Celebrities
ကိုယ့်ကားကိုမီးပြန်ရှို့တဲ့ဒလန်လို့စွပ်စွဲနေသူတွေကိုဝဋ်ကြွေးရှိရင် ဒီဘဝနဲ့သာ ကြေပါစေဆိုတဲ့ ယုန်လေး
unicode
ဝဋ်ကြွေးရှိရင် ဒီဘဝနဲ့သာ ကြေပါစေဆိုတဲ့ ယုန်လေး
အဆိုတော် ယုန်လေးက သူ့စွပ်စွဲပြောဆိုခံရတာတွေနဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းခဲ့သလို
ဝဋ်ကြွေးရှိရင် ဒီဘဝနဲ့သာ ကြေပါစေလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်က လမ်းဘေးမှာ ရပ်ထားတဲ့ အဆိုတော် ယုန်လေးရဲ့ကားဟာ ရုတ်တရက်မီးထလောင်ခဲ့တာဖြစ်ပြီး
အဆိုပါ မီးလောင်မှုဖြစ်အောင် ယုန်လေးကိုယ်တိုင်က လုပ်ခဲ့တာဖြစ်တယ်ဆိုတဲ့ စကားသံများထွက်ပေါ်ခဲ့တာပါ။
“အာမခံ မထားထားတဲ့အမှားက အဆိုးထဲကအကောင်းဖြစ်လာတယ်။ ဆုံးရူံးတာ ကျွန်တော်ပါ။
ကိုယ့်ကားကို ကိုယ်တိုင်ရှို့တယ် လို့ထပ်စွပ်စွဲတယ် ။ သိန်း ၂၀၀ နဲ့ပေါင်ထားတယ်လို့ ထပ်ပြောတယ်။
လူတွေ အကုသိုလ်နဲ့ စိတ်ဓာတ်တွေ အခြေနေတွေတော်တော်ဆိုးသွားပြီ။ ကျွန်တော် OG-2 က
ရတဲ့ ရုံဝင်ကြေးနဲ့ ဝယ်ထားတဲ့ ကား။ ဘဝပြန်စတဲ့အချိန် ပြန်ဝယ်နိုင်တဲ့ ကား။
ကျွန်တော် တန်ဖိုးထားတဲ့ ကားဘယ်လောက် ပေးပေးမရောင်းဘူး။ကျွန်တော် ပြန်ရိူ့ပါ့ မလား။ သိန်း ၂၀၀ နဲ့ ပေါင်ပြီး
အပေါင်ဆုံးချင်တယ်လို့ပြောရအောင်လည်း သိန်း ၂၀၀ မက တန်ပါတယ်။
မီးရို့စရာရောလိုလိုလား။ ကျွန်တော် အနုပညာ သမားပါ။ ကျွန်တော့်ကို Show ဌားလို့ဆိုတယ်။ ပြီးတော့
ကိုယ့်လူတွေကို ကူကယ်တဲ့ကိစ္စတွေလုပ်နေလို့ ဆိုပါတယ်။ဒါပါပဲ…ဝဠ်ကြွေး များရှိခဲ့ရင် ဒီ ဘဝ ဒီမှာတင်ကြေပါစေ”” လို့ ပြန်လည်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။
အဆိုတော် ယုန်လေးဟာ စစ်တပ်သင်္ကြန်မှာ သွားရောက်သီချင်းဆိုခဲ့ပြီး သူ့က တပ်သတင်းပေး(ဒလန်) လို့ ပြောဆိုခံခဲ့ရတာဖြစ်ပါတယ်။