News

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာဒုတိယဝန်ကြီးနေရာခန့်အပ်ခံလိုက်ရတဲ့မအိသဥ္ဇာမောင်ရဲ့အကြောင်း













အသက်က၂၆ နှစ်

လူ့ဘောင်သစ်ပါတီက





သူ့ပါတီက လူကြီးလည်း




လုပ်ဆောင်သွားတယ်။တကယ်ပဲလေးစားပါတယ်။



unicode

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာမအိသဉ္ဇာမောင်ကို ဒုတိယဝန်ကြီးနေရာခန့်အပ်

ဒီကနေ့ ဧပြီလ (၁၆)ရက်မှာ ဖွဲ့စည်းလိုက်တဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာ မအိသဉ္ဇာမောင်ကို .

အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာပါ။

မအိသဉ္ဇာမောင်ဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ သပိတ်ခေါင်းဆောင် လူငယ်တစ်ဦးလည်း ဖြစ်ပါတယ်။

ဂုဏ်ယူပါတယ် လူငယ်တွေဆိုပေမယ့် အရည်အချင်းရှိသူတွေကို

နေရာပေးလုပ်ဆောင်စေတဲ့ အစိုးရသစ်ကို ကြိုဆိုထောက်ခံပါတယ်။

အရေးတော်ပုံ အောင်ရမည်။

Congratulations ပါ ညီမလေး အိသဉ္ဇာမောင်(ဒုတိယဝန်ကြီး)(အမျိုးသမီး၊လူငယ်နှင့်

ကလေးသူငယ်ရေးရာဝန်ကြီးဌာန)ကိုယ်တွေထက် အသက်အရမ်းငယ်ပေမဲ့

တော်တော်လေးစားရတဲ့ ညီမလေး

သိက္ခာရှိတဲ့ နိုင်ငံရေးသမား ….

သူ့နာမည် အိသဉ္ဇာမောင်

အသက်က၂၆ နှစ်

လူ့ဘောင်သစ်ပါတီက

2020 ရွေးကောက်ပွဲမှာ ပန်းပဲတန်းကနေဝင်ပြိုင်ခဲ့တယ်။

NLD ကစည်သူမောင်ကို မဲအပြတ်အသတ်နဲ့ ရှုံးခဲ့တယ်။

ဒါပေမယ့် တစ်ခု လေးစားစရာ ကောင်းတာ6 ရက်နေ့ ရန်ကုန်မှာ ဆန္ဒပြပွဲကို.

သူဦးဆောင်ပြီး လူထုကို ရအောင်စည်းရုံးနိုင်ခဲ့တယ်။ ဒီနေရာမှာပြောချင်တာ မဲက သူရှုံးထားတာနော်။

သူ့ပါတီက လူကြီးလည်း

အဖမ်းခံထားရတာ မဟုတ်ဘူး။

သို့သော် နိုင်ငံရေးမှာ ညစ်ပတ်လို့ရတယ် ။

မယုတ်မာနဲ့ ဆိုသကဲ့သို့ သူ့အသက်အရွယ်နဲ့ ပါတီရေးနဲ့ နိုင်ငံရေး သူခွဲခြားပြီး

လုပ်ဆောင်သွားတယ်။တကယ်ပဲလေးစားပါတယ်။

သိက္ခာရှိသော နိုင်ငံရေးသမားထောင်ကျနိုင်တယ်ဆိုတာ သိပေမယ့်သူထွက်လာတာ။

အခုတော့ သူနဲ့ထိုက်တန်တဲ့တာဝန်ကိုရတဲ့အတွက် ဂုဏ်ယူပါတယ်ညီမရေ။