News

ျပည္သူမ်ား စားဝတ္ေနေရးအဆင္ေျပေစဖို႔ ပိုရင္လႉ လိုရင္ယူဆိုတဲ့ အစီအစဥ္ေလးကို ျပဳလုပ္ခဲ့ၾကတဲ့ မႏၲေလးၿမိဳ႕

ခုဆိုရင္ (၂) လေက်ာ္ၾကာျမင့္ေနၿပီျဖစ္တဲ့ ဒီလူထုလႈပ္ရွားမႈႀကီးေၾကာင့္ ျမန္မာႏိုင္ငံအႏွံအျပားရွိ ျပည္သူေတြဟာ

.အခက္အခဲေတြ မ်ိဳးစုံႀကဳံေတြ႕ေနရသလို စိုးရိမ္ပူပန္မႈေတြမ်ားစြာနဲ႔ ေန႔စဥ္တိုင္း ေနထိုင္ေနၾကရတာပါ။

ဒီလို အေျခအေနေတြမွာ အားလုံးက တစ္ေယာက္အခက္အခဲကို တစ္ေယာက္ကူညီေဖးမရင္း

အေကာင္းဆုံး ေက်ာ္ျဖတ္ေနၾကတာလည္းျဖစ္ပါတယ္။

ခုလို ကာလေတြမွာ လက္လုပ္လက္စားျပည္သူေတြကလည္း လုပ္ငန္းတာဝန္ေတြကိုမထမ္းေဆာင္ႏိုင္တာေၾကာင့္

စားဝတ္ေနေရး အခက္အခဲေတြကို ႀကဳံေတြ႕ေနရသလို အပစ္အခတ္ေတြနဲ႔ရင္ဆိုင္ေနရတဲ့ ေနရာေတြမွာဆိုရင္လည္း

ျပည္သူေတြဟာ မိမိတို႔ အိုးအိမ္ေတြကိုစြန႔္ခြာထြက္ေျပးတိမ္းေရွာင္ေနရတာေတြကိုလည္း စိတ္မခ်မ္းေျမ့စြာေတြ႕ျမင့္ရပါတယ္။

ဒါ့ေၾကာင့္လည္း ခုဆိုရင္ ျပည္သူအခ်င္းခ်င္းဝိုင္းဝန္းကူညီေထာက္ပံ့ေပးမႈေတြျပဳလုပ္ေပးလာၾကတာကို

ေလးစားစြာေတြ႕ျမင္ရပါတယ္။အခု မႏၲေလးမွာ ဆိုရင္လည္း ျပည္သူမ်ား စားဝတ္ေနေရး အဆင္ေျပေစရန္

ရည္႐ြယ္ၿပီး ပိုရင္လႉ လိုရင္ယူဆိုတဲ့ အစီအစဥ္ေလးကို လမ္းမတန္း တစ္ေနရာမွာ ျပဳလုပ္ေပးထားတာကိုေတြ႕ျမင္ရပါတယ္။

လိုတဲ့သူေတြကလည္း လာေရာက္ယူၾကသလို လႉတဲ့သူမ်ားကလည္းလာေရာက္လႉဒါန္းလ်က္ရွိပါတယ္။ဒါ့အျပင္

လူမ်ိဳးဘာသာမေ႐ြး လာေရာက္ ယူႏိုင္ေၾကာင္းလည္းေဖာ္ျပထားတာေတြ႕ရပါတယ္။ ပိုရင္လႉ လိုရင္ယူဆိုတဲ့အစီအစဥ္ေလးကို

မႏၲေလးမွာသာမက ရန္ကုန္ၿမိဳ႕ရဲ႕ အခ်ိဳ႕ေနရာ ေတာ္ေတာ္မ်ားမ်ားမွာလည္း ျပဳလုပ္ေပးလ်က္ရွိေနတာလည္းျဖစ္ပါတယ္။

Source Photo Credit: Original Uploder

unicode

ခုဆိုရင် (၂) လကျော်ကြာမြင့်နေပြီဖြစ်တဲ့ ဒီလူထုလှုပ်ရှားမှုကြီးကြောင့် မြန်မာနိုင်ငံအနှံအပြားရှိ ပြည်သူတွေဟာ

.အခက်အခဲတွေ မျိုးစုံကြုံတွေ့နေရသလို စိုးရိမ်ပူပန်မှုတွေများစွာနဲ့ နေ့စဉ်တိုင်း နေထိုင်နေကြရတာပါ။

ဒီလို အခြေအနေတွေမှာ အားလုံးက တစ်ယောက်အခက်အခဲကို တစ်ယောက်ကူညီဖေးမရင်း

အကောင်းဆုံး ကျော်ဖြတ်နေကြတာလည်းဖြစ်ပါတယ်။

ခုလို ကာလတွေမှာ လက်လုပ်လက်စားပြည်သူတွေကလည်း လုပ်ငန်းတာဝန်တွေကိုမထမ်းဆောင်နိုင်တာကြောင့်

စားဝတ်နေရေး အခက်အခဲတွေကို ကြုံတွေ့နေရသလို အပစ်အခတ်တွေနဲ့ရင်ဆိုင်နေရတဲ့ နေရာတွေမှာဆိုရင်လည်း

ပြည်သူတွေဟာ မိမိတို့ အိုးအိမ်တွေကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာတွေကိုလည်း စိတ်မချမ်းမြေ့စွာတွေ့မြင့်ရပါတယ်။

ဒါ့ကြောင့်လည်း ခုဆိုရင် ပြည်သူအချင်းချင်းဝိုင်းဝန်းကူညီထောက်ပံ့ပေးမှုတွေပြုလုပ်ပေးလာကြတာကို

လေးစားစွာတွေ့မြင်ရပါတယ်။အခု မန္တလေးမှာ ဆိုရင်လည်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်

ရည်ရွယ်ပြီး ပိုရင်လှူ လိုရင်ယူဆိုတဲ့ အစီအစဉ်လေးကို လမ်းမတန်း တစ်နေရာမှာ ပြုလုပ်ပေးထားတာကိုတွေ့မြင်ရပါတယ်။

လိုတဲ့သူတွေကလည်း လာရောက်ယူကြသလို လှူတဲ့သူများကလည်းလာရောက်လှူဒါန်းလျက်ရှိပါတယ်။ဒါ့အပြင်

လူမျိုးဘာသာမရွေး လာရောက် ယူနိုင်ကြောင်းလည်းဖော်ပြထားတာတွေ့ရပါတယ်။ ပိုရင်လှူ လိုရင်ယူဆိုတဲ့အစီအစဉ်လေးကို

မန္တလေးမှာသာမက ရန်ကုန်မြို့ရဲ့ အချို့နေရာ တော်တော်များများမှာလည်း ပြုလုပ်ပေးလျက်ရှိနေတာလည်းဖြစ်ပါတယ်။

Source Photo Credit: Original Uploder