News



ဧပြီ ၊ ၂၅ရက်











MyanmarLabourNews

unicode

ကျောက်မြောင်းမှာ အသက်မပြည့်သေးတဲ့ ကိုးတန်းကျောင်းသားလူငယ်သုံးဦးကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွား

ဧပြီ ၊ ၂၅ရက်

ဒီကနေ့မနက်ပိုင်းက ရန်ကုန်ကျောက်မြောင်း က ကျားကွက်သစ် ထိပ်မှာ စစ်ကောင်စီတပ်တွေဝင်ရောက်ဖမ်းဆီးလို့

ကိုးတန်းကျောင်းသား လူငယ်သုံးဦးဖမ်းဆီးခံလိုက်ရတယ်လို့ မျက်မြင်ရက်ကွက်နေပြည်သူတွေကဆိုပါတယ်။

“ပထမပါသွားတဲ့ကလေးသုံးယောက်က ကျားကွက်သစ်ထိပ်အိမ်အမှတ် ၁ က နောက်ထပ်ကလေးတွေ က

no.5 တိုက်ကို လက်လှမ်းပြတာ မြင်ပီး ဒလန်က တိုင်လိုက်လို့ အဲ့တိုက်ကို တက်စစ်တာ အောင်မင်္ဂလာအောက်ဘက်က

ကလေးတွေကို ခုProbox အဖြူ 3L-6095 နဲ့ဝင်လာပြီး ဖမ်းတာ ကောင်မလေး တယောက် ထပ်ပါသွားပါပြီ

စောက်ခွေးတွေ ကောင်မလေး ကို ရိုက်နှက်နှိပ်စက်ပြီးခေါ်သွားတာပါ” လို့ ရပ်ကွက်နေပြည်သူတဦးကပြောပါတယ်။

ဒီကနေ့မနက်ပိုင်းထဲက တာမွေ ကျောက်မြောင်း ထဲမှာစစ်ကောင်စီတပ်တွေကရှာဖွေဖမ်းဆီးတာတွေလုပ်နေပြီး

အခုလက်ရှိအချိန်အထိတော့ ဖမ်းဆီးခံရသူ လေး ဦးခန့်သာ အတည်ပြုနိုင်ပါသေးတယ်။

ရန်ကုန်တိုင်းထဲက တာမွေကျောက်မြောင်းအစရှိတဲ့ မြို့နယ်တွေမှာ

စစ်အာဏာဆန့်ကျင်ရေးသပိတ်တွေ နေ့စဉ်နဲ့အမျှလူငယ်တွေကပြုလုပ်နေဆဲပါ။

MyanmarLabourNews