News

ထမင္းေၾကာ္ဆိုင္ျပန္ဖြင့္ဖို႔ ထြက္ၾကည့္ရင္း က်ည္ထိမွန္က်ဆုံးခဲ့ရတဲ့ ကိုေဇာ္ရွိန္း (႐ုပ္သံ)

ထမင္းေၾကာ္ဆိုင္ျပန္ဖြင့္ဖို႔ ထြက္ၾကည့္ရင္း က်ည္ထိမွန္က်ဆုံးခဲ့ရတဲ့ ကိုေဇာ္ရွိန္းရဲ႕ ဈာပန

(႐ုပ္သံဖိုင္ကို ေအာက္တြင္ ၾကည့္ရႈပါရန္)

မေန႔ညပိုင္း ၇ နာရီ ၁၅ မိနစ္ဝန္းက်င္ခန႔္မွာ စစ္ေကာင္စီရဲ႕ ပစ္ခတ္မႈေၾကာင့္ က်ည္ထိမွန္က်ဆုံးခဲ့ရတဲ့

ကိုေဇာ္ရွိန္းရဲ႕ ဈာပနကို ဒီကေန႔(ဧၿပီလ ၂၇ ရက္)မွာ ျပဳလုပ္ခဲ့ပါတယ္။

မေန႔ညပိုင္းမွာ စစ္ေကာင္စီရဲ႕ လက္နက္ကိုင္ေတြက မႏၲေလးၿမိဳ႕၊ စိန္ပန္းလမ္းမႀကီး ၄၁ လမ္းနဲ႔ လမ္း ၉၀ တစ္ဝိုက္မွာ ပစ္ခတ္ခဲ့တာေၾကာင့္

ကိုေဇာ္ရွိန္းရဲ႕ ေနာက္ေက်ာကို က်ည္ဆံ ၃ ခ်က္ထိမွန္ၿပီး အဲဒီေနရာမွာပဲ ေသဆုံးခဲ့ရတာပါ။

“ပထမတစ္ခါ သူတို႔က ေက်ာင္းဘက္ကေနပစ္ၾကပါတယ္။

အဲဒီလိုပစ္ၾကေတာ့ ကိုယ့္ထမင္းေၾကာ္ဆိုင္ေလးက လမ္းေဘးေရာင္းတာဆိုေတာ့ သိမ္းလိုက္တာေပါ့။

အဲဒီအခ်ိန္တုန္းက ၇ နာရီပဲရွိေသးတယ္။ ၇ နာရီ ၁၅ ေလာက္က်ေတာ့ လမ္းသြားလမ္းလာလဲ အကုန္ရွိတယ္။

အကုန္ျပန္ၿပီးသြားလာေနၾကၿပီဆိုေတာ့ ဆိုင္ ျပန္ဖြင့္လို႔ရမလားလို႔သြားၾကည့္တာ။

အဲဒီလိုသြားၾကည့္တုန္း ေနာက္ထပ္ သုံးခ်က္ ထပ္ပစ္ လိုက္တယ္။ အဲဒီမွာသူ႔ကို မွန္သြားတာပါပဲ။

ကြၽန္မကလည္း ေသနတ္သံၾကားလို႔ေျပးရင္လႊားရင္း လွည့္ၾကည့္မိေတာ့ သူလဲသြားတာျမင္လိုက္ရတာပါပဲ။ “လို႔

ကိုေဇာ္ရွိန္းရဲ႕ဇနီးျဖစ္သူက ေျပာပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ရွိတဲ့ ကိုေဇာ္ရွိန္းဟာ စိန္ပန္းရပ္ကြက္အတြင္းက ေနလေဆးဆိုင္အနီးမွာ ထမင္းေၾကာ္ဆိုင္ဖြင့္ေရာင္းခ်ေနသူျဖစ္သလို

လြန္ခဲ့တဲ့ ၇ ႏွစ္ေလာက္ကတည္းက ေရာင္းခ်တာျဖစ္တာေၾကာင့္ ရပ္ကြက္အနီးတဝိုက္မွာ လူသိမ်ားလွပါတယ္။

ကိုေဇာ္ရွိန္းက်ဆုံးခ်ိန္မွာေတာ့ ဇနီးသည္နဲ႔အတူ ၇ တန္းေက်ာင္းသူျဖစ္တဲ့ ၁၃ ႏွစ္အ႐ြယ္ သမီးတစ္ဦးက်န္ရွိခဲ့ပါတယ္။

ဒီကေန႔ ဧၿပီလ ၂၇ ရက္မွာေတာ့ က်န္ရွိခဲ့တဲ့ ကိုေဇာ္ရွိန္းရဲ႕ ႐ုပ္အေလာင္း ကို မႏၲေလးၿမိဳ႕၊ ေအးရိပ္ၿငိမ္ သုႆာန္မွာ ပို႔ေဆာင္သၿဂိဳဟ္ခဲ့ပါတယ္။

စစ္အာဏာရွင္ဆန႔္က်င္မႈ ေႏြဦးေတာ္လွန္ေရးကာလအတြင္း စစ္ေကာင္စီရဲ႕ တပ္ေတြ ပစ္ခတ္မႈေၾကာင့္

ဒီကေန႔အထိ ျပည္သူေပါင္း ၇၅၃ ဦးက်ဆုံးခဲ့ရတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း

(AAPP)ရဲ႕ ေကာက္ခံရရွိထားတဲ့ မွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။

“အၾကမ္းဖက္ စစ္ေခြးအုပ္စုက ရပ္ကြက္ေတြထဲ ဝင္ပစ္လို႔တစ္ဦး က်ဆုံး”

ဧၿပီ ၂၆၊ မႏၲေလး

မႏၲေလးၿမိဳ႕ စိန္ပန္းရပ္ထဲမွာ စစ္ေခြးအုပ္စုအဖြဲ႕က ရပ္ကြက္ေတြထဲဝင္ေရာက္ ပစ္ခတ္လို႔

ထမင္းေၾကာ္ေရာင္းတဲ့ အမ်ိဳးသား တစ္ဦး ေသဆုံးသြားတယ္လို႔ ရပ္ကြက္ေနျပည္သူတစ္ဦးက ေျပာပါတယ္။

အမွတ္ ၂၄ ေက်ာင္းထဲမွာ တပ္စြဲထားတဲ့ စစ္ေခြးအုပ္စုက အခုည ၈ နာရီေက်ာ္မွာ

ရပ္ကြက္ထဲဝင္ေရာက္ အၾကမ္းဖက္ပစ္ခတ္တာလို႔ သိရပါတယ္။

အၾကမ္းဖက္ ပစ္ခတ္မႈေၾကာင့္ ကိုေဇာ္ရွိန္း(ခ)အီေကြး ဆိုသူ အသက္ ၄၀ ေက်ာ္အ႐ြယ္

အမ်ိဳးသားတစ္ဦး ေက်ာဘက္ကေန က်ည္ေပါက္ထြက္ေသဆုံးခဲ့တာပါ။

သူ႔မွာ ၇ တန္းေက်ာင္းသူ သမီးတစ္ေယာက္နဲ႔ ဇနီးသည္ က်န္ရစ္ခဲ့တယ္လို႔လည္း သိရပါတယ္။

unicode

ထမင်းကြော်ဆိုင်ပြန်ဖွင့်ဖို့ ထွက်ကြည့်ရင်း ကျည်ထိမှန်ကျဆုံးခဲ့ရတဲ့ ကိုဇော်ရှိန်းရဲ့ ဈာပန

(ရုပ်သံဖိုင်ကို အောက်တွင် ကြည့်ရှုပါရန်)

မနေ့ညပိုင်း ၇ နာရီ ၁၅ မိနစ်ဝန်းကျင်ခန့်မှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ကျဆုံးခဲ့ရတဲ့

ကိုဇော်ရှိန်းရဲ့ ဈာပနကို ဒီကနေ့(ဧပြီလ ၂၇ ရက်)မှာ ပြုလုပ်ခဲ့ပါတယ်။

မနေ့ညပိုင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေက မန္တလေးမြို့၊ စိန်ပန်းလမ်းမကြီး ၄၁ လမ်းနဲ့ လမ်း ၉၀ တစ်ဝိုက်မှာ ပစ်ခတ်ခဲ့တာကြောင့်

ကိုဇော်ရှိန်းရဲ့ နောက်ကျောကို ကျည်ဆံ ၃ ချက်ထိမှန်ပြီး အဲဒီနေရာမှာပဲ သေဆုံးခဲ့ရတာပါ။

“ပထမတစ်ခါ သူတို့က ကျောင်းဘက်ကနေပစ်ကြပါတယ်။

အဲဒီလိုပစ်ကြတော့ ကိုယ့်ထမင်းကြော်ဆိုင်လေးက လမ်းဘေးရောင်းတာဆိုတော့ သိမ်းလိုက်တာပေါ့။

အဲဒီအချိန်တုန်းက ၇ နာရီပဲရှိသေးတယ်။ ၇ နာရီ ၁၅ လောက်ကျတော့ လမ်းသွားလမ်းလာလဲ အကုန်ရှိတယ်။

အကုန်ပြန်ပြီးသွားလာနေကြပြီဆိုတော့ ဆိုင် ပြန်ဖွင့်လို့ရမလားလို့သွားကြည့်တာ။

အဲဒီလိုသွားကြည့်တုန်း နောက်ထပ် သုံးချက် ထပ်ပစ် လိုက်တယ်။ အဲဒီမှာသူ့ကို မှန်သွားတာပါပဲ။

ကျွန်မကလည်း သေနတ်သံကြားလို့ပြေးရင်လွှားရင်း လှည့်ကြည့်မိတော့ သူလဲသွားတာမြင်လိုက်ရတာပါပဲ။ “လို့

ကိုဇော်ရှိန်းရဲ့ဇနီးဖြစ်သူက ပြောပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ကိုဇော်ရှိန်းဟာ စိန်ပန်းရပ်ကွက်အတွင်းက နေလဆေးဆိုင်အနီးမှာ ထမင်းကြော်ဆိုင်ဖွင့်ရောင်းချနေသူဖြစ်သလို

လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက ရောင်းချတာဖြစ်တာကြောင့် ရပ်ကွက်အနီးတဝိုက်မှာ လူသိများလှပါတယ်။

ကိုဇော်ရှိန်းကျဆုံးချိန်မှာတော့ ဇနီးသည်နဲ့အတူ ၇ တန်းကျောင်းသူဖြစ်တဲ့ ၁၃ နှစ်အရွယ် သမီးတစ်ဦးကျန်ရှိခဲ့ပါတယ်။

ဒီကနေ့ ဧပြီလ ၂၇ ရက်မှာတော့ ကျန်ရှိခဲ့တဲ့ ကိုဇော်ရှိန်းရဲ့ ရုပ်အလောင်း ကို မန္တလေးမြို့၊ အေးရိပ်ငြိမ် သုဿာန်မှာ ပို့ဆောင်သဂြိုဟ်ခဲ့ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်မှု နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီရဲ့ တပ်တွေ ပစ်ခတ်မှုကြောင့်

ဒီကနေ့အထိ ပြည်သူပေါင်း ၇၅၃ ဦးကျဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

(AAPP)ရဲ့ ကောက်ခံရရှိထားတဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

“အကြမ်းဖက် စစ်ခွေးအုပ်စုက ရပ်ကွက်တွေထဲ ဝင်ပစ်လို့တစ်ဦး ကျဆုံး”

ဧပြီ ၂၆၊ မန္တလေး

မန္တလေးမြို့ စိန်ပန်းရပ်ထဲမှာ စစ်ခွေးအုပ်စုအဖွဲ့က ရပ်ကွက်တွေထဲဝင်ရောက် ပစ်ခတ်လို့

ထမင်းကြော်ရောင်းတဲ့ အမျိုးသား တစ်ဦး သေဆုံးသွားတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

အမှတ် ၂၄ ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ခွေးအုပ်စုက အခုည ၈ နာရီကျော်မှာ

ရပ်ကွက်ထဲဝင်ရောက် အကြမ်းဖက်ပစ်ခတ်တာလို့ သိရပါတယ်။

အကြမ်းဖက် ပစ်ခတ်မှုကြောင့် ကိုဇော်ရှိန်း(ခ)အီကွေး ဆိုသူ အသက် ၄၀ ကျော်အရွယ်

အမျိုးသားတစ်ဦး ကျောဘက်ကနေ ကျည်ပေါက်ထွက်သေဆုံးခဲ့တာပါ။

သူ့မှာ ၇ တန်းကျောင်းသူ သမီးတစ်ယောက်နဲ့ ဇနီးသည် ကျန်ရစ်ခဲ့တယ်လို့လည်း သိရပါတယ်။