News

ကေလးၿမိဳ႕ေလးအတြက္ ေနာက္ဆုံးအခ်ိန္အထိ တာဝန္ေက်ပြန္ေပးခဲ့လို႔ ျပည္သူေတြရဲ႕အေလးျပဳႏႈတ္ဆက္ျခင္းခံခဲ့ရတဲ့ သူရဲေကာင္းတစ္ေယာက္

အခုခ်ိန္မွာေတာ့ ျပည္သူေတြက သူတို႔ရဲ႕ရင္တြင္းဆႏၵေတြကို နည္းလမ္းမ်ိဳးစုံနဲ႔ ေဖာ္ထုတ္ျပသေနၾကတာ ျဖစ္ပါတယ္ ။

လူထုလႈပ္ရွားမႈျပဳလုပ္ရင္းနဲ႔ အသက္ဆုံးရႈံးသြားတဲ့သူေတြလည္း ရွိလာခဲ့ၿပီျဖစ္တာေၾကာင့္

ျပည္သူေတြက တစ္ဦးကိုတစ္ဦး ကူညီကာကြယ္ေပးေနၾကတာ ျဖစ္ပါတယ္ ။

ၿပီးခဲ့တဲ့ ဧၿပီလ (၇)ရက္ေန႔ကလည္း ကေလးၿမိဳ႕၊ တာဟန္းရပ္ကြက္မွာ လူစုခြဲၿဖိဳခြင္းမႈေတြနဲ႔

ႀကဳံေတြ႕ခဲ့ရတာေၾကာင့္ ျပည္သူတစ္ခ်ိဳ႕ အသက္ဆုံးရႈံးခဲ့ရတာ ျဖစ္ပါတယ္ ။

က်ဆုံးသြားတဲ့ ျပည္သူေတြထဲကတစ္ေယာက္ျဖစ္တဲ့ ကိုႏိုင္လင္းဦးကလည္း

ကေလးၿမိဳ႕အတြက္ တာဝန္ေက်ပြန္ခဲ့သူ ျဖစ္ပါတယ္ ။

ကိုႏိုင္လင္းဦးက ကိုယ့္ၿမိဳ႕ေလးမွာရွိတဲ့ ျပည္သူေတြကိုကာကြယ္ဖို႔အတြက္ အသက္နဲ႔ရင္းကာ

ပါဝင္လႈပ္ရွားခဲ့ေပမယ့္လည္း ေစာစီးစြာ ေႂကြလြင့္သြားခဲ့ရတာ ျဖစ္ပါတယ္ ။

တစ္ဦးတည္းေသာ သားေလးျဖစ္တဲ့ ကိုႏိုင္လင္းဦးရဲ႕နာေရးသတင္းကေတာ့

ျပည္သူေတြကိုပါ ဝမ္းနည္းေၾကကြဲေစခဲ့တာ ျဖစ္ပါတယ္ ။

သူရဲေကာင္းေလး ကိုႏိုင္လင္းဦးရဲ႕စ်ာပနပြဲကို တက္ေရာက္ခဲ့တဲ့ ျပည္သူတစ္ဦးကေတာ့ သူ႔အတြက္

အရမ္းစိတ္မေကာင္းျဖစ္ေနတာပဲ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ “လူမသိသူမသိ အာဇာနည္ေလးရဲ႕ေနာက္ဆုံးခရီး

လိုက္ပါႏႈတ္ဆက္ပို႔ေဆာင္သူ နည္းပါးမွာကို မသိႏိုင္ရွာေတာ့တဲ့ ညီေလးႏိုင္လင္းဦး

အတြက္ မ်က္ႏွာပူေနမိပါတယ္။ ” ဆိုၿပီး ေျပာထားတာ ျဖစ္ပါတယ္ ။

ဒါေပမဲ့လည္း ကိုႏိုင္လင္းဦးရဲ႕ေနာက္ဆုံးခရီးမွာ သူတို႔႐ြာက ႐ြာသူ႐ြာသားေတြသာမက

တစ္ျခားေနရာက ျပည္သူေတြကပါ ေရာက္လာၿပီး အေလးျပဳႏႈတ္ဆက္ခဲ့ၾကတာပဲ ျဖစ္ပါတယ္ ။

Source Photo Credit-Original Uploader

unicode

အခုချိန်မှာတော့ ပြည်သူတွေက သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို နည်းလမ်းမျိုးစုံနဲ့ ဖော်ထုတ်ပြသနေကြတာ ဖြစ်ပါတယ် ။

လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ အသက်ဆုံးရှုံးသွားတဲ့သူတွေလည်း ရှိလာခဲ့ပြီဖြစ်တာကြောင့်

ပြည်သူတွေက တစ်ဦးကိုတစ်ဦး ကူညီကာကွယ်ပေးနေကြတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဧပြီလ (၇)ရက်နေ့ကလည်း ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ လူစုခွဲဖြိုခွင်းမှုတွေနဲ့

ကြုံတွေ့ခဲ့ရတာကြောင့် ပြည်သူတစ်ချို့ အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ် ။

ကျဆုံးသွားတဲ့ ပြည်သူတွေထဲကတစ်ယောက်ဖြစ်တဲ့ ကိုနိုင်လင်းဦးကလည်း

ကလေးမြို့အတွက် တာဝန်ကျေပွန်ခဲ့သူ ဖြစ်ပါတယ် ။

ကိုနိုင်လင်းဦးက ကိုယ့်မြို့လေးမှာရှိတဲ့ ပြည်သူတွေကိုကာကွယ်ဖို့အတွက် အသက်နဲ့ရင်းကာ

ပါဝင်လှုပ်ရှားခဲ့ပေမယ့်လည်း စောစီးစွာ ကြွေလွင့်သွားခဲ့ရတာ ဖြစ်ပါတယ် ။

တစ်ဦးတည်းသော သားလေးဖြစ်တဲ့ ကိုနိုင်လင်းဦးရဲ့နာရေးသတင်းကတော့

ပြည်သူတွေကိုပါ ဝမ်းနည်းကြေကွဲစေခဲ့တာ ဖြစ်ပါတယ် ။

သူရဲကောင်းလေး ကိုနိုင်လင်းဦးရဲ့ဈာပနပွဲကို တက်ရောက်ခဲ့တဲ့ ပြည်သူတစ်ဦးကတော့ သူ့အတွက်

အရမ်းစိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် “လူမသိသူမသိ အာဇာနည်လေးရဲ့နောက်ဆုံးခရီး

လိုက်ပါနှုတ်ဆက်ပို့ဆောင်သူ နည်းပါးမှာကို မသိနိုင်ရှာတော့တဲ့ ညီလေးနိုင်လင်းဦး

အတွက် မျက်နှာပူနေမိပါတယ်။ ” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ် ။

ဒါပေမဲ့လည်း ကိုနိုင်လင်းဦးရဲ့နောက်ဆုံးခရီးမှာ သူတို့ရွာက ရွာသူရွာသားတွေသာမက

တစ်ခြားနေရာက ပြည်သူတွေကပါ ရောက်လာပြီး အလေးပြုနှုတ်ဆက်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

Source Photo Credit-Original Uploader