News

မင္းေအာင္လႈိင္ကို ဖမ္းဆီးေပးရန္ အင္တာပိုရဲတပ္ဖြဲ႕ ထံ NUG ေတာင္းဆို

အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) ႏွင့္

ႏိုင္ငံတကာရာဇဝတ္႐ုံး (ICC)တရား႐ုံးမ်ားသို႔ တရားစြဲတင္ပို႔ႏိုင္ေရးအတြက္ ဖမ္းဆီးေပးရန္

အျပည္ျပည္ဆိုင္ရာ မႈခင္းရဲတပ္ဖြဲ႕ (INTERPOL) အေထြေထြ အတြင္းေရးမႉးထံသို႔

အမ်ိဳးသား ညီၫြတ္ေရးအစိုးရ (NUG)က ဧၿပီ ၂၂ ရက္တြင္ အေၾကာင္းၾကားစာ ေပးပို႔ထားသည္။

ဧၿပီလ ၂၄ ရက္တြင္ အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕တြင္ က်င္းပမည့္ အာဆီယံအစည္းအေဝး လာေရာက္ခ်ိန္တြင္ ဖမ္းဆီးႏိုင္ေရးအတြက္

အင္ဒိုနီးရွား ရဲတပ္ဖြဲႏွင့္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ရန္ NUG မွ ျပည္ထဲေရးႏွင့္ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာန၊

ျပည္ေထာင္စုဝန္ႀကီး ဦးလြင္ကိုလတ္က အေၾကာင္းၾကားထားျခင္း ျဖစ္သည္။

၎သည္ ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရး မစ္ရွင္၏ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ ၁၂ ရက္တြင္ ထုတ္ျပန္ခဲ့သည့္ အစီရင္ခံစာတြင္

ရခိုင္ျပည္နယ္ႏွင့္ ႐ိုဟင္ဂ်ာအေရးႏွင့္ ဆက္စပ္သည့္ ျဖစ္ရပ္မ်ားတြင္ အျပည္ျပည္ဆိုင္ရာဥပေဒအရ ရာဇဝတ္မႈက်ဴးလြန္သူတစ္ဦးအျဖစ္ စြပ္စြဲခံထားရေၾကာင္း၊

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္တြင္ မင္းေအာင္လႈိင္သည္ ႏိုင္ငံေတာ္အာဏာကို သိမ္းယူခဲ့ၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသည့္ ျပည္သူမ်ားႏွင့္

အၾကမ္းမဖက္ အာဏာဖီဆန္ေရးလႈပ္ရွားမႈ(CDM)တြင္ ပါဝင္သည့္ သန္းေပါင္းမ်ားစြာေသာ ျပည္သူမ်ားအေပၚ အၾကမ္းဖက္ၿဖိဳခြင္းလ်က္ရွိေၾကာင္း၊

ဧၿပီလ ၂၁ ရက္အထိ ျပည္သူ ၇၃၉ ဦး သတ္ျဖတ္ခံခဲ့ရၿပီး၊ CDM လႈပ္ရွားသူမ်ား အပါအဝင္ လူေပါင္း ၃၃၃၁ ဖမ္းဆီးခံထားရေၾကာင္း

စသည့္ အခ်က္အလက္မ်ား အေၾကာင္းၾကားစာတြင္ ပါရွိပါသည္။

“မင္းေအာင္လႈိင္သည္ ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားခဲ့သည္ လူမ်ိဳးတုန္းသတ္ျဖတ္မႈႏွင့္ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္သည့္

ရာဇဝတ္မႈမ်ားအတြက္ တာဝန္ရွိသူျဖစ္ၿပီး ရာဇဝတ္ေကာင္၊ အၾကမ္းဖက္သမား တစ္ဦးျဖစ္ေၾကာင္း၊

၎က်ဴးလြန္ထားေသာအမႈမ်ားအတြက္ ICJ ႏွင့္ ICC တရား႐ုံး ႏွစ္ခုစလုံးတြင္ စစ္ေဆးရမည္ျဖစ္ေၾကာင္း” ပါရွိသည္။

ထို႔ျပင္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေနာက္ထပ္က်ဴးလြန္ထားသည့္ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္သည့္

ရာဇဝတ္မႈမ်ားအတြက္လည္း တရားစြဲဆိုရမည္ျဖစ္ေၾကာင္း၊

သို႔ျဖစ္၍ အင္တာပိုရဲတပ္ဖြဲ႕ အေနျဖင့္ မင္းေအာင္လႈိင္ကို အလိုရွိေသာ တရားခံေျပးအျဖစ္ သတ္မွတ္၍

ကမာၻ႔ႏိုင္ငံအသီးသီးရွိ ရဲတပ္ဖြဲမ်ားသို႔ အျမင့္ဆုံးအဆင့္ သတိေပးခ်က္ထုတ္ျပန္ေပးရန္ ေတာင္းဆိုေၾကာင္းႏွင့္

၎ကို တရားဥပေဒေရွ႕ေမွာက္သို႔ ပို႔ေဆာင္ရမည္ျဖစ္ေၾကာင္း အေၾကာင္းၾကားစာတြင္ ထည့္သြင္းေရးသားထားသည္။

စစ္ေကာင္စီဘက္ကလည္း ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) ဦးေဆာင္သူမ်ားကို ဖမ္းဆီးရမိေရး

အင္တာပို သို႔ အေၾကာင္းၾကားထားေၾကာင္း ျမန္မာ့အလင္း၊ ေၾကးမုံသတင္းစာမ်ားတြင္ ယေန႔ (မတ္ ၂၃ ရက္) ထည့္သြင္းေၾကညာထားသည္။

unicode

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နှင့်

နိုင်ငံတကာရာဇဝတ်ရုံး (ICC)တရားရုံးများသို့ တရားစွဲတင်ပို့နိုင်ရေးအတွက် ဖမ်းဆီးပေးရန်

အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေ အတွင်းရေးမှူးထံသို့

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က ဧပြီ ၂၂ ရက်တွင် အကြောင်းကြားစာ ပေးပို့ထားသည်။

ဧပြီလ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပမည့် အာဆီယံအစည်းအဝေး လာရောက်ချိန်တွင် ဖမ်းဆီးနိုင်ရေးအတွက်

အင်ဒိုနီးရှား ရဲတပ်ဖွဲနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် NUG မှ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊

ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အကြောင်းကြားထားခြင်း ဖြစ်သည်။

၎င်းသည် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင်၏ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်

ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာအရေးနှင့် ဆက်စပ်သည့် ဖြစ်ရပ်များတွင် အပြည်ပြည်ဆိုင်ရာဥပဒေအရ ရာဇဝတ်မှုကျူးလွန်သူတစ်ဦးအဖြစ် စွပ်စွဲခံထားရကြောင်း၊

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မင်းအောင်လှိုင်သည် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများနှင့်

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သည့် သန်းပေါင်းများစွာသော ပြည်သူများအပေါ် အကြမ်းဖက်ဖြိုခွင်းလျက်ရှိကြောင်း၊

ဧပြီလ ၂၁ ရက်အထိ ပြည်သူ ၇၃၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ CDM လှုပ်ရှားသူများ အပါအဝင် လူပေါင်း ၃၃၃၁ ဖမ်းဆီးခံထားရကြောင်း

စသည့် အချက်အလက်များ အကြောင်းကြားစာတွင် ပါရှိပါသည်။

“မင်းအောင်လှိုင်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်

ရာဇဝတ်မှုများအတွက် တာဝန်ရှိသူဖြစ်ပြီး ရာဇဝတ်ကောင်၊ အကြမ်းဖက်သမား တစ်ဦးဖြစ်ကြောင်း၊

၎င်းကျူးလွန်ထားသောအမှုများအတွက် ICJ နှင့် ICC တရားရုံး နှစ်ခုစလုံးတွင် စစ်ဆေးရမည်ဖြစ်ကြောင်း” ပါရှိသည်။

ထို့ပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နောက်ထပ်ကျူးလွန်ထားသည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်

ရာဇဝတ်မှုများအတွက်လည်း တရားစွဲဆိုရမည်ဖြစ်ကြောင်း၊

သို့ဖြစ်၍ အင်တာပိုရဲတပ်ဖွဲ့ အနေဖြင့် မင်းအောင်လှိုင်ကို အလိုရှိသော တရားခံပြေးအဖြစ် သတ်မှတ်၍

ကမ္ဘာ့နိုင်ငံအသီးသီးရှိ ရဲတပ်ဖွဲများသို့ အမြင့်ဆုံးအဆင့် သတိပေးချက်ထုတ်ပြန်ပေးရန် တောင်းဆိုကြောင်းနှင့်

၎င်းကို တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း အကြောင်းကြားစာတွင် ထည့်သွင်းရေးသားထားသည်။

စစ်ကောင်စီဘက်ကလည်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဦးဆောင်သူများကို ဖမ်းဆီးရမိရေး

အင်တာပို သို့ အကြောင်းကြားထားကြောင်း မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများတွင် ယနေ့ (မတ် ၂၃ ရက်) ထည့်သွင်းကြေညာထားသည်။