News

အျပင္ကေန နာမည္ေတြကိုေအာ္ေခၚၿပီး လာေရာက္အားေပးႏွစ္သိမ့္ၾကတဲ့ မိဘေတြကို ျပန္ႏႈတ္ဆက္ေနတဲ့ လူငယ္ေလးေတြ (႐ုပ္သံ)

(႐ုပ္သံဖိုင္ကို ေအာက္တြင္ၾကည့္ရႈပါရန္)

လူငယ္ေတြကေတာ့ သူတို႔ရဲ႕အသက္ကိုေတာင္ ပဓာနမထားဘဲ အႏၲရာယ္ေတြၾကားကေန

ရဲရဲဝံ့ဝံ့ ေရွ႕ထြက္ၿပီး ဆႏၵေဖာ္ထုတ္ေပးခဲ့ၾကတာ ျဖစ္ပါတယ္။

ျပည္သူေတြကို ကာကြယ္ဖို႔ဆိုရင္လည္း အၿမဲအသင့္ရွိေနၾကတဲ့ လူငယ္ေတြက ငယ္႐ြယ္ေပမယ့္

ရဲစြမ္းသတၱိရွိေၾကာင္း ျပသခဲ့ၾကတာလည္း ျဖစ္ပါတယ္။

ဒါေပမဲ့လည္း လူထုလႈပ္ရွားမႈျပဳလုပ္ေနတဲ့ ကာလအတြင္းမွာ ဖမ္းဆီးထိန္းသိမ္းခံလိုက္ရတဲ့ လူငယ္ေတြ

အမ်ားအျပားရွိလာခဲ့ၿပီပဲ ျဖစ္ပါတယ္။

အခုလည္း ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ လူငယ္ေတြရဲ႕႐ုံးခ်ိန္းကို သြားေရာက္ခဲ့တဲ့ ျပည္သူတစ္ဦးက

ဓာတ္ပုံအခ်ိဳ႕နဲ႔ ဗီဒီယိုဖိုင္တစ္ခုကို မွ်ေဝခဲ့တာ ျဖစ္ပါတယ္။

ဒီဗီဒီယိုကေတာ့ ဖမ္းဆီးခံထားရတဲ့ လူငယ္ေတြနဲ႔ သူတို႔ရဲ႕မိဘေဆြမ်ိဳးေတြ

အျပန္အလွန္ႏႈတ္ဆက္ေနၾကတဲ့ ျမင္ကြင္းကို မွတ္တမ္းတင္ထားတာ ျဖစ္ပါတယ္ ။

ဗီဒီယိုထဲမွာဆိုရင္ သူတို႔ရဲ႕ကေလးေတြအတြက္ စိတ္ပူေနၾကတဲ့ မိဘေတြက

ၿခံစည္း႐ိုးအျပင္ဘက္ကေန ကေလးေတြရဲ႕နာမည္ကိုေအာ္ေခၚၿပီး ႏႈတ္ဆက္ေနၾကတာ ျဖစ္ပါတယ္ ။

အထဲမွာေရာက္ေနတဲ့ လူငယ္ေလးေတြကလည္း သူတို႔ရဲ႕မိဘ၊ေဆြမ်ိဳး၊သူငယ္ခ်င္းေတြကို

ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ပဲ ျပန္ၿပီးလက္ျပႏႈတ္ဆက္ခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီဗီဒီယိုကို ျမင္ေတြ႕လိုက္ရတဲ့ ျပည္သူေတြကေတာ့ ခြဲခြာေနရတဲ့ မိဘနဲ႔သားသမီးေတြရဲ႕အျဖစ္ကိုၾကည့္ၿပီး

စိတ္မေကာင္းျဖစ္ေနၾကတာလည္း ျဖစ္ပါတယ္။

လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ၾကည့္ရႈသူမ်ားျပားေနတဲ့ ဗီဒီယိုကို ေအာက္မွာေဖာ္ျပေပးလိုက္ရပါတယ္။

unicode

လူငယ်တွေကတော့ သူတို့ရဲ့အသက်ကိုတောင် ပဓာနမထားဘဲ အန္တရာယ်တွေကြားကနေ

ရဲရဲဝံ့ဝံ့ ရှေ့ထွက်ပြီး ဆန္ဒဖော်ထုတ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်သူတွေကို ကာကွယ်ဖို့ဆိုရင်လည်း အမြဲအသင့်ရှိနေကြတဲ့ လူငယ်တွေက ငယ်ရွယ်ပေမယ့်

ရဲစွမ်းသတ္တိရှိကြောင်း ပြသခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ကာလအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ လူငယ်တွေ

အများအပြားရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။

အခုလည်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူငယ်တွေရဲ့ရုံးချိန်းကို သွားရောက်ခဲ့တဲ့ ပြည်သူတစ်ဦးက

ဓာတ်ပုံအချို့နဲ့ ဗီဒီယိုဖိုင်တစ်ခုကို မျှဝေခဲ့တာ ဖြစ်ပါတယ်။

ဒီဗီဒီယိုကတော့ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေနဲ့ သူတို့ရဲ့မိဘဆွေမျိုးတွေ

အပြန်အလှန်နှုတ်ဆက်နေကြတဲ့ မြင်ကွင်းကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ် ။

ဗီဒီယိုထဲမှာဆိုရင် သူတို့ရဲ့ကလေးတွေအတွက် စိတ်ပူနေကြတဲ့ မိဘတွေက

ခြံစည်းရိုးအပြင်ဘက်ကနေ ကလေးတွေရဲ့နာမည်ကိုအော်ခေါ်ပြီး နှုတ်ဆက်နေကြတာ ဖြစ်ပါတယ် ။

အထဲမှာရောက်နေတဲ့ လူငယ်လေးတွေကလည်း သူတို့ရဲ့မိဘ၊ဆွေမျိုး၊သူငယ်ချင်းတွေကို

ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ ပြန်ပြီးလက်ပြနှုတ်ဆက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဗီဒီယိုကို မြင်တွေ့လိုက်ရတဲ့ ပြည်သူတွေကတော့ ခွဲခွာနေရတဲ့ မိဘနဲ့သားသမီးတွေရဲ့အဖြစ်ကိုကြည့်ပြီး

စိတ်မကောင်းဖြစ်နေကြတာလည်း ဖြစ်ပါတယ်။

လူမှုကွန်ယက်စာမျက်နှာထက်မှာ ကြည့်ရှုသူများပြားနေတဲ့ ဗီဒီယိုကို အောက်မှာဖော်ပြပေးလိုက်ရပါတယ်။