Celebrities

သင်္ကြန်အကြိုအလှူအဖြစ် အနှေးယာဉ်လုပ်သားတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းခဲ့တဲ့ မမဆောင်း

ပရိသတ်ကြီးရေ.. မမဆောင်းလို့ အများကချစ်စနိုးခေါ်ကြတဲ့ အဆိုတော်သရုပ်ဆောင် ဆောင်းအိနြေ္ဒထွန်းကတော့




















unicode

ပရိသတ်ကြီးရေ.. မမဆောင်းလို့ အများကချစ်စနိုးခေါ်ကြတဲ့ အဆိုတော်သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းကတော့

လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ရပ်တည်ကာ လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။

မမဆောင်းကတော့ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် အလှူအတန်းတွေပြုလုပ်နေသလို

ဒီကနေ့မှာလည်း သင်္ကြန်အလှူအဖြစ် အနှေးယာဉ်လုပ်သားတွေကို စားသောက်ကုန်တွေ ပေးဝေလှူဒါန်းခဲ့ပြန်ပါတယ်..။

Photo Credit – Saung Eindaray’s Fb Acc

သာကေတမြို့နယ် (၈)ရပ်ကွက်မှ အနှေးယာဉ်လုပ်သား အိမ်ထောင်စု (၁၀၀)စာအတွက်

မင်းသားခန့်စည်သူနဲ့အတူ စားနပ်ရိက္ခာတွေလှူဒါန်းခဲ့တာဖြစ်ပြီး

အလှူပုံရိပ်တွေကိုလည်း မမဆောင်းက ဝေမျှပြောပြထားပါသေးတယ်..။

မမဆောင်းကတော့ လိုအပ်ပြီးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက်

မကြာခဏဆိုသလို လှူဒါန်းမှုတွေပြုလုပ်ကာ အတတ်နိုင်ဆုံးဖေးမကူညီနေတာပဲ ဖြစ်ပါတယ်..။

Photo Credit – Saung Eindaray’s Fb Acc

“ဒီနေ့ သင်္ကြန်အကြိုအလှု

ကိုခန့်စည်သူ ( မေတ္တာသင်္ဂဟအဖွဲ့)မှ သာကေတမြို့နယ် (၈) ရပ်ကွက် အနှေးယာဉ်လုပ်သားများ၏

အိမ်ထောင်စု(၁၀၀)ကို စားသောက်ကုန် ပစ္စည်များ လှုဒါန်းမှုမှာ

မမဆောင်း လည်း ဆီနဲ့ ကြက်သွန် လှူဒါန်းခဲ့ပါတယ်နော့ချစ်တို့ 🙏..”

ဆိုပြီး သူမရဲ့အလှူပုံရိပ်တွေကို ဝေမျှထားတာပါ..။

သင်္ကြန်အကြိုကုသိုလ်ယူလှူဒါန်းမှုတွေကြတဲ့ မမဆောင်းတို့ရဲ့ အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေက သာဓုခေါကာ

ဆုတောင်းစကားတွေနဲ့အတူ အားပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Saung Eindaray’s Fb Acc

သတင်းအရင်းမြစ်: Saung Eindaray’s Fb Acc