News

စစ္ေဘးဒဏ္ကို ခံစားေနရတဲ့ ျပည္သူေတြကို ဖိနပ္ေလး ေတြသြားေရာက္ လႉဒါန္းခဲ့တဲ့ အလႉရွင္လူငယ္အဖြဲ႕

ဒီကာလမွာ လူတိုင္း နီးပါး စီးပြါးေရး ခက္ခဲေနၾကတာ ေၾကာင့္ စုေဆာင္ ထားတာ ေလးေတြကိုသာ ေႁခြတာ

သုံးစြဲၿပီးလိုအပ္တဲ့ ေနရာေတြကို လည္း လႉဒါန္းေပးေနၾကတာ ျဖစ္ပါတယ္။ေစတနာ၊သဒၵါတရားထက္သန္ၾကတဲ့

ျပည္သူေတြကေတာ့ ဒုကၡေရာက္ေနတဲ့ သူေတြကို ေတြ႕တိုင္း စာနာမႈ အျပည့္ နဲ႔ ကူညီေပး ခဲ့ၾကတာျဖစ္ပါတယ္။

လက္ရွိမွာ ဆိုရင္ေတာ့ စစ္ေဘး ဒုကၡကို ခံစားေန ရတဲ့ ကရင္ျပည္နယ္ ၊ ရခိုင္ျပည္နယ္ နဲ႔ ကခ်င္ျပည္နယ္ တို႔မွာ

ေနထိုင္ၾကတဲ့ တိုင္းရင္းသားျပည္သူတခ်ိဳ႕ အတြက္ ျပည္သူ ေတြကပဲ ကူညီေထာက္ပံ့ ေပးမႈေတြ ေဆာင္ရြက္ေန ၾကတာ ျဖစ္ပါတယ္။

အခုဆိုရင္လည္း ေစတနာရွင္ လူငယ္ေလး တစ္စုကေတာ့ ရခိုင္ျပည္နယ္က တခ်ိဳ႕ေနရာေတြမွာ စစ္ေဘး ဒုကၡကို

ခံစားေနရတဲ့ ျပည္သူတစ္စု အတြက္ ဖိနပ္ေလးေတြသြားေရာက္ လႉဒါန္းေပးၾကတာ ျဖစ္ပါတယ္။လူႀကီးေတြ

အတြက္ဖိနပ္ေတြ ဆိုဒ္စုံအျပင္ ကေလးငယ္ေလး ေတြအတြက္ပါ ဖိနပ္ေလးေတြ လႉေပး ၾကတာျဖစ္ပါတယ္။

စစ္ေဘး ေရွာင္ျပည္သူေတြ ကလည္း လာေရာက္ လႉဒါန္းေပး ၾကတဲ့ ဖိနပ္ေလး ေတြကို ေသေသခ်ာခ်ာ တန္းစီးၿပီး

ယူေန ၾကတာ ျဖစ္ပါတယ္။အခုခ်ိန္မွာ ျပည္သူတိုင္းက ၾကဳံေတြ႕ ေနရတဲ့ ဒုကၡ အခက္အခဲေတြကို မၽွေဝ

ခံစားေပးေန ၾကတာေၾကာင့္ ၾကည္ႏူး ပီတိ ျဖစ္စရာ ေကာင္းလွ ပါတယ္။

ဒါ့ေၾကာင့္လည္း (၂) လေက်ာ္ ၾကာသြားၿပီ ျဖစ္တဲ့ ဒီအေျခအေန ကို ျပည္သူေတြ ကလည္း စည္းစည္း လုံးလုံး နဲ႔

ဆက္လက္ ေတာင့္ခံေနၾကဆဲ ျဖစ္ပါတယ္။စစ္ေဘးေရွာင္ ျပည္သူေတြ ရဲ့ ေနရာ ေတြက သြားလာ ရ ခက္ခဲၾကေပမယ့္

လည္း ေစတနာရွင္ ျပည္သူတစ္စု ကေတာ့ ေရာက္ေအာင္ သြားၿပီး လႉဒါန္း ေပးၾကတာျဖစ္ပါတယ္။လိုအပ္ ေနတဲ့ သူေတြကို

ကူညီေပးခြင့္ ရတဲ့ အလႉရွင္ေတြရဲ့ေစတနာ ကို လည္း အသိအမွတ္ ျပဳရင္း

ပီတီျဖစ္စရာ ေကာင္းတဲ့ ပုံရိပ္ေလး ေတြကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္။

Photo Credit:PAING SOE(ARAKAN)

unicode

ဒီကာလမှာ လူတိုင်း နီးပါး စီးပွါးရေး ခက်ခဲနေကြတာ ကြောင့် စုဆောင် ထားတာ လေးတွေကိုသာ ခြွေတာ

သုံးစွဲပြီးလိုအပ်တဲ့ နေရာတွေကို လည်း လှူဒါန်းပေးနေကြတာ ဖြစ်ပါတယ်။စေတနာ၊သဒ္ဒါတရားထက်သန်ကြတဲ့

ပြည်သူတွေကတော့ ဒုက္ခရောက်နေတဲ့ သူတွေကို တွေ့တိုင်း စာနာမှု အပြည့် နဲ့ ကူညီပေး ခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမှာ ဆိုရင်တော့ စစ်ဘေး ဒုက္ခကို ခံစားနေ ရတဲ့ ကရင်ပြည်နယ် ၊ ရခိုင်ပြည်နယ် နဲ့ ကချင်ပြည်နယ် တို့မှာ

နေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူတချို့ အတွက် ပြည်သူ တွေကပဲ ကူညီထောက်ပံ့ ပေးမှုတွေ ဆောင်ရွက်နေ ကြတာ ဖြစ်ပါတယ်။

အခုဆိုရင်လည်း စေတနာရှင် လူငယ်လေး တစ်စုကတော့ ရခိုင်ပြည်နယ်က တချို့နေရာတွေမှာ စစ်ဘေး ဒုက္ခကို

ခံစားနေရတဲ့ ပြည်သူတစ်စု အတွက် ဖိနပ်လေးတွေသွားရောက် လှူဒါန်းပေးကြတာ ဖြစ်ပါတယ်။လူကြီးတွေ

အတွက်ဖိနပ်တွေ ဆိုဒ်စုံအပြင် ကလေးငယ်လေး တွေအတွက်ပါ ဖိနပ်လေးတွေ လှူပေး ကြတာဖြစ်ပါတယ်။

စစ်ဘေး ရှောင်ပြည်သူတွေ ကလည်း လာရောက် လှူဒါန်းပေး ကြတဲ့ ဖိနပ်လေး တွေကို သေသေချာချာ တန်းစီးပြီး

ယူနေ ကြတာ ဖြစ်ပါတယ်။အခုချိန်မှာ ပြည်သူတိုင်းက ကြုံတွေ့ နေရတဲ့ ဒုက္ခ အခက်အခဲတွေကို မျှဝေ

ခံစားပေးနေ ကြတာကြောင့် ကြည်နူး ပီတိ ဖြစ်စရာ ကောင်းလှ ပါတယ်။

ဒါ့ကြောင့်လည်း (၂) လကျော် ကြာသွားပြီ ဖြစ်တဲ့ ဒီအခြေအနေ ကို ပြည်သူတွေ ကလည်း စည်းစည်း လုံးလုံး နဲ့

ဆက်လက် တောင့်ခံနေကြဆဲ ဖြစ်ပါတယ်။စစ်ဘေးရှောင် ပြည်သူတွေ ရဲ့ နေရာ တွေက သွားလာ ရ ခက်ခဲကြပေမယ့်

လည်း စေတနာရှင် ပြည်သူတစ်စု ကတော့ ရောက်အောင် သွားပြီး လှူဒါန်း ပေးကြတာဖြစ်ပါတယ်။လိုအပ် နေတဲ့ သူတွေကို

ကူညီပေးခွင့် ရတဲ့ အလှူရှင်တွေရဲ့စေတနာ ကို လည်း အသိအမှတ် ပြုရင်း

ပီတီဖြစ်စရာ ကောင်းတဲ့ ပုံရိပ်လေး တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:PAING SOE(ARAKAN)