News

ဧပြီလ (၈) ရက် နေ့ညမှာ အေးဝတ်ရည်သောင်း အပါအဝင် နောက်ထပ် အနုပညာရှင် အယောက်(၂၀) ဖမ်းဝရမ်းထုတ်ခံရ











unicode

စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် အရေးယူခံထားရတဲ့ အနုပညာရှင်တွေ ရဲ့ စာရင်းကို နေ့စဉ်ထုတ်ပြန်လျက်ရှိရာ

ဒီကနေ့မှာတော့ သရုပ်ဆောင် မအေးသောင်း ( အေးဝတ်ရည်သောင်း ) နှင့် သရုပ်ဆောင် ရတနာဗိုလ်တို့လည်း ပါဝင်လာ တာဖြစ်ပါတယ်။

ဧပြီလ ၈ ရက်နေ့ည ထုတ်ပြန်တဲ့ သရုပ်ဆောင်/အဆိုတော်/ဒါရိုက်တာ စာရင်းတွေကတော့ ရတနာဗိုလ်၊

အေးဝတ်ရည်သောင်း၊ နေဇော်လင်း၊ စိုင်းအောင်နိုင်၊ အောင်မြိုင်သင်း၊ ယုယုလွင်၊လှမျိုးသန့်

၊ ဗြိတိသျှကိုကိုမောင် (ခ) ကျော်စွာနိုင်၊ လင်းမြင့်သိန်း၊ နွေတင်ဇာနိုင်၊ ယုအိစံ၊ စိုးဝင်းနိုင်၊ ရန်နောင်စိုး၊

မယ်မင်းဘုံ၊ မင်းသိဏ်းကျော်၊ သက်ဝင်းလှိုင်၊ ဟန်လင်း၊ ဆန်းလင်းထွန်း၊ ဝေဇင်ကိုကိုကျော် နဲ့ သက်ပိုင်စိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းအတွင်း မှာလည်း နာမည်ကြီး အနုပညာရှင် တွေဖြစ်တဲ့ ရဲတိုက်၊ ပိုင်တံခွန်၊ ဇာဂနာ၊ ဝင်းမင်းသန်း

တို့လည်း ဖမ်းဆီးထိန်း သိမ်းခြင်းကို ခံခဲ့ရပါတယ်။အခုဆိုရင်တော့ ထင်ရှားတဲ့အနုပညာရှင်တွေရဲ့ စာရင်းကို

ဝရမ်းထုတ်ပြန် လာခဲ့ရာ စုစုပေါင်း ( ၁၄၀ ) ခန့် ရှိသွားပြီလို့ သိရပါတယ်။

Credit ; Shwe Yaung Myanmar