Celebrities

သ႐ုပ္ေဆာင္ ေခးဆက္သြင္ ဘုန္းဆက္သြင္တို႔ အပါအဝင္ Social influencerအေယာက္ (၂၀ ) အား ပုဒ္မ ၅၀၅ (က)ျဖင့္ ဧၿပီလ (၁၅) ရက္ေန႔မွာ ဖမ္းဝရမ္းထုတ္ျပန္

ပရိတ္သတ္ႀကီးေရ အခုလက္တေလာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး

ဒီရက္ပိုင္းအတြင္းမွာ အႏုပညာရွင္မ်ားစြာနဲ႔ လူပုဂၢဳလ္ေတာ္ေတာ္မ်ားမ်ား ဖမ္းဆီးခံရျခင္း၊

ဝရမ္းထုတ္ခံရျခင္းေတြကိုအဆက္မျပတ္ ျဖစ္ေပၚေနတာေၾကာင့္ ပရိတ္သတ္ေတြကလည္းမ်ားစြာ

စိတ္မေကာင္းျဖစ္ေနၾကတာပဲျဖစ္ပါတယ္ေနာ္…။

သ႐ုပ္ေဆာင္ ေခးဆက္သြင္၊ ဘုန္းဆက္သြင္တို႔ အပါအဝင္ နီၿဖိဳးႀကိဳင္၊ စႏၵီစိန္သိဏ္း၊ ျမတ္သူထက္၊ ႏိုင္ေကာင္းဥာဏ္၊

ရဲထြန္းဦး၊ ၿငိမ္းခ်မ္းေအာင္၊ ေအာင္ကိုေဆြ၊ တင္ေမာင္ေထြး၊ ကိုကိုရဲ၊ ႏွင္းဦးလႈိင္၊ ရဲဟိန္း၊ လင္းေအာင္၊ ေဇမ်ိဳးလင္း၊

ေဇာ္မင္းပိုင္၊ ေမဇမၺဴ၊ သီတာ၊

ညီမင္းစံႏွင့္ သိန္းသန္းႏိုင္ တို႔ကို ပုဒ္မ ၅၀၅-က ျဖင့္ အမႈဖြင့္ထားေၾကာင္း ယေန႔ ထုတ္ျပန္ ေၾကညာသြားပါတယ္။

ဒါ့အျပင္ ယေန႔၊ ဧၿပီလ ၁၅ ရက္ေန႔၊ ညေနပိုင္းကလည္း ပုဒ္မ ၅၀၅-က ျဖင့္ အမႈဖြင့္ခံထားရတဲ့

သ႐ုပ္ေဆာင္ ဇင္ဝိုင္းႏွင့္ အဆိုေတာ္ ပိုပိုတို႔ကို ရန္ကုန္ၿမိဳ႕ရွိ သူတို႔ရဲ႕ ေနအိမ္ အသီးသီးမွာ

စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕မ်ားက ဖမ္းဆီးရမိခဲ့ေၾကာင္း သိရပါတယ္။

MRTV က ထုတ္ျပန္ခဲ့တဲ့ ပုဒ္မ ၅၀၅(က) ဝရမ္းစာရင္းမွာ ေအာင္ျမင္ေနတဲ့ အႏုပညာရွင္ေတြ ပါဝင္ ေနတာကို ေတြ႕ရပါတယ္။

ဒီေန႔ ဧၿပီလ ၁၅ရက္ေန႔မွာ ထပ္မံ ထုတ္ျပန္လိုက္တဲ့ အႏုပညာရွင္ ႏွင့္ဆိုရွယ္အင္ဖလူယင္ဇာ

အေယာက္(၂၀) စာရင္းမွာ သ႐ုပ္ေဆာင္ ေခးဆက္သြင္ ႏွင့္ ဘုန္းဆက္သြင္ တို႔ပါဝင္ခဲ့ပါတယ္။

ဒီရက္ပိုင္းအတြင္းမွာလည္း နာမည္ႀကီး အႏုပညာရွင္ ေတြျဖစ္တဲ့ ေျပတီဦး ရဲတိုက္၊ပိုင္တံခြန္၊ ဇာဂနာ၊

ဝင္းမင္းသန္း အိျႏၵာေက်ာ္ဇင္ တို႔လည္း ဖမ္းဆီးထိန္း သိမ္းျခင္းကို ခံခဲ့ရကာ သ႐ုပ္ေဆာင္ဇင္ဝိုင္း ႏွင့္

အဆိုေတာ္ပိုပိုတို႔ကိုလည္း ယေန႔ညေနပိုင္းမွာဖမ္းဆီးထိန္းသိမ္းခဲ့ၿပီပဲျဖစ္ပါတယ္။

တကယ့္နာမည္ေက်ာ္ အႏုပညာရွင္မ်ားစြာလည္း ဝရမ္းထုတ္ခံထားရတဲ့အတြက္

ထြက္ေျပးတိမ္းေရွာင္ေနရတာလည္း ျဖစ္ပါတယ္ေနာ္.။

ပုဒ္မ ၅၀၅ (က) ျဖင့္ အေရးယူခံထားရတဲ့ အႏုပညာရွင္ေတြရဲ႕ စာရင္းကို ေန႔စဥ္ထုတ္ျပန္လ်က္ရွိရာ

ဒီကေန႔မွာေတာ့ သ႐ုပ္ေဆာင္ ေခးဆက္သြင္ ႏွင့္ ဘုန္းဆက္သြင္တို႔လည္း ပါဝင္လာ တာျဖစ္ပါတယ္။

Credit း Famous Stars

unicode

ပရိတ်သတ်ကြီးရေ အခုလက်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး

ဒီရက်ပိုင်းအတွင်းမှာ အနုပညာရှင်များစွာနဲ့ လူပုဂ္ဂုလ်တော်တော်များများ ဖမ်းဆီးခံရခြင်း၊

ဝရမ်းထုတ်ခံရခြင်းတွေကိုအဆက်မပြတ် ဖြစ်ပေါ်နေတာကြောင့် ပရိတ်သတ်တွေကလည်းများစွာ

စိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်နော်…။

သရုပ်ဆောင် ခေးဆက်သွင်၊ ဘုန်းဆက်သွင်တို့ အပါအဝင် နီဖြိုးကြိုင်၊ စန္ဒီစိန်သိဏ်း၊ မြတ်သူထက်၊ နိုင်ကောင်းဉာဏ်၊

ရဲထွန်းဦး၊ ငြိမ်းချမ်းအောင်၊ အောင်ကိုဆွေ၊ တင်မောင်ထွေး၊ ကိုကိုရဲ၊ နှင်းဦးလှိုင်၊ ရဲဟိန်း၊ လင်းအောင်၊ ဇေမျိုးလင်း၊

ဇော်မင်းပိုင်၊ မေဇမ္ဗူ၊ သီတာ၊

ညီမင်းစံနှင့် သိန်းသန်းနိုင် တို့ကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း ယနေ့ ထုတ်ပြန် ကြေညာသွားပါတယ်။

ဒါ့အပြင် ယနေ့၊ ဧပြီလ ၁၅ ရက်နေ့၊ ညနေပိုင်းကလည်း ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရတဲ့

သရုပ်ဆောင် ဇင်ဝိုင်းနှင့် အဆိုတော် ပိုပိုတို့ကို ရန်ကုန်မြို့ရှိ သူတို့ရဲ့ နေအိမ် အသီးသီးမှာ

စစ်တပ်နဲ့ ရဲတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

MRTV က ထုတ်ပြန်ခဲ့တဲ့ ပုဒ်မ ၅၀၅(က) ဝရမ်းစာရင်းမှာ အောင်မြင်နေတဲ့ အနုပညာရှင်တွေ ပါဝင် နေတာကို တွေ့ရပါတယ်။

ဒီနေ့ ဧပြီလ ၁၅ရက်နေ့မှာ ထပ်မံ ထုတ်ပြန်လိုက်တဲ့ အနုပညာရှင် နှင့်ဆိုရှယ်အင်ဖလူယင်ဇာ

အယောက်(၂၀) စာရင်းမှာ သရုပ်ဆောင် ခေးဆက်သွင် နှင့် ဘုန်းဆက်သွင် တို့ပါဝင်ခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာလည်း နာမည်ကြီး အနုပညာရှင် တွေဖြစ်တဲ့ ပြေတီဦး ရဲတိုက်၊ပိုင်တံခွန်၊ ဇာဂနာ၊

ဝင်းမင်းသန်း အိန္ဒြာကျော်ဇင် တို့လည်း ဖမ်းဆီးထိန်း သိမ်းခြင်းကို ခံခဲ့ရကာ သရုပ်ဆောင်ဇင်ဝိုင်း နှင့်

အဆိုတော်ပိုပိုတို့ကိုလည်း ယနေ့ညနေပိုင်းမှာဖမ်းဆီးထိန်းသိမ်းခဲ့ပြီပဲဖြစ်ပါတယ်။

တကယ့်နာမည်ကျော် အနုပညာရှင်များစွာလည်း ဝရမ်းထုတ်ခံထားရတဲ့အတွက်

ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်နော်.။

ပုဒ်မ ၅၀၅ (က) ဖြင့် အရေးယူခံထားရတဲ့ အနုပညာရှင်တွေရဲ့ စာရင်းကို နေ့စဉ်ထုတ်ပြန်လျက်ရှိရာ

ဒီကနေ့မှာတော့ သရုပ်ဆောင် ခေးဆက်သွင် နှင့် ဘုန်းဆက်သွင်တို့လည်း ပါဝင်လာ တာဖြစ်ပါတယ်။

Credit း Famous Stars