News

လူရႊင္ေတာ္ ဇာဂနာ ဒီေန႔ ဧၿပီ ၆ ရက္မနက္ပိုင္းမွာ ဖမ္းဆီးခံရ

လူရႊင္ေတာ္ ဇာဂနာ ဖမ္းဆီးခံရ

လူရႊင္ေတာ္ သ႐ုပ္ေဆာင္ ဇာဂနာ ဒီေန႔ ဧၿပီ ၆ ရက္မနက္ပိုင္းမွာ တာေမြၿမိဳ့နယ္မွာ ဖမ္းဆီးခံရေၾကာင္း

သူနဲ႔ရင္းႏွီးတဲ့ လူရႊင္ေတာ္ငွက္ေပ်ာေၾကာ္က သူ႔ရဲ့ လူမွုကြန္ရက္မွာ ေရးသားထားပါတယ္။

တာေမြၿမိဳ့နယ္၊ ၁၆၆ လမ္းမွာ ဖမ္းဆီးခံရတာျဖစ္တယ္လို့လည္း ပို့စ္က ေရးသားထားပါတယ္။

ဒါ့အျပင္ လူရႊင္ေတာ္တခ်ိဳ့ကလည္း ဇာဂနာဖမ္းဆီးခံရတယ္လို့ လူမွုကြန္ရက္မွာေရးသားထားပါတယ္။

စစ္ေကာင္စီက နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမွု ပုဒ္မ ၅၀၅ (က) နဲ႔ စာေပ၊ ဂီတ၊ ႐ုပ္ရွင္၊

သတင္းမီဒီယာကပုဂၢိိုလ္တခ်ိဳ့အပါအဝင္ ထင္ရွားေက်ာ္ၾကားသူေပါင္း ၇၀ ခန႔္ကို အမွုဖြင့္တရားစြဲထားၿပီး

ထုတ္ျပန္ထားသေလာက္ စာရင္းေတြထဲမွာ ဇာဂနာ ကို ထည့္သြင္းေဖာ္ျပထားတာေတာ့မေတြ႕ရေသးပါဘူး။

ဇာဂနာဟာ ၈၈ အလြန္စစ္အစိုးရလက္ထက္နဲ႔ ၂၀၀၇ ေရႊဝါေရာင္ေတာ္လွန္ေရးကာလေတြမွာ နိုင္ငံေရးလွုပ္ရွားမွုေတြေၾကာင့္

ဖမ္းဆီးခံခဲ့ရၿပီး ၂၀၀၇ မွာ အီလက္ထေရာနစ္ဆက္သြယ္ေရးပုဒ္မေတြအပါအဝင္ နိုင္ငံေရးပုဒ္မေတြနဲ႔တရားစြဲဆိုခံရၿပီး

ေထာင္ႏွစ္ရွည္က်ခံခဲ့ရကာ ၂၀၁၂ ခုႏွစ္ ေအာက္တိုဘာလမွာ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။

လက္ရွိ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ေဖေဖာ္ဝါရီ ၁ ရက္ကစလို့ ပုဒ္မ ၅၀၅ (က)နဲ႔ အမွုဖြင့္ထားတဲ့ အႏုပညာရွင္နဲ

႔ ထင္ရွားေက်ာ္ၾကားသူေတြထဲမွာ သ႐ုပ္ေဆာင္လူမင္းက အေစာဆုံးဖမ္းဆီးခံထားရတာျဖစ္ၿပီး

သ႐ုပ္ေဆာင္ရဲတိုက္ကေတာ့ ဧၿပီ ၄ ရက္ေန႔က သမိုင္းၿမိဳ့နယ္ထဲမွာ ဖမ္းဆီးခံထားရပါတယ္။

အဲဒီေနာက္ သတင္းမီဒီယာနယ္ပယ္ထဲကဆိုရင္ ျမန္မာပို့စ္ သတင္းဂ်ာနယ္က အယ္ဒီတာ

ကိုဇင္ေသာ္နိုင္လည္း ဗိုလ္တေထာင္ၿမိဳ့နယ္ထဲမွာ ဖမ္းဆီးခံထားရပါတယ္။

BBC

unicode

လူရွှင်တော် ဇာဂနာ ဖမ်းဆီးခံရ

လူရွှင်တော် သရုပ်ဆောင် ဇာဂနာ ဒီနေ့ ဧပြီ ၆ ရက်မနက်ပိုင်းမှာ တာမွေမြို့နယ်မှာ ဖမ်းဆီးခံရကြောင်း

သူနဲ့ရင်းနှီးတဲ့ လူရွှင်တော်ငှက်ပျောကြော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

တာမွေမြို့နယ်၊ ၁၆၆ လမ်းမှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့လည်း ပို့စ်က ရေးသားထားပါတယ်။

ဒါ့အပြင် လူရွှင်တော်တချို့ကလည်း ဇာဂနာဖမ်းဆီးခံရတယ်လို့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊

သတင်းမီဒီယာကပုဂ္ဂိုလ်တချို့အပါအဝင် ထင်ရှားကျော်ကြားသူပေါင်း ၇၀ ခန့်ကို အမှုဖွင့်တရားစွဲထားပြီး

ထုတ်ပြန်ထားသလောက် စာရင်းတွေထဲမှာ ဇာဂနာ ကို ထည့်သွင်းဖော်ပြထားတာတော့မတွေ့ရသေးပါဘူး။

ဇာဂနာဟာ ၈၈ အလွန်စစ်အစိုးရလက်ထက်နဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလတွေမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်

ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၇ မှာ အီလက်ထရောနစ်ဆက်သွယ်ရေးပုဒ်မတွေအပါအဝင် နိုင်ငံရေးပုဒ်မတွေနဲ့တရားစွဲဆိုခံရပြီး

ထောင်နှစ်ရှည်ကျခံခဲ့ရကာ ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

လက်ရှိ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီ ၁ ရက်ကစလို့ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားတဲ့ အနုပညာရှင်နဲ

့ ထင်ရှားကျော်ကြားသူတွေထဲမှာ သရုပ်ဆောင်လူမင်းက အစောဆုံးဖမ်းဆီးခံထားရတာဖြစ်ပြီး

သရုပ်ဆောင်ရဲတိုက်ကတော့ ဧပြီ ၄ ရက်နေ့က သမိုင်းမြို့နယ်ထဲမှာ ဖမ်းဆီးခံထားရပါတယ်။

အဲဒီနောက် သတင်းမီဒီယာနယ်ပယ်ထဲကဆိုရင် မြန်မာပို့စ် သတင်းဂျာနယ်က အယ်ဒီတာ

ကိုဇင်သော်နိုင်လည်း ဗိုလ်တထောင်မြို့နယ်ထဲမှာ ဖမ်းဆီးခံထားရပါတယ်။

BBC