News



ဧပြီ ၊ ၅ ရက်













#MyanmarLabourNews

unicode

သပိတ်ဦးဆောင်သူကိုမမိလို့၂နှစ်အရွယ်ကလေးအပါအဝင်မိသားစုဝင်ခြောက်ဦးကိုစစ်ကောင်စီတပ်တွေဓားစာခံအနေနဲ့ဖမ်းဆီးသွား

ဧပြီ ၊ ၅ ရက်

ဒီကနေ့မနက်ပိုင်း ၅ နာရီခွဲဝန်းကျင်လောက်က ပဲခူးမြို့မှတိုက်ကြီးမြို့ကိုထွက်ခွာလာတဲ့ Light Truck ပေါ်မှာပါရှိတဲ့

၂ နှစ်အရွယ် ကလေးတဦးအပါဝင် ကလေးအရွယ်သုံးဦးနဲ့အမျိုးသမီးနှစ်ဦးအမျိုးသားသုံးဦးကိုစစ်ကောင်စီတပ်တွေက

သုံးဆယ်မြို့အလယ်ကုန်းအနီးမှာဖမ်းဆီးသွားတယ်လို့သိရပါတယ်။

ဖမ်းဆီးခံထားရသူတွေမှာ သာယာဝတီ စစ်အာဏာရှင်န့်ကျင်ရေးသပိတ်မှာဦးဆောင်သူအနေနဲ့ပါဝင်ခဲ့လို့စစ်ကောင်စီက

ပုဒ်မ ၂၅ နဲ့ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကိုဂျာလေးဆိုသူရဲ့မိသားစုဝင်တွေဖြစ်တယ်လို့

ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တဦးကအတည်ပြုပါတယ်။

စစ်ကောင်စီတပ်တွေကဖမ်းဆီးသွားသူတွေမှာ ကိုဂျာလေးရဲ့ သမီး အလင်္ကာ (4)နှစ်၊

တူမဖြစ်သူ apple (2)နှစ်ခွဲ၊

ယောက်ဖ အငယ်ဆုံး ဖိုးစံ (13)နှစ်၊

မရီး မဘိုမ apple ရဲ့အမေ၊

ယောက်ဖ ကိုသက်နိုင်ဦးနဲ့

ယောက်ခမ ဖြစ်သူ ဒေါ်ခင်ဌေးကြည်တို့ဖြစ်တယ်လို့လဲသိရပါတယ်။

#MyanmarLabourNews