News

CDMလုပ်နေတဲ့ ဆရာဝန်ကို မတွေ့လို့ အဖေနဲ့ ညီမကိုဖမ်း

CDMလုပ်နေတဲ့ ဆရာဝန်ကို မတွေ့လို့ အဖေနဲ့ ညီမကိုဖမ်

ရန်ကုန်၊ ဧပြီ ၂၆-၂၀၂၁

အေးချမ်းသူ(VOM)

ဒီနေ့ ဧပြီ ၂၆ ရက် ည ၈နာရီခွဲအချိန်က တောင်ဥက္ကလာပမြို့နယ် ၁၃ရပ်ကွက် ကောလိယ၂၁လမ်းနေ

CDMလုပ်နေတဲ့ ဒေါက်တာယုစန္ဒာမိုးကို လာဖမ်းတာမှာ သူ့ကို မတွေ့တဲ့အတွက် ဖခင်နဲ့

ညီမဖြစ်သူတို့ကို ဖမ်းဆီးသွားကြောင်း ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

“ရဲကားရော စစ်ကားရော ၆စီးလောက်ရှိတယ် CDMလုပ်နေတဲ့ ဆရာဝန်ကို လာဖမ်းတာ မတွေ့လို့

အဖေနဲ့ညီမဖြစ်သူကို ဖမ်းသွားတယ်”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက VOMကို ပြောပါတယ်။

အဲ့ဒီဆရာဝန်ဟာ အစိုးရဝန်ထမ်းမဟုတ်တဲ့အတွက် CDM လုပ်ထားတာမဟုတ်ဘူးလို့ ဆွေမျိုးတော်စပ်သူက

လူမှုကွန်ယက်မှာ ရေးထားတာကိုလည်း တွေ့ရပါတယ်။

မနေ့ ဧပြီ ၂၅ရက် ညနေ ၅နာရီခွဲကျော်က သင်္ဃန်းကျွန်း၊ သုမင်္ဂလာလမ်း မြန်မာ့စီးပွားရေးဘဏ်ရှ

ေ့ (၁၄/၁၅) လမ်းဆုံအနီးမှာ လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးတဲ့နောက် သဃ်န်းကျွန်းနဲ့

တောင်ဥက္ကလာမှာ စစ်တပ်က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာလည်း ရှိပါတယ်။

#voiceofmyanmar #vom #တောင်ဥက္ကလာ #ဒေါက်တာယုစန္ဒာမိုး

zawgyi


ရန်ကုန်၊ ဧပြီ ၂၆-၂၀၂၁

အေးချမ်းသူ(VOM)










