Celebrities

ခက်ခဲကြမ်းတမ်းမယ်ဆိုတာ သိပေမယ့် လိပ်ပြာလုံတဲ့ အောင်မြင်ခြင်းနဲ့ပဲ ဖြတ်သန်းချင်ကြောင်း ပြောလာတဲ့ ပိုင်ဖြိုးသု





























unicode

ပရိသတ်ကြီးရေ.. အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် အကယ်ဒမီမင်းသမီးချော ပိုင်ဖြိုးသု

ကတော့ တော်လှန်ရေး တိုက်ပွဲကြီးမှာ ဖေဖော်ဝါရီ(၁)ရက်နေ့ကတည်းကပါဝင်ခဲ့ပြီး

ပြည်သူတွေနဲ့အတူ ရပ်တည်နေခဲ့သူပဲ ဖြစ်ပါတယ်..။

ပိုင်ဖြိုးသုနဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီး တို့ကတော့ လူထုလှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့် နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး

၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခြင်း ခံထားရတဲ့ အနုပညာရှင်များထဲမှာလည်း

သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံး ပါဝင်တာ တွေ့ရပါတယ်..။

ပရိတ်သတ်ကြီးရေ…..ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံတော့ လက်ရှိမှာမြန်မာပြည်မှာဖြစ်နေတဲ့အရေးတွေကြောင့်

ဖမ်းဝရံထုတ်ခံထားရပေမဲ့လည်း ဇွဲမလျှော့ဘဲ အမြဲတမ်းတက်ကြွစွာပါဝင်ပေးနေဆဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုကတော့ လက်ရှိအခြေအနေတွေအရ ရှောင်တိမ်းနေရပေမယ့်လည်း ပြည်သူတွေ နဲ့ အနာဂတ်တေ

ွ အတွက် တတ်နိုင် သလောက် အားဖြည့်လုပ်ဆောင်နေပြီး သတင်းအမှားတွေတင်တာနဲ့

ပတ်သက်ပြီး ပြည်သူတွေကိုသတိပေးပြောပြလာပါတယ်..

ဆရာလင်္ကာရည်ကျော်ရဲ့ “နေဝင်အိပ်တန်းတက်” ဝတ္ထုထဲမှာပါတဲ့ conceptလေးတစ်ခုကျွန်မအရမ်းသဘောကျတာရှိပါတယ်….

ဘဝရဲ့နောက်ဆုံးအချိန်မှာ နောင်တနည်းနိုင်သမျှနည်းအောင် နေနိုင်ခဲ့တဲ့လူက

အောင်မြင်သောဘဝကိုပိုင်ဆိုင်တယ်လို့ သတ်မှတ်လို့ရတယ်…တဲ့

ကျွန်မအဲဒီ့စာလေးဖတ်မိပြီးကတည်းက အမြဲခဏခဏပြောတတ်တယ်…

ဘဝကတိုတိုလေး မနက်ဖြန်သေမလားသဘက်ခါသေမလားမသိတာကို…မသေခင်ငါကတော့ဘယ်သူ့အပေါ်.

ဘယ်လိုမကောင်းကြံဖူးခဲ့တယ်…ဘယ်သူကတော့ငါ့ကြောင့်ဒုက္ခတွေရောက်ခဲ့ရတယ်ဆိုတဲ့နောင်တကြီးနဲ့မသေချင်ဘူးလို့…

ဘဝမှာထိပ်ဆုံးထိရောက်အောင်မ အောင်မြင်ရင်လည်းနေပါစေ…ပိုက်ဆံတွေမချမ်းသာရင်လည်းနေပါစေ…

သေခါနီးတော့နောင်တတွေနဲ့မသေချင်ဘူး…ဆိုတဲ့စကားကို ကျွန်မနဲ့ရင်းနှီးတဲ့အနီးကပ်နေတဲ့လူတိုင်းလိုလိုကျွန်မဆီကကြားဖူးကြပါတယ်…

အခုတော့ ကျွန်မမလိုချင်တဲ့နောင်တတရာတွေထပ်တိုးလာပါပြီ…

လူပေါင်းများစွာမတရားညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံနေရချိန်မှာ ကိုယ့်ကိုမထိခိုက်သရွေ့နှုတ်ဆိတ်နေမိခြင်း

မတရားမှုကိုကျူးလွန်နေသူလူယုတ်မာတွေဘက်ကရပ်တည်မိခြင်း စတဲ့နောင်တများကလည်းကင်းဝေးရလိုပါတယ်…

ဘဝမှာကျွန်မလိုချင်တဲ့အောင်မြင်မှုဆိုတာ နောင်တနည်းနိုင်သမျှနည်းတဲ့ဘဝကိုပိုင်ဆိုင်ရခြင်းပါ….

ခက်ခဲမယ် ကြမ်းတမ်းမယ်ဆိုတာသိပေမယ့် ဘဝကိုလိပ်ပြာလုံသောအောင်မြင်ခြင်းနဲ့ပဲ ဖြတ်သန်းချင်ပါတယ်…

#အရေးတော်ပုံအောင်ရမည်” ဆိုပြီး ပိုင်ဖြိုးသုက အသိပေးရေးသား ပြောပြထားတာ ဖြစ်ပါတယ်..။

” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း သိရှိနိုင်စေရန် ဒီသတင်းကို

တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Photo Credit – Paing Phyo Thu’s Fb Acc