Celebrities

မြတ်စွာဘုရားရှင်ထံတွင် ဆွမ်းကပ်လှူဒါန်းပြီး ခုနှစ်ရက်သားသမီး ဘေးအန္တရယ်ကင်းဝေးအောင်ဆုတောင်းပေးနေတဲ့ ထူးခန့်ကျော်

























unicode

သရုပ်ဆောင် ထူးခန့်ကျော်ကတော့ ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်ရိုက်ကူးရာမှတစ်ဆင့်

ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။သူကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့သာမက

လေဖြတ်ဝေဒနာရောဂါခံစားနေရ သူတွေကို သက်သာပျောက်ကင်းအောင် ကုသပေးတဲ့ နေရာမှာလည်း နာမည်ကြီးနေတာပါ။

ဒါ့အပြင် ရရှိတဲ့ ချွေးနည်းစာများဖြင့် အလှူအတန်းတွေကို တတ်နိုင်သလောက် လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။

ထူးခန့်ကျော်ကတော့ ဘာသာရေးလည်း ကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီး အဓိဌာန်တွေလည်း မကြာခဏဝင်ရောက်လေ့ရှိသူပါ။

သူပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုမှန်သမျှကိုလည်း ခုနှစ်ရက်သားသမီးများရရှိအောင် ဆုတောင်းမေတ္တာပို့သနေတာ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ထူးခန့်ကျော်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် မြတ်စွာဘုရားရှင်အား

ဆွမ်းကပ်လှူဒါန်းနေတဲ့ ပုံရိပ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်။

” ဒီတစ်ပတ်တော့မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဆွမ်းဘုန်းပေးရာ၌ပိုမိုပြီးအဆင်ပြေဘုန်းပေးနိုင်ရန်

ဒံပေါက်ဆွမ်းဟင်းလျာ ဘောဇဉ်ချိုချဉ်အဖြာဖြာအရသာနှင့်ပြည့်စုံသော ဆွမ်းများအားဆက်ကပ်လိုက်ရချင်းကြောင့်

အင်မတန်ပီတိကုသိုလ်များဖြစ်ခဲ့ရလေသည် ယခုလိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားဆွမ်းဆက်ကပ်

လှူဒါန်းမှုသည်၃၁ဘုံကျင်လည်ကုန်သောလူ နတ် ဗြဟ္မာသတ္တဝါအားလုံးတို့၏ကောင်းမှုကံစေတနာသဒ္ဓါတရားပင်ဖြစ်ပေသည်

ဤကောင်းမှုကံစေတနာ သဒ္ဓါတရားတို့ကြောင့်🙏🙏🙏🙏🙏

ဗုဒ္ဓမြတ်စွာသာသနာရောင်ဝါနေသို့အနန္တစကြဝဋ္ဌာအနှံ့ပြန်ပါစေသော် ဓမ္မမြတ်စွာသာသနာရောင်ဝါနေသို့

အနန္တစကြဝဋ္ဌာအနှံ့ပြန့်ပါစေသော် သံဃာမြတ်စွာသာသနာရောင်ဝါနေသို့အနန္တစကြဝဋ္ဌာအနှံ့ပြန့်ပါစေသော်

🙏🙏🙏🙏🙏ဤကောင်းမှု့ကံစေတနာသဒ္ဓါတရားတို့ကြောင့်၇နှစ်ရက်သားသမီးများအားလုံး ဘေးရန်ကြောင့်

ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြစေပြီး ကောင်းကျိုးလိုအင်ဟူသမျှပြီ

းပြည့်စုံစွာရရှိကြ၍ ဘေးဆိုးရန်ဆိုးအန္တရာယ်ဆိုးတို့မှကင်းေ ဝးကြကာ

ကပ်ကြီးသုံးပါးတို့မှကင်းဝေးကြစေပြီး ဝဋ္ဋ်ကြွေးကြမ္မာဆိုးတို့မှလည်းကင်းဝေးကြ၍ လိုတိုင်းတရရှိကြပါစေ

ဤကောင်းမှုကံစေတနာသဒ္ဓါတရားတို့ကိုလည်း ၃၁ဘုံကျင်လည်ကြကုန်သောလူ နတ် ဗြဟ္မာသတ္တဝါအားလုံးတို့အား

အမျှကုသိုလ်ပေးဝေငှပါသည် အမျှရကြ၍ဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါစေကုန်သော်

🙏🙏🙏ကုသိုလ်အမျှ အမျှ အမျှယူတော်မူကြပါကုန်သော်🙏🙏🙏 ” ဆိုပြီး ရေးသားထားတာဖြစ်ပြီး

ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေး လိုက်ရပါတယ်နော်။

Source and Photo Crd-Htoo Khant Kyaw’s Facebook Account