Celebrities





























#AyeyarwaddyTimes

unicode

လူမှုကွန်ယက်အား အသုံးပြု၍ လှုံဆော်ခဲ့သည်ဟုဆိုကာ အနုပညာရှင်များနှင့် ဂျာနယ်လစ်များ အပါအဝင် ၂၀ ဦးအား ထပ်မံအမှုဖွင့်

ဧရာဝတီတိုင်းမ်ဧပြီ ၅ ရက်။

လူမှုကွန်ယက်အား အသုံးပြု၍ လှုံဆော်ခဲ့သည်ဟုဆိုကာ ရုပ်ရှင်သရုပ်ဆောင် ခါရာ၊ မြန်မာအိုင်ဒေါ

အဆိုတော် သားငယ်၊ ဂျာနယ်လစ် စည်သူအောင်မြင့်၊ခင်နှင်းကြည်သာ၊ မြတ်ကျော်သူနဲ့

MRTV-4 ရုပ်သံဇာတ်လမ်းတွဲ မင်းသမီး သံသာမိုးသိမ့်၊ အစီစဉ်တင်ဆက်သူ သဇင်နွယ်ဝင်းတို့ အပါအဝင်

၂၀ ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း စစ်ကောင်စီပိုင် ရုပ်သံများကထပ်မံ ကြေငြာခဲ့သည်။

အမှုဖွင့်ခံရသူတွေကတော့ ခါရာ၊ ဇော်ဝင်းထွန်း (ခ) သားငယ်၊ စည်သူအောင်မြင့်၊သံသာမိုးသိမ့်၊ဆုအိမ့်စံ၊

သဇင်နွယ်ဝင်း၊ခင်နှင်းကြည်သာ၊ မြတ်ကျော်သူ၊ ဇေယျာထွန်း၊ ကျော်ဇေယျ၊မြတ်နိုးအေး၊ စူးရှနိုင်၊

နော်ထိုက်ထိုက်ထွန်း၊ ဂျူလိုင်မိုး၊ နှင်းဆုဖြိုး၊ ခင်နံ့သာ၊ သီတာအောင်၊သန္တာမြင့်သူစိုး၊ ဇင်မျိုးလွင်နဲ့ ကျော်စွာဝင်းတို့ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၄ ရက်နေ့ကလည်း သရုပ်ဆောင် အလင်းရောင်၊ အလှမယ်နဲ့ မော်ဒယ် သရုပ်ဆောင် မေမြတ်နိုး၊ နွယ်ဒါလီထွန်း၊

နော်ဖောအယ်ထား၊ မြန်မာအိုင်ဒေါတေးသံရှင် မေမဒီ၊ အေးငြိမ်းဆွေ၊ ဟစ်ဟော့ပ် အဆိုတော် ရန်ရန်ချမ်း၊

မင်းသွေးလျှံ၊ ရုပ်ရှင်ဒါရိုက်တာ ထူးပိုင်ဇော်ဦး၊ ခြူးပန်းနွယ်၊ သက်ထားစုစံ၊ မေ၊ ညီညီထွန်း(တိမ်ခ) ၊ ရန်နိုင်ဗိုလ်၊

ဒေါက်တာကျော်ကျော်စိုင်း၊ ဒေါက်တာ စိုင်းကောင်းထက်ဇော်၊ မေသူဝင်း၊ အိအိအောင်၊ ခင်ဆွေအေးနဲ့

ခိုင်ဝေဝေဇင်တို့ကို လူမှုကွန်ယက်အား အသုံးပြု၍ လှုံဆော်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၅၀၅(က)ဖြင့်

ထပ်မံအမှုဖွင့်ထားကြောင်း စ်ကောင်စီက ကြေငြာခဲ့သည်။

ဧပြီ ၃ ရက်နေ့ကလည်း နာမည်ကြီး သရုပ်ဆောင် အကယ်ဒမီမင်းသမီးတွေဖြစ်ကြသည့် သက်မွန်မြင့်၊ ဖွေးဖွေး၊

အဆိုတော် ကော်နီ၊ ကျားပေါက်၊ GFatt ၊ မယ်ရီ ၊ နိုဗန်ထူး၊ သရုပ်ဆောင် ညီနန္ဒ၊ အောင်မြင့်မြတ်၊

ညီထွဋ်ခေါင်၊ ဝါဆိုမိုးဦး၊ မေဦးမောင်၊ အိန်ဂျယ်လမုန်၊ နှင်းသွေးယုအောင်၊ စည်သူဝင်း၊ ထက်အောင်ရှိုင်း

၊ Kelvin Kate ၊ ဇင်အောင်၊ ကျော်ရဲထွန်း (ရဲရဲ) နဲ့ ဒေါ်နန်းမြတ်စောတို့ကို

ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကြေညာထားသည်။

ဧပြီ ၂ ရက်နေ့ကလည်း အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ Rဇာနည်၊ ရဲတိုက်၊

ကျော်ကျော်နန္ဒ၊ သန္တာလှိုင်၊ ပိုင်ဖြိုးသု၊ ပိုပို၊ ခင်ဝင့်ဝါ၊ ချမ်းချမ်း၊ ချမ်းမြေ့မောင်ချို၊ မိတ်ကပ်မထက်၊

မိတ်ကပ် မေဦး၊ မေတိုးခိုင်၊ ဒေါက်တာ မြဝတ်ရည်၊ မေဇွန်ဝင်း၊ ဖြိုးဖြိုးအောင်၊ ဒေါက်တာ သူရိန်လှိုင်ဝင်း၊

ဇင်သော်နိုင်နဲ့ Kwee La Min တို့ကိုလည်း ပုဒ်မ ၅၀၅ (က ) နဲ့ အမှုဖွင့်ထားလို့ MRTV နဲ့ မြဝတီကနေ ကြေညာထားပါတယ်

အမှုဖွင့်ခံရသူတွေကတော့ လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုပြီး နိုင်ငံတော် အုပ်ချုပ်မှုယန္တရားပျက်ပြားစေဖို့

ရည်ရွယ်ချက်နဲ့ နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်စေဖို့လှုံ့ဆော်တာ၊ CRPHကို

ထောက်ခံတာ စတာတွေကြောင့် အမှုဖွင့်အရေးယူတာလို့ ဆိုပါတယ်။

#AyeyarwaddyTimes