News

လားရှိုးမှာ လူငယ် ၃ ဦး ထပ်မံ ဖမ်းဆီးခံရပြီး မိသားစုနဲ့ အဆက်အသွယ် မရ

လားရှိုးမှာ လူငယ် ၃ ဦး ထပ်မံ ဖမ်းဆီးခံရပြီး မိသားစုနဲ့ အဆက်အသွယ် မရ

ရွှေဖီမြေ၊ ဧပြီလ ၅ ရက်၊ လားရှိုး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၅၊ ၆၊ ၇ က လူငယ် ၃ ဦး ဧပြီလ ၃ ရက်

မွန်းလွဲ ၂ နာရီဝန်းကျင်မှာ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရဖြစ်နေပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဟာ မောင်ခန့်မျိုးကျော် (၁၈ နှစ်)၊ Oak Nwe

(၁၉ နှစ်)နဲ့ မချယ်ရီကျော်သင်း (၂၁ နှစ်)တို့ပဲ ဖြစ်ပါတယ်။

မောင်ခန့်မျိုးကျော်ရဲ့ နီးစပ်သူက “သူတို့ဆီ ဖုန်းလည်း ဆက်မရဘူး။ လိုင်းပေါ် သတင်းတက်လာတော့

သူတို့ သုံးယောက်ဖမ်းခံရတယ်ဆိုပြီးတက်လာမှ ကျနော်တို့ ရဲစခန်းတွေမှာ ချက်ချင်းသွားရှာတာ” လို့ ပြောပါတယ်။

ဖမ်းခံရတဲ့နေ့ဟာ စစ်ကောင်စီတပ်၊ ရဲနဲ့ အရပ်ဝတ်တွေအပါအဝင် လာရောက်ဖမ်းဆီးခဲ့တယ်လို့

ပတ်ဝန်းကျင်ရှိ မျက်မြင်တွေက ပြောတယ်လို့ ၎င်းကဆိုပါတယ်။

ရဲစခန်းနဲ့ အကျဉ်းထောင်မှာ လိုက်လံစုံစမ်းမေးမြန်းခဲ့ပေမဲ့လည်း သူတို့ ၃ ဦးကို မတွေ့ဘူးလို့ သိရပါတယ်။

#လူငယ် #ဖမ်းဆီးခံရ #လားရှိုး

#ဓာတ်ပုံ- CJ (ဧပြီလ ၃ ရက် နေ့လယ်က ဖမ်းဆီးခံရသူ လူငယ် ၃ ဦး)

zawgyi

လားရႈိးမွာ လူငယ္ ၃ ဦး ထပ္မံ ဖမ္းဆီးခံရၿပီး မိသားစုနဲ႔ အဆက္အသြယ္ မရ

ေ႐ႊဖီေျမ၊ ဧၿပီလ ၅ ရက္၊ လားရႈိး

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕ ရပ္ကြက္ ၅၊ ၆၊ ၇ က လူငယ္ ၃ ဦး ဧၿပီလ ၃ ရက္

မြန္းလြဲ ၂ နာရီဝန္းက်င္မွာ ဖမ္းဆီးေခၚေဆာင္သြားခံခဲ့ရၿပီး မိသားစုဝင္ေတြနဲ႔ အဆက္အသြယ္မရျဖစ္ေနပါတယ္။

ဖမ္းဆီးေခၚေဆာင္ခံရသူေတြဟာ ေမာင္ခန႔္မ်ိဳးေက်ာ္ (၁၈ ႏွစ္)၊ Oak Nwe

(၁၉ ႏွစ္)နဲ႔ မခ်ယ္ရီေက်ာ္သင္း (၂၁ ႏွစ္)တို႔ပဲ ျဖစ္ပါတယ္။

ေမာင္ခန႔္မ်ိဳးေက်ာ္ရဲ႕ နီးစပ္သူက “သူတို႔ဆီ ဖုန္းလည္း ဆက္မရဘူး။ လိုင္းေပၚ သတင္းတက္လာေတာ့

သူတို႔ သုံးေယာက္ဖမ္းခံရတယ္ဆိုၿပီးတက္လာမွ က်ေနာ္တို႔ ရဲစခန္းေတြမွာ ခ်က္ခ်င္းသြားရွာတာ” လို႔ ေျပာပါတယ္။

ဖမ္းခံရတဲ့ေန႔ဟာ စစ္ေကာင္စီတပ္၊ ရဲနဲ႔ အရပ္ဝတ္ေတြအပါအဝင္ လာေရာက္ဖမ္းဆီးခဲ့တယ္လို႔

ပတ္ဝန္းက်င္ရွိ မ်က္ျမင္ေတြက ေျပာတယ္လို႔ ၎ကဆိုပါတယ္။

ရဲစခန္းနဲ႔ အက်ဥ္းေထာင္မွာ လိုက္လံစုံစမ္းေမးျမန္းခဲ့ေပမဲ့လည္း သူတို႔ ၃ ဦးကို မေတြ႕ဘူးလို႔ သိရပါတယ္။

#လူငယ္ #ဖမ္းဆီးခံရ #လားရႈိး

#ဓာတ္ပုံ- CJ (ဧၿပီလ ၃ ရက္ ေန႔လယ္က ဖမ္းဆီးခံရသူ လူငယ္ ၃ ဦး)