International News

အိန္ဒိယနိုင်ငံ ကိုဗစ်ကူးစက်မှု အကြီးအကျယ် ရင်ဆိုင်နေရပြီလို့ ဝန်ကြီးချုပ် သတိပေး

အိန္ဒိယနိုင်ငံ ကိုဗစ်ကူးစက်မှု အကြီးအကျယ် ရင်ဆိုင်နေရပြီလို့ ဝန်ကြီးချုပ် သတိပေး

BW ဧပြီလ ၂၅ရက်၊၂၀၂၁။

COVID-19 ရိုက်ခတ်မှုဒဏ်ကို အိန္ဒိယက အကြီးအကျယ် ရင်ဆိုင်နေရပြီလို့

ဝန်ကြီးချုပ် Narendra Modi က ဒီကနေ့ ရေဒီယိုမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။

အခု အိန္ဒိယမှာ ကိုဗစ်မျိုးဗီဇကွဲ ရောဂါပိုးအသစ် ကူးစက်ပျံ့နှံ့နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာတင်

ကူးစက်သူ ၃ သိန်းခွဲနီးပါး ရှိတာပါ။ ကူးစက်သူ ဒီထက်လည်း ပိုများနိုင်တယ်လို့

ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက သတိပေးနေပါတယ်။

အမေရိကန်အနေနဲ့ အိန္ဒိယနဲ့ တခြားလိုအပ်တဲ့ နိုင်ငံတွေကို ကာကွယ်ဆေးတွေ ပေးပို့ကူညီဖို့လည်း

နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေး တိုက်တွန်းနေတာပါ။

အမေရိကန်က အိန္ဒိယကို နည်းပညာ အထောက်အကူနဲ့ တခြားအကူအညီတွေ ပေးအပ်သွားမယ်လို့

အမေရိကန် ထိပ်တန်း ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင် Dr. Anthony Fauci က သောကြာနေ့က ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်မှာလည်း မနေ့တုန်းကစလို့ စျေးတွေကို ပိတ်ထားလိုက်ပါတယ်။

ဧပြီလ ၁၅ ရက်နေ့ကစပြီး မြို့တော်မှာ အသွားအလာတွေ တားမြစ်ထားပေမယ့် စျေးတွေကို ဖွင့်ခွင့်ပေးထားခဲ့တာပါ။

စျေးတွေကနေ ရောဂါကူးစက်မှုတွေ တိုးလာတာကြောင့် အခု စျေးတွေကို မေလ ၇ ရက်နေ့အထိ

ပိတ်ထားဖို့ ပြည်နယ်အစိုးရက သောကြာနေ့က အမိန့်ထုတ်လိုက်ပါတယ်။

ကမ္ဘောဒီးယားမှာ အခုထိ COVID-19 ကူးစက်သူ ၉,၃၀၀ ကျော်ရှိပြီး

ကမ္ဘာမှာ ကူးစက်မှုနှုန်း အနည်းဆုံးနိုင်ငံတွေထဲ ပါဝင်ပါတယ်။

Johns Hopkins ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာ အချက်အလက်တွေအရ အခုထိ

တကမ္ဘာလုံး COVID-19 ကူးစက်သူ ၁၄၆ သန်းကျော်နဲ့ သေဆုံးသူ ၃ သန်းကျော် ရှိပါတယ်။

အမေရိကန်က ကူးစက်သူ ၃၂ သန်းကျော်နဲ့ အများဆုံးဖြစ်ပြီး အိန္ဒိယက

၁၇ သန်းကျော်နဲ့ ဘရာဇီးလ်မှာ ကူးစက်သူ ၁၄ သန်းကျော် ရှိပါတယ်။

#C-M

#bagowatchnews

zawgyi

အိႏၵိယႏိုင္ငံ ကိုဗစ္ကူးစက္မႈ အႀကီးအက်ယ္ ရင္ဆိုင္ေနရၿပီလို႔ ဝန္ႀကီးခ်ဳပ္ သတိေပး

BW ဧၿပီလ ၂၅ရက္၊၂၀၂၁။

COVID-19 ႐ိုက္ခတ္မႈဒဏ္ကို အိႏၵိယက အႀကီးအက်ယ္ ရင္ဆိုင္ေနရၿပီလို႔

ဝန္ႀကီးခ်ဳပ္ Narendra Modi က ဒီကေန႔ ေရဒီယိုမိန္႔ခြန္းမွာ ေျပာၾကားလိုက္ပါတယ္။

အခု အိႏၵိယမွာ ကိုဗစ္မ်ိဳးဗီဇကြဲ ေရာဂါပိုးအသစ္ ကူးစက္ပ်ံ႕ႏွံ႔ေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္းမွာတင္

ကူးစက္သူ ၃ သိန္းခြဲနီးပါး ရွိတာပါ။ ကူးစက္သူ ဒီထက္လည္း ပိုမ်ားႏိုင္တယ္လို႔

က်န္းမာေရးဆိုင္ရာ တာဝန္ရွိသူေတြက သတိေပးေနပါတယ္။

အေမရိကန္အေနနဲ႔ အိႏၵိယနဲ႔ တျခားလိုအပ္တဲ့ ႏိုင္ငံေတြကို ကာကြယ္ေဆးေတြ ေပးပို႔ကူညီဖို႔လည္း

ႏိုင္ငံတကာ အသိုင္းအဝိုင္းက ဖိအားေပး တိုက္တြန္းေနတာပါ။

အေမရိကန္က အိႏၵိယကို နည္းပညာ အေထာက္အကူနဲ႔ တျခားအကူအညီေတြ ေပးအပ္သြားမယ္လို႔

အေမရိကန္ ထိပ္တန္း ကူးစက္ေရာဂါ ကြၽမ္းက်င္ပညာရွင္ Dr. Anthony Fauci က ေသာၾကာေန႔က ေျပာပါတယ္။

ကေမာၻဒီးယားႏိုင္ငံ ၿမိဳ႕ေတာ္ ဖႏြမ္းပင္မွာလည္း မေန႔တုန္းကစလို႔ ေစ်းေတြကို ပိတ္ထားလိုက္ပါတယ္။

ဧၿပီလ ၁၅ ရက္ေန႔ကစၿပီး ၿမိဳ႕ေတာ္မွာ အသြားအလာေတြ တားျမစ္ထားေပမယ့္ ေစ်းေတြကို ဖြင့္ခြင့္ေပးထားခဲ့တာပါ။

ေစ်းေတြကေန ေရာဂါကူးစက္မႈေတြ တိုးလာတာေၾကာင့္ အခု ေစ်းေတြကို ေမလ ၇ ရက္ေန႔အထိ

ပိတ္ထားဖို႔ ျပည္နယ္အစိုးရက ေသာၾကာေန႔က အမိန္႔ထုတ္လိုက္ပါတယ္။

ကေမာၻဒီးယားမွာ အခုထိ COVID-19 ကူးစက္သူ ၉,၃၀၀ ေက်ာ္ရွိၿပီး

ကမာၻမွာ ကူးစက္မႈႏႈန္း အနည္းဆုံးႏိုင္ငံေတြထဲ ပါဝင္ပါတယ္။

Johns Hopkins ကို႐ိုနာဗိုင္းရပ္စ္ သုေတသနစင္တာ အခ်က္အလက္ေတြအရ အခုထိ

တကမာၻလုံး COVID-19 ကူးစက္သူ ၁၄၆ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၃ သန္းေက်ာ္ ရွိပါတယ္။

အေမရိကန္က ကူးစက္သူ ၃၂ သန္းေက်ာ္နဲ႔ အမ်ားဆုံးျဖစ္ၿပီး အိႏၵိယက

၁၇ သန္းေက်ာ္နဲ႔ ဘရာဇီးလ္မွာ ကူးစက္သူ ၁၄ သန္းေက်ာ္ ရွိပါတယ္။

#C-M

#bagowatchnews