Celebrities
ကလေးတွေအတွက် ခက်ခဲနေတဲ့ကာလအချိန်လာရောက်လှူဒါန်းပေးတဲ့ ဦးဇင်းတစ်ပါးကြောင့် ပီတိဖြစ်ခဲ့ရတဲ့ ခိုင်နှင်းဝေ..
Yuan – Cele Zone
Photo – Khine Hnin Wai
unicode
ခိုင်နှင်းဝေ ကတော့ ကောင်းမွန်ပီ ပြင်တဲ့ သရုပ်ဆောင်မှု တွေကြောင့် ယနေ့တိုင် အနုပညာ လောကမှာ နေရာ တစ်ခုကို
အခိုင်အမာ ရရှိထားရုံ သာမကပဲ အများက လေးစား အချစ်ပို နေရတဲ့ မင်းသမီး တစ်ယောက်လည်း ဖြစ်ပါတယ်။
သူမက လက်ရှိ မှာတော့ အနုပညာ လှုပ်ရှားမှုတွေ ကို ရပ်နား ထားပြီး
ပရဟိတလုပ်ငန်းတွေ ကိုသာ ဦးစီး လုပ်ကိုင်နေ တာဖြစ်ပါတယ်။
ပရဟိတ အလုပ်တွေ ကို တစိုက် မတ်မတ်လုပ်ဆောင် နေတဲ့အပြင် မိဘမဲ့ ဂေဟာကိုလည်း တည်ထောင် ထားကာ
ကလေးငယ်လေး တွေအတွက် ခိုကိုးရာ အဖြစ်ရပ်တည် ပေးနေတဲ့ ခိုင်းနှင်းဝေ ကတော့ ပရိသတ် တွေလေးစား
ချစ်ခင်ကြရ သူပါပဲ။ဒါ့အပြင် လိုအပ် နေတဲ့ ပြည်သူတွေ အတွက်လည်းတတ်နိုင် သလောက် အမြဲဖေးမ ကူညီတတ်
တဲ့ သူမ ကတော့ အခုလို အချိန်မှာ လည်း အားလုံး နဲ့အ တူ ရပ်တည်ကာ စားဝတ်နေရေး ခက်ခဲနေ
ကြတဲ့ ပြည်သူတွေ အတွက် လှူဒါန်းမှုတွေကို ပြုလုပ် ပေးနေတာလည်း ဖြစ်ပါတယ်။
သူမ ရဲ့ အလှူ ပုံရိပ်လေး တွေ နဲ့ နေ့စဉ် လှုပ်ရှားမှုလေး တွေကိုလည်း အမြဲ ဖော်ပြလေ့ရှိရာ အခု လည်း ခက်ခဲတဲ့
ကာလတွေမှာ တောင် သူမဆီ အရောက်လာပြီး ကလေးတွေအတွက် တစ်နေ့တာကုန်ကျစရိတ် အလှူငွေ (၂) သိန်းကို
လာရောက်လှူပေးတဲ့ ဦးဇင်းဘီလူးကြောင့် ဝမ်းသာပီတိ ဖြစ်မိကြောင်း ကို ခုလို ရေးသားကာ ပုံလေး တွေ နဲ
တကွဖော်ပြထားတာ တွေ့ရပါတယ်။”ဦးဇင်း ဘီလူး မှ မွေးနေ့ အလှု အဖြစ် ကလေးတွေ အတွက် တနေ့တာ
ကုန်ကျ စရိတ် အလှူငွေ (၂)သိန်း နှင့် နို့မှုန့် များ လှုဒါန်းပေးပါတယ်ရှင်…ဦးဇင်းဘီလူး သက်တော်ရာ ကျော်ရှည်ပြီး
ဒီထက်မက ပရဟိတ တွေ လုပ်နိုင်ပါစေ..သာသနာ အကျိုး သယ်ပိုးနိုင်ပါစေရှင်..”ဆိုတဲ့
စာလေးပဲဖြစ်ရာ ပရိသတ်ကြီး အတွက်ပြန်လည် မျှဝေ ပေး လိုက် ပါတယ်။
Yuan – Cele Zone
Photo – Khine Hnin Wai