News

အိမ်နီးချင်းအာဆီယံ နိုင်ငံများကို Dr. Sasa သတိပေး

အိမ်နီးချင်းအာဆီယံ နိုင်ငံများကို Dr. Sasa သတိပေး

BW ဧပြီလ ၂၅ရက်၊၂၀၂၁။













#bagowatchnews

unicode

အိမ်နီးချင်းအာဆီယံ နိူင်ငံများကို Dr. Sasa သတိပေး

BW ဧပြီလ ၂၅ရက်၊၂၀၂၁။

ရွေးကောက်ပွဲလုပ်ဖို့ပြောနေတာ ပြည်တွင်းရေးစွက်ဖက်နေတာပဲ

ပြည်တွင်းအရေးမှာပါဝင်လာရင်တော့ စစ်အုပ်စု တစ်စုစာအတွက်မရပ်တည်ပါနဲ့ …

( ၅၄ )သန်းသော မြန်မာပြည်သူ လူထုဘက်က ရပ်တည်ပါ။

မြန်မာနိုင်ငံအနေနဲ့ နောက်ထပ်ရွေးကောက်ပွဲတစ်ခု မလိုဘူးလို့

စထရိတ်တိုင်းမ်သတင်းစာကို ဒေါက်တာဆာဆာက ဒီကနေ့ပြောလိုက်ပါတယ်။

ကျနော်တို့မှာ ရွေးကောက်ပွဲကျင်းပပြီးသား။ ဘာလို့နောက်ထပ်ရွေးကောက်ပွဲထပ်လုပ်ရမှာလဲ။

ကျနော်တို့ ပါးစပ်ပိတ်နေမှာမဟုတ်ဘူး။ နောက်တစ်ခါလည်း အလိမ်ခံမှာမဟုတ်ဘူး။

ရွေးကောက်ပွဲတွေကို နောက်စရာ ပြောင်စရာလို သဘောမထားသင့်ပါဘူးလို့ ဒေါက်တာဆာဆာက ဆိုပါတယ်။

အာဆီယံနိုင်ငံတွေအနေနဲ့ အကြမ်းဖက် စစ်အုပ်စု လုပ်ပေးမယ်ပြော

တဲ့ ရွေးကောက်ပွဲကိုဖြစ်အောင် တွန်းအားပေးနေရင်တော့ သမိုင်းကပဲ ဆုံးဖြတ်ပေးသွားလိမ့်မယ်။

ကျွန်တော်တို့ကလဲ မရရတဲ့နည်းနှင့် တော်လှန်နေမှာပါ။ ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်သလို

အရူံးပေးမှာမဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်ဟု သိရသည်။

#bagowatchnews