕သက္လုံက အားရစရာမရွိပါဘူး။ ဒါေၾကာင့္

အေလာတႀကီးပြဲသိမ္းဖို႔ႀကိဳးစားတာထက္ တတိယအခ်ီ ၊ စတုတၳအခ်ီေလာက္ထိ ဆြဲေခၚၿပီး ပြဲသိမ္းမယ္ဆို ပိုစိတ္ခ်ရပါလိမ့္မယ္။

ေအာင္လ ပါဝါ ၊ အေနအထားမ်ိဳးနဲ႔ ပထမအခ်ီ ၊ ဒုတိယအခ်ီမွာတင္ ပြဲသိမ္းႏိုင္စြမ္းအျပည့္အဝရွိေပမယ့္

အဲ့အခ်ိန္ကတည္းက ဖိအားေပးၿပီး ပြဲသိမ္းဖို႔ ႀကိဳးစားရင္ေတာ့ ဆြဲလွဲၿပီးခ်ဳပ္ကြက္နဲ႔ေတာ့ ရင္ဆိုင္ႏိုင္ရႏိုင္ပါတယ္။

စိတ္ရွည္ရွည္နဲ႔ အမွားကင္းကင္းကစားႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ျပင္ဆင္ခ်ိန္အျပည့္အဝရထားတဲ့ ေအာင္လရဲ႕ႏိုင္ပြဲျဖစ္မွာ ေသခ်ာပါတယ္။

ကြၽန္ေတာ္အခု ေနာက္တပါတ္မွာယွဥ္ၿပိဳင္ထိုးသတ္မယ့္ ကြၽန္ေတာ့္ရဲ႕ Light Heavyweight

ခ်န္ပီယံခါးပတ္ကာကြယ္ပြဲအတြက္၊ ၿပိဳင္ပြဲက်င္းပမယ့္ စင္ကာပူ ႏိုင္ငံကိုေရာက္ရွိေနပါတယ္။

အားလုံးကို၊ခါးပတ္ကာကြယ္ပြဲၿပိဳင္ဖက္ အေျပာင္းအလဲ ျဖစ္သြားတဲ့အေၾကာင္းေျပာျပခ်င္ပါတယ္။

Light Heavyweight ခ်န္ပီယံခါးပတ္ကာကြယ္ဖို႔အတြက္ မူလက ၿပိဳင္ဖက္ ႐ုရွားႏိုင္ငံသား ဗစ္တာလီဘစ္ဒဲ့ရွ္ နဲ

႔ယွဥ္ၿပိဳင္ထိုးသတ္ဖို႔စီစဥ္ထားေပမယ့္၊ၿပိဳင္ဖက္ ဗစ္တာလီဘစ္ဒဲ့ရွ္ Covid -19 စစ္ေဆးရာတြင္ Covid-19

ေရာဂါပိုးစစ္ေဆးေတြ႕ရွိသည့္အတြက္ ၿပိဳင္ဖက္အသစ္ ႐ိုင္နီရာဒီရီဒါ နဲ႔ ေျပာင္းလဲထိုးသတ္သြားမွာျဖစ္ပါတယ္။

႐ိုင္နီရာဒီရီဒါနဲ႔ယွဥ္ၿပိဳင္ထိုး သ တ္ မယ့္ၿပိဳင္ဖက္ျဖစ္သူထံမွာလဲ..

Covid-19 ေရာဂါပိုးစစ္ေဆးေတြ႕ရွိတဲ့အတြက္ ကြၽန္ေတာ္နဲ႔ ႐ိုင္နီရာဒီရီဒါတို႔ ျမန္မာစံေတာ္ခ်ိန္ April 29

နံနက္ပိုင္း ၇ နာရီ ခန႔္မွာLightHeavyweightခ်န္ပီယံခါးပတ္ပြဲထိုးသတ္သြားမွာျဖစ္တဲ့အေၾကာင္း၊အားလုံးကိုအသိေပးလိုပါတယ္။

အားလုံးဂုဏ္ယူရဖို႔အတြက္ကြၽန္ေတာ္အေကာင္းဆုံးႀကိဳးစားယွဥ္ၿပိဳင္သြားမွာပါ။

ျမန္မာျပည္ႀကီးအျမန္ဆုံးၿငိမ္းခ်မ္းသာယာပါေစ။

unicode

ဒီလ မြန်မာစံတော်ချိန် ဧပြီလ (၂၉) ရက်နေ့ မှာတော့ မြန်မာ့စပါးအုံး အောင်လအန်ဆန်ဟာ သူ့ရဲ့

လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်ကို ယခင် ပြိုင်ဖက်ဟောင်း မစ်ဒယ်ဝိတ်တန်းချန်ပီယံ ရိုင်နီယာဆီက ကာကွယ်ရမှာ ဖြစ်ပါတယ်။

အရင်ကတော့ အောင်လအန်ဆန်ဟာ သူ့ကာကွယ်ပွဲကို ဗစ်ဒက်ရှ်နဲ့ ထိုးသတ်ဖို့ စီစဉ်ထားပေမယ့်

ဗစ်ဒက်ရှ်ဟာ Covid positive ဖြစ်သွားတာကြောင့် ၄ ရက်အလိုမှ ပြိုင်ဖက်ချိန်းသွားတာဖြစ်ပါတယ်။

အဲ့ဆိုပြိုင်ပွဲက ဘယ်လိုဖြစ်လာနိုင်လဲ

အောင်လဘက်ကတော့ training camp တစ်ခုလုံး ဝင်ထားပေမယ့်လည်း ဗစ်ဒက်ရှ်လို striking

သမားအတွက် လေ့ကျင့်ပြင်ဆင်ထားတဲ့ camp မျိုး ဖြစ်ပါတယ်။

ဒါဟာအားသာချက်လည်း ဖြစ်နိုင်သလို အားနည်းချက်လည်းဖြစ်လာနိုင်ပါတယ်။

ရိုင်နီယာလိုလို ဘယ်ကောင်လာလာ လုံးမယ်ဆိုတဲ့လူကတော့ game plan ပိုင်းပြသနာမရှိပေမယ့်

အောင်လကတော့ ပြိုင်ဘက်ပေါ်မူတည်ပြီး game plan နဲ့ကစားတာမလို့ အခက်အခဲတော့ တွေ့နိုင်ပါတယ်။

ဒါပေမယ့် ရိုင်နီယာဘက်ကကြည့်ရင်လည်း တစ်ခြားပြိုင်ပွဲအတွက်ပြင်ဆင်ထားရာကနေ အောင်လလို ပြိုင်ဘက်ကို

၄ ရက်အလိုမှာ ဝင်ထိုးရတာ လွယ်တဲ့ကိစ္စမျိုးတော့မဟုတ်ပါဘူး။

Game plan နဲ့ကစားတဲ့ ဖိုက်တာမျိုးထက် ဘာလာလာ လုံးမယ့် ကစားသမားမလို့

ဒီပွဲကို လက်ခံခဲ့တာပါ။ တစ်ခြားအများကြီး ပြင်ဆင်စရာရှိမနေပါဘူး။

အောင်လကတော့ ဒီပွဲမှာ အရင်ပွဲကထက် ပိုမိုကောင်းမွန်ပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ ပွဲထွက်လာမှာ သေချာပါတယ်။

ရိုင်နီယာကတော့ နိုင်ပြီးသားလူမလို့ နောက်တစ်ခါလွယ်လွယ်ကူကူ အနိုင်ယူမယ်ထင်ပြီး

ကမ္ဘာတစ်ဝက်လောက်ခရီးနှင်လာတယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။

ရိုင်နီယာဘက်ကလည်း သေသေချာချာ အချိန်ရသလောက်တော့ တတ်နိုင်သလောက်ပြင်ဆင်လာပါလိမ့်မယ်။

ဘယ်သူနိုင်မယ်ဘယ်သူရှုံးမယ်ဆိုတာမျိုးထက် အရင်ပွဲထက်တော့

ကြည့်ကောင်းပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ပွဲ ဖြစ်လာမှာတော့ သေချာပါတယ်။

အောင်လအနေနဲ့ ပြင်ဆင်မှုရက်နည်းနည်းလေးသာရှိထားတဲ့ ပြိုင်ဘက်ကို စိတ်ရှည်ရှည်နဲ့

ပထမ၊ဒုတိယအချီတွေမှာ သတိထားကစားသင့်တယ်လို့တော့ မြင်ပါတယ်။

တတိယအချီထိရောက်ခဲ့တဲ့ ပွဲမျိုးမှာ ရိုင်နီယာရဲ့သက်လုံက အားရစရာမရှိပါဘူး။ ဒါကြောင့်

အလောတကြီးပွဲသိမ်းဖို့ကြိုးစားတာထက် တတိယအချီ ၊ စတုတ္ထအချီလောက်ထိ ဆွဲခေါ်ပြီး ပွဲသိမ်းမယ်ဆို ပိုစိတ်ချရပါလိမ့်မယ်။

အောင်လ ပါဝါ ၊ အနေအထားမျိုးနဲ့ ပထမအချီ ၊ ဒုတိယအချီမှာတင် ပွဲသိမ်းနိုင်စွမ်းအပြည့်အဝရှိပေမယ့်

အဲ့အချိန်ကတည်းက ဖိအားပေးပြီး ပွဲသိမ်းဖို့ ကြိုးစားရင်တော့ ဆွဲလှဲပြီးချုပ်ကွက်နဲ့တော့ ရင်ဆိုင်နိုင်ရနိုင်ပါတယ်။

စိတ်ရှည်ရှည်နဲ့ အမှားကင်းကင်းကစားနိုင်ခဲ့မယ်ဆိုရင်တော့ ပြင်ဆင်ချိန်အပြည့်အဝရထားတဲ့ အောင်လရဲ့နိုင်ပွဲဖြစ်မှာ သေချာပါတယ်။

ကျွန်တော်အခု နောက်တပါတ်မှာယှဉ်ပြိုင်ထိုးသတ်မယ့် ကျွန်တော့်ရဲ့ Light Heavyweight

ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက်၊ ပြိုင်ပွဲကျင်းပမယ့် စင်ကာပူ နိုင်ငံကိုရောက်ရှိနေပါတယ်။

အားလုံးကို၊ခါးပတ်ကာကွယ်ပွဲပြိုင်ဖက် အပြောင်းအလဲ ဖြစ်သွားတဲ့အကြောင်းပြောပြချင်ပါတယ်။

Light Heavyweight ချန်ပီယံခါးပတ်ကာကွယ်ဖို့အတွက် မူလက ပြိုင်ဖက် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒဲ့ရှ် နဲ

့ယှဉ်ပြိုင်ထိုးသတ်ဖို့စီစဉ်ထားပေမယ့်၊ပြိုင်ဖက် ဗစ်တာလီဘစ်ဒဲ့ရှ် Covid -19 စစ်ဆေးရာတွင် Covid-19

ရောဂါပိုးစစ်ဆေးတွေ့ရှိသည့်အတွက် ပြိုင်ဖက်အသစ် ရိုင်နီရာဒီရီဒါ နဲ့ ပြောင်းလဲထိုးသတ်သွားမှာဖြစ်ပါတယ်။

ရိုင်နီရာဒီရီဒါနဲ့ယှဉ်ပြိုင်ထိုး သ တ် မယ့်ပြိုင်ဖက်ဖြစ်သူထံမှာလဲ..

Covid-19 ရောဂါပိုးစစ်ဆေးတွေ့ရှိတဲ့အတွက် ကျွန်တော်နဲ့ ရိုင်နီရာဒီရီဒါတို့ မြန်မာစံတော်ချိန် April 29

နံနက်ပိုင်း ၇ နာရီ ခန့်မှာLightHeavyweightချန်ပီယံခါးပတ်ပွဲထိုးသတ်သွားမှာဖြစ်တဲ့အကြောင်း၊အားလုံးကိုအသိပေးလိုပါတယ်။

အားလုံးဂုဏ်ယူရဖို့အတွက်ကျွန်တော်အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာပါ။

မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းသာယာပါစေ။