News

ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းပြီး

မန္တလေးတိုင်း အမျိုးသားကာကွယ်ရေးတပ် ဖွဲ့စည်းလိုက်ပြီ

အကြမ်းဖက်စစ်အုပ်စုရဲ့ ဘေးရန်ကနေ ပြည်သူတွေကို ကာကွယ်ဖို့ မန္တလေးတိုင်း အမျိုးသားကာကွယ်ရေးတပ်ဖွဲ့

ဖွဲ့စည်းလိုက်ပြီလို့ ဧပြီ ၂၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အလိုက် GZ လူငယ်တွေ၊ ကျောင်းသားတွေ၊ ဝန်ထမ်းတွေ၊ အသိပညာရှင်

အတတ်ပညာရှင်တွေ၊ မြို့မိမြို့ဖနဲ့ ပြည်သူတွေပူးပေါင်းဖွဲ့စည်းတာလို့ ဆိုပါတယ်။

မန္တလေးခရိုင် ၇ မြို့နယ်ကို ကိုယ်စားပြုထားတဲ့ ဒီတပ်ဖွဲ့မှာ အထူးတိုက်ခိုက်ရေးသမား

၁၀၀ နဲ့ တပ်သား ၉၀၀ ပါဝင်ပြီး စတင်ဖွဲ့စည်းတာလို့ သိရပါတယ်။

အမျိုးသားကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ နိုင်ငံတော်အာဏာကို ရွေးကောက်ခံပြည်သူ့အစိုးရထံ ပြန်အပ်နှံနိုင်ရေး၊

မတရားဖမ်းဆီးခံခေါင်းဆောင်တွေနဲ့ ကျောင်းသား ပြည်သူတွေလွတ်မြောက်ရေး၊

ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို တိုင်းရင်းသားတွေနဲ့အတူတွန်းလှန်ရေး၊

အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီး နှိပ်စစ်သတ်ဖြတ်ခြင်းမှ ပြည်သူတွေကင်းဝေးစေရေး စတာတွေအတွက် ရည်ရွယ်တယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ CDM သမားတွေ၊ သပိတ်ခေါင်းဆောင်တွေကို ကာကွယ်ပေးသွားမှာဖြစ်ပြီး

အရေးတော်ပုံအတွက် တိုက်ခိုက်ဖို့အချိန်ကျရင် ပါဝင်တိုက်ခိုက်သွားမယ်လို့လည်း သိရပါတယ်။

ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် People Defense Force ကို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်ကနေ ဖွဲ့စည်းသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဉီးရည်မွန် ပြောကြားထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့လူငယ်တွေ၊ စစ်အာဏာရှင်ကို လက်မခံဘဲ

ဖက်ဒရယ်ဒီမိုကရေစီအတွက် လိုအပ်တဲ့ စွန့်လွှတ်မှုကို ပြုဖို့ အသင့်ဖြစ်နေတဲ့သူတွေ ပါဝင်မယ်လို့ ဆိုပါတယ်။

ZAWGYI

မႏၲေလးတိုင္း အမ်ိဳးသားကာကြယ္ေရးတပ္ ဖြဲ႕စည္းလိုက္ၿပီ

အၾကမ္းဖက္စစ္အုပ္စုရဲ႕ ေဘးရန္ကေန ျပည္သူေတြကို ကာကြယ္ဖို႔ မႏၲေလးတိုင္း အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕

ဖြဲ႕စည္းလိုက္ၿပီလို႔ ဧၿပီ ၂၅ ရက္ေန႔စြဲနဲ႔ ထုတ္ျပန္ေၾကညာပါတယ္။

မႏၲေလးတိုင္းအတြင္းရွိ ၿမိဳ႕နယ္အလိုက္ GZ လူငယ္ေတြ၊ ေက်ာင္းသားေတြ၊ ဝန္ထမ္းေတြ၊ အသိပညာရွင္

အတတ္ပညာရွင္ေတြ၊ ၿမိဳ႕မိၿမိဳ႕ဖနဲ႔ ျပည္သူေတြပူးေပါင္းဖြဲ႕စည္းတာလို႔ ဆိုပါတယ္။

မႏၲေလးခ႐ိုင္ ၇ ၿမိဳ႕နယ္ကို ကိုယ္စားျပဳထားတဲ့ ဒီတပ္ဖြဲ႕မွာ အထူးတိုက္ခိုက္ေရးသမား

၁၀၀ နဲ႔ တပ္သား ၉၀၀ ပါဝင္ၿပီး စတင္ဖြဲ႕စည္းတာလို႔ သိရပါတယ္။

အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕အေနနဲ႔ ႏိုင္ငံေတာ္အာဏာကို ေ႐ြးေကာက္ခံျပည္သူ႔အစိုးရထံ ျပန္အပ္ႏွံႏိုင္ေရး၊

မတရားဖမ္းဆီးခံေခါင္းေဆာင္ေတြနဲ႔ ေက်ာင္းသား ျပည္သူေတြလြတ္ေျမာက္ေရး၊

ျပည္သူေတြကို ရက္ရက္စက္စက္ သတ္ျဖတ္ေနတဲ့ အၾကမ္းဖက္စစ္ေကာင္စီကို တိုင္းရင္းသားေတြနဲ႔အတူတြန္းလွန္ေရး၊

အၾကမ္းဖက္စစ္အုပ္စုရဲ႕ ဖမ္းဆီး ႏွိပ္စစ္သတ္ျဖတ္ျခင္းမွ ျပည္သူေတြကင္းေဝးေစေရး စတာေတြအတြက္ ရည္႐ြယ္တယ္လို႔ဆိုပါတယ္။

လက္ရွိမွာေတာ့ CDM သမားေတြ၊ သပိတ္ေခါင္းေဆာင္ေတြကို ကာကြယ္ေပးသြားမွာျဖစ္ၿပီး

အေရးေတာ္ပုံအတြက္ တိုက္ခိုက္ဖို႔အခ်ိန္က်ရင္ ပါဝင္တိုက္ခိုက္သြားမယ္လို႔လည္း သိရပါတယ္။

ဖက္ဒရယ္တပ္မေတာ္ရဲ႕ ေရွ႕ေျပးအေနနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ People Defense Force ကို

အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ေအာက္ကေန ဖြဲ႕စည္းသြားမယ္လို႔ ျပည္ေထာင္စုဝန္ႀကီး ဉီးရည္မြန္ ေျပာၾကားထားပါတယ္။

ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္မွာ တိုင္းခ်စ္ျပည္ခ်စ္စိတ္ရွိတဲ့လူငယ္ေတြ၊ စစ္အာဏာရွင္ကို လက္မခံဘဲ

ဖက္ဒရယ္ဒီမိုကေရစီအတြက္ လိုအပ္တဲ့ စြန႔္လႊတ္မႈကို ျပဳဖို႔ အသင့္ျဖစ္ေနတဲ့သူေတြ ပါဝင္မယ္လို႔ ဆိုပါတယ္။

DVB